Monday, October 12, 2020

မတိုင်မီ....
ကြည်ညိုဖွယ် မျက်နှာဖုံးများ 
မစားရဝခမန်း ကတိ
ဖော်ရွေသော   မက်လုံးများ
ပေါပေါသီသီ လှိုက်လှိုက်လှဲလှဲ
ကောင်းနိုးရာရာ ခါတော်မှီ
စံနစ်အသစ် အသစ် 
နတ်ရေကန် နှုတ်ခမ်းဝ 
နေချင်းမွေး
ညချင်းကြီး။

တကွက်ကျန် ဒဿနများ
အပူဇော်ခံ စည်းမျည်း
ယောင်းကိုင်းသော ပရဟိတ
လွတ်လွတ်လပ်လပ် မက်မက်ယှက်ယှက်
ဟုတ်နိုးရာရာ ခါတော်မှီ
ဘဝအသစ် အသစ်
နတ်ရေကန် နှုတ်ခမ်းဝ.
နေ့ချင်းမွေး
ညချင်းကြီး။

ပြီးနောက်.....
အမေ့ခံ နှလုံးသားများ
အဖိနှိပ်ခံ အက်ကြောင်း
ပွတ်တိုက်ခံ အပွန်းအဆင်းများ
မျှော်တလင့်လင့် ရင်တဖိုဖို
အခါခါလွန် အခါလွန် 
ဘဝ အသစ် အသစ်
နောင်တတွင်း နက်နက်
ကသောင်းကနင်း
နေ့ချင်း.
ညချင်း
ဆင်း....။

စိုင်းရန်နိုင် (ပြည်)
13.10.2020(9:25AM)


Saturday, October 3, 2020

တစ်နေ့...

တစ်နေ့....😴😴😴😴

သဘာဝရဲ့ ပဥ္စလက်ဆန်ဆန်အတတ်တွေမှာ
ကပ်ဆိုးရဲ့ ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်မှု့က
သက္ကရာဇ်ရဲ့ အလိုကျအတိုင်း
ရက်စွဲတွေထဲ ဦးစိုက်လို့ဆင်း
အထိမ်းအကွပ် မဲ့သွားတဲ့ဘဝတွေက
တည်ငြိမ်မှု့ ကသောကမျောနဲ့ 
အရိပ်မဲ့ ဝပ်ကျင်းထဲမှာတင်
မင်းတို့..ငါ့တို့တတွေဟာ
အတော်အိုဇာလာပြီပေါ့...။

ရုတ်ရုတ်သဲသဲ
ပရမ်းပတာ ထိုးနှက်ထုဆစ်လာတဲ့ 
ညည်းတွားခြင်းတွေကြောင့် 
အိပ်မက်ချိုချိုဟာ 
တောက်တခေါက်ခေါက်နဲ့ 
အနာဂါတ်တွေဟာ
ရိုက်ပုတ်ရပ်တန့်ခံနေရသလို
ကားလိပ်ချနိုးနိုး မျှော်လင့်ချက်က
ငိုတဝက် ရယ်တဝက်နဲ့ 
မနက်ခင်းတိုင်းဟာ
နေထွက်ရာ ကျောခိုင်း
နေဝင်ဖို့ချည်းကြိုးစားသွားခဲ့ကြပြီ။

စိတ်ယားယံသမျှကို
သွယ်ဝိုက်စွာ မှောက်မှားကြတဲ့ အတ္တနဲ့ 
သောကနဲ့ ဒုက္ခကြား ငေါထွက်ပြနေတဲ့ 
ဆာလောင်တပ်မက်မှု့ တွေက
သက်တန့်တွေလို ပြိုင်တူကွေးပြီး 
အရောင်ကွဲလို့ ကောင်းတုန်းဆို
သတ်ပုံမမှန်တဲ့ ဝါကျအဆုံးမှာ 
ဒုက္ခတွေအတွက် 
မျက်ရည် နဲ့သွေးက လမ်းခင်းဖို့ 
အဖြည့်ခံသက်သက်ပဲဖြစ်လိမ့်မယ်။

ခဏလေးပါပဲ
စိတ်ခွပ်သမျှ မြိုသိပ်
အတွေ့အထိ တဒင်္ဂ
ရင်တစ်ခုန်စာလောက်ကို နှလုံးသားအပေါ် 
ခဏတာထိုးစိုက်သင့် ထိုးစိုက်
မေတ္တာအပြည့်နဲ့ 
ခပ်စိမ်းစိမ်း ကြည့်နေရတဲ့ 
ကမ္ဘာ့ ပြဿဒါးနေ့ရက်တွေ လုပ်ကြံခံရတဲ့
တစ်နေ့...
မနက်ခင်းအသစ်စက်စက်  ချွတ်လဲ
အမုန်းတွေခွာထုတ်ပြီး
မေတ္တာတွေအတူတူဖဲ့စားကြမယ်။

စိုင်းရန်နိုင် (ပြည်)
(3.10.2020)7:33 PM
Stay home ရင်းရေးသည်
လွန်ခဲ့သော ၇နှစ်က က​ပြာကယာ😁😁


Saturday, October 15, 2016

မိုးတွေရွာနေတယ် အေတြးမ်ား



မိုးတွေရွာနေတယ် အေတြးမ်ား



မိုးရေတွေအောက်မွာ မီးဖိုဟောင်းကြီး အေးဆေးပါပဲ
အေးဆေးပါပဲ 
ဂျိမ်းစဘွန်းတွေအေးဆေးသလိုမျိုး
ဂျိမ်စဘွန်းတွေအကုန်ပေါင်းပြီး အေးဆေးထားသလိုမျိုး 
လူတိုင်းဟာ ဂျိမ်းစ်ဘွန်းဖြစ်နိုင်တယ်မို့လား
ကြောင်လေးကွေးပြီးအိပ်နေပုံက ဝေလငါးကြီးအစားရခက်နေတဲ့အိပ်မက်နဲ့ သူ့သေခြင်းတရားကိုသတိမထားမိပုံ
ရေမခြောက်သေးတဲ့အဝတ်တွေတအိမ်လုံးပြည့် တန်းတွေပေါ်
ရုပ်မြင်သံကြားအစီစဉ်ထဲမွာ မိုးရွာနေတယ်
ငါ့အိမ်ခေါင်မိုးပေါ်မိုးရွာနေတယ်
အမိုးအကာအောက်မွာ စိတ်ကအဝေးရောက်နေလို့ ငူငူငိုင်ငိုင်
အေဝး သိပ်မဝေးပေမယ့် ဝေးနေရတဲ့အဝေး
တနေရာမှာကော်ဖီစေ့လှော်တွေကိုကြိတ်နေကြလ့ိမ်မယ်
တချို့နေရာတွေနေသာချင်သာမွာပေါ့
ငါ့ရဲ့အိစံမ အိစံမ ဖုန်းတလုံးနဲ့ထမင်းဟင်းချက်နေတဲ့ ဲ့မင်းအလွမ်းက
ငါ့စိတ္ကို ခွေးပေါက်စလေးလိုခုန်ပေါက်မြူးးတူးစေတယ်
တယောက်ကိုယ်တယောက် ငါတို့ကလေးလေးတွေလို
တယောက်ကိုယ်တယောက်စိုးရိမ် စိုးရိမ်စရာခေတ်ကြီးမို့လား
အိစံမရယ် စိုးရိမ်တယ်
အိစံမရယ် မင်းကလွဲ ငါအနည်ထိုင်ပြီ
စိတ်ချနော် အိစံမ
စိတ်ချမယ်နော်အိစံမ 
လေထဲက မင်းအသံဝဲဝဲလေး ငါလိုက်ဖမ်းနေတဲ့လိပ်ပြာလေးတွေ
ငါ့မြို့လေးမှာမင်းလွင့်ကျန်ခဲ့တဲ့ကိုယ်သင်းရနံ့တွေနဲ့မွှေးနေတယ်
နောက်ဆုံးနုတ်ဆက်နေတဲ့မိုးရေစက်တွေကြား ငါမင်းကိုအော်ခေါ်မိနေ အိစံမေရ မိုးတွေရွာနေတယ်
ကမ်ဘာကြီးတခုလုံးပေါ်က ဂြိုလ်တုတစ်လုံးငါဖြစ်ကြည့်ချင်မိ့
ကစားကွင်းမရှိတဲ့တချို့ကလေးတွေ လမ်းကြို့လမ်းကြားထဲ
ဘောလုံးကန်နေကြတာ ကမ်ဘာကြီးအတွက်
တချိန်မွာ ကမ်ဘာကျော်ကွင်းကြီးတွေထဲ ပရိတ်သတ်သန်းပေါင်းများစွာအတွက်
အဲ့ဒီအရပ်ကိုမိုးရွာပေးလိုက်စမ်း
လိုတာထက်ပိုနေတဲ့ရေတွေ အဲ့ဒီ့အရပ်ဆီအငွေ့ပျံပေးပါ
ဒီမြာ မြေသားနဲ့အဝတ်အထည်တွေခြောက်ဖို့လိုတယ်
စိုပြီးသားလက်တွေ မခြောက်ရဘူးလို့အမေကပြောတယ်
အခုသူမရှိတော့ဘူးလေ က်နော့်အမေ အမေပြုံးလိုက်ရင်
မဲ့ကေလးက ပန်းတွေပွင့်သလိုပဲ အဲ့ဒီ့မဲ့လေးကို ရေဒီယိုဖွင့်သလိုလှည့်ဖွင့်ရင် လ်ဘက်ရည်ဖိုးတွေထွက်လာခဲ့ဖူးတယ်
အခုတော့ အကုန်ရွေ့ အကုန်လြဲ
လူရော တိမ်တွေရော နေရာလွဲနေပါလား
ဝီစကီတွေဘက်က တွေးကြည့်တော့လဲ ငါမြားတာပဲ
ပုလင်းထဲမှာငါးမဟုတ်ဘာမဟုတ် အလြေမြးထားမ့ိသလို
ကျောက်တုံးလေး ငါ့လက်မှတ်ထိုးထားတဲ့အမှတ်တရကျောက်တုံးလေး မင်းမျက်နှာငယ်ရှာပေလိမ့်မယ် ဒါလဲအမွတ္တရပါပဲ
ငါပဲမွားနေတာ မင်းဘက်ကကြည့်တော့ ငါ့လြဲချော်မှုတွေက
အတော့်ကိုလွဲခဲ့တယ် 
လွဲခဲ့ကြပြီ တည့်တည့်ကြီးကိုလွဲခဲ့တယ်
လွဲချော်သွားတဲ့အဝေးပြေးကားတွေ
ရထားဆိုက်မရတဲ့ ကြားဘူတာရုံအဟောင်းလေး
လွဲလွဲချော်ချော် ကျန်ခဲ့ 
ဘာတွေဆက်ဖြစ်လာမလဲ မသိချင်တော့ပါဘူး
နေသာတဲ့လမ်းကလေးအတိုင်း ငါ့ချစ်မေတ္တာနေကြာပန်းတွေတရွေ့ရွေ့
ခ်စ္တာပဲ စစ်ဖြစ်နေတာမဟုတ်ဘူး 
ခ်စ္တာပဲ ဘယ်သူ့ အိမ်ကိုအာပီဂျီနဲ့ထုနေလို့လဲ
မီးခိုးတိတ် လွမ်းကြမယ်အချစ်ရယ်
ကမ်ဘာကြီးအတွက် မီးခိုးတိတ်ပေးကြမယ်
တိတ်ပါ မိုးတိတ်ပါ မျက်ရည်တွေတိတ်ပါ
မျက်မုန်းကျိုးမှုတွေ ဒေါသဗေဒတွေ တိတ်ကြစမ်း
မနာလိုမှုတွေသိပ်များရင် အသိဉာဏ်ကွယ်တတ်တယ်
တိတ်ကြ မနာလိုဖုန်ထမှုတွေ 
ဒေါသတွေ ဒီနှစ်ခုတိတ်ခြင်းဟာ နိဗ္ဗာန်တစ်ခုပေါ်လာခြင်းပဲ
စစ်ဖြစ်နေတဲ့ကမ်ဘာကြီးမှာ နင့်ကိုအချစ်ဆုံးပါ အိစံမ ။ ။

ခိုင်သစ်
3,October, 2016

Friday, February 20, 2015

အက်ကြောင်းဆက်


အဲ့..ညက
ကာရန်မညီတဲ့ အတွေးတွေ နွမ်းလျလို့
နှလုံးသားကိုတိတ်ဆိတ်ကြည့်လိုက်တော့
အာရုံကို ရင်တစ်ခုန်စာလောက်တောင် အိပ်မွေ့မချနိုင်ခဲ့ဘူး
ငါ..မှားခဲ့သလား 
မှန်ခဲ့သလား 
ငါ့ ကို ငါ မခွဲခြားနိုင်ခင်မှာပဲ
အသဲကွဲပါပြီလို့ပဲ အမည်လှလှလေးတပ်ပေးလိုက်မိတယ်
အားးးးးး
အငြိုးတကြီး
အခ်စ္ဆိုတာ ဆွဲငင်တတ်ပြီး
ပြန်ကန်ထွက်လာတဲ့တွန်းကန်အားတိုင်းဟာ
ရင်ဘတ်ထဲထိ ဝင်ဆောင့််ပစ်လိုက်တော့လဲ
ခံစားခ်က္ကို ငါ့..စိတ်ယားယံသရွေ့ 
မျက်ရည်ရုပ်ကြွင်းအဖြစ် လှိမ့်ဆင်းပစ်ခဲ့တယ်.....
အလွမ်းသင့်ဖို့
ရင်ဘတ်ထဲပြသချိန်တွေ တိုးသထက္တိုးလာ
မျက်ရည်တွေတောင့်ခဲသွားလောက်အောင်
မျှော်လင့်ချက်တွေက 
ဖောက်!!!!..
ကနဲပေါက်ကွဲထွက်သွားတယ်
နှလုံးသားတခုလုံး အက်ကွဲသံတွေ ပဲ့တင်ထပ်လို့ပေါ့..
အချစ်ရေ!!!!
အချစ်ရေ!!!! .......လို့
တစ်ယောက်ကိုတစ်ယောက်အော်မခေါ်မိအောင်
တစ်ယောက်မျက်နှာတစ်ယောက် မော်မကြည့်ခဲ့ကြဘူး
ရင်ဘတ်ချင်းအပ်လို့ 
နှလုံးသားပေါ် ဘယ္လို စကားလုံးမျိုး ပုံအပ်ခဲ့လဲ
ကိုယ့်ဝါဒကိုယ် အတ္တပေါ်တင်သွေးရင်း
ကိုယ္မာန ကိုယ်အမွမ်းတင်
ကိုယ္ဘူတာ ကို်ယ်ထိုးစိုက်လိုက်ကြတော့တာပဲလေ..
မစိမ်းလန်းဘူး
ဂယက်လှိုင်းတွေထနေသရွေ့ပေါ့
အချစ်မရှိတဲ့ ငါ့ကမ္ဘာငယ်လေးကခါးသက်လွန်းလို့
လေးလံဆဲ အတွေးတွေနဲ့ 
တင်းမာမိသမျှ စိတ်ကိုလျှော့ချပစ်ရင်း
အချစ်ဆုံးရေ.....
အလွမ်းတွေပန်ထားတဲ့ ကောင်းကင်ကို 
တို့ချစ်ခြင်းတွေနဲ့လွှမ်းခြုံပစ်လိုက်ချင်ပြီဆိုတာ.....


                                   စစ်သွေးညို (21.2.2015) 4:04 AM

ကစဥ့်ကလျား [ ၄]


 သူပါးပြင် သနပ်ခါး ဖွေးဖွေးလေးဟာ
နွေးထွေးတဲ့လွင်ပြင်တခုပဲ
ဟုတ်မှာပါ အခ်စ္ဆိုတာ ရေရွဲရွဲလောင်းထားတဲ့
ပန်းခင်းကလေး
ဟုတ်မှာပါ ကိုလာပုလင်းလေးဟာ ရှတတသိမှုတခုဆီ
စမ်းသပ်ချက်အရ နွားရိုင်းဟာ အနီရောင်ကိုမမြင်ရဘူး
သေနတ်ကျည်ဆန်ဟာ ရေမော်လီကျုးကို
မကျော်နိုင်ဘူး
ဟော်မုန်းတမျိုးအရ မိန်းမတွေဟာနာကျင်မှုကို
ပိုခံနိင်တယ်
ပြတ်သွားဖူးတဲ့ဖိနပ်ကလေးတွေကို ပြန်တွေးမိ့တဲ့အခါ
အခန်းထဲ မီးခြစ်ကလေးကို အကြောင်းမဲ့ခြစ်နေ
သက်ပြင်းတွေ ပြတင်းပေါက်က ထွက်ပြေးတယ်ွ
တက်တူးတွေဟာ ရိုးမြေကျ ကိုယ်နဲ့မကွာတွယ်ကပ်လို့
ခင်များသူ့ပေါ် တက္တူးတခုလို ချစ်ပါ
ငှက်ကလေးနဲ့စကားပြောကြည့်တော့
ကမ်ဘာကြီးဟာ
သစ်ပင်တွေကြောင့် ပျော်ရွှင့်ခွင့်ရတဲ့ ပုံပြင်တဲ့
ကားတစီးအတိုင်းနေရင် ပွန်းပဲ့လွယ်တယ်
အုတ်ကြားမြက်လို ဒါဏ်ရာတွေမှာအသားကျ
ဒီလိုပါပဲ ဘဝဆိုတာ ဘာညာ 
ဒီတိုင်းပါပဲ အချိန်မတန်သေးခင် တချို့အရာတွေဟာပုန်းနေတတ်တာ
မလိုအပ်ချက်တွေဟာ ဖုန်ထလွယ်
ဒီအကြောင်းကြားရတာ စိတ်ကိုပုရွက်ဆိတ်ကိုက်တယ်
ပုရွက်ဆိတ်တွေရဲ့သမိုင်းဟာ တကောင်ချင်းရေးလို့မရသလိုပဲ
ခေတ်ရဲ့တောင်းဆိုမှုအရ နေရာတိုင်းမှာလုကပ်ထားတဲ့ ဲ့ကြော်ငြာတွေ
ဒါ ပျော်စရာ စိုက်ခင်းတခုပါ
ကျုပ်တို့ ပိုးဟပ်တွေလို နေထိုင်လို့လဲဖြစ်တာပဲ
စတော်ဘယ်ရီရဲ့အရသာထက် သူ့အသွေးအရောင်က
ပိုပြီး ခံတွင်းလိုက်တယ်လို့ ဒင်းကပြောတယ်
ကိုယ့်အလိုအရ
ကြားဖူးနားဝထဲမှာ ဧဒင်ဥယျာဉ်ကို အကြိုက်ဆံးုပဲ
မြောက်ကျွန်းသူနဲ့့ ကျောက်မျက်မီးအလင်းရောင်တွေ 
သိပ်လှတဲ့ ဒဏ္႑ာရီထဲက နတ်မိမယ်တွေ 
အစီစဉ်အရ စီးကရက်ဗူးခွံထဲထည့်ထားမယ်
ဒါဟာ မသောက်ဖြစ်သေးတဲ့ မီးခိုးတွေပဲ
ခေါင်းကိုမော့ကြည့်တော့ ငေးမှိုင်နေတဲ့ဓါတ်တိုင်နဲ့
ငိုညီးနေတဲ့ဓါတ်ကြိုးတွေ
ခေါင်းကိုငုံ့ကြည့်တော့ ခြေရာဟောင်းတချို့ဟာ
တက်ကြွနေကြရဲ့။။


ခိုင်သစ်
February, 12,2015

လေတွေ


 စီးကရက်ကိုမီးညှိပြီးနောက် လေတွေ ရောက်လာ
 မျော်လင့်စရာလေတွေပဲရှိလို့့လေတွေရေ ငါ့ကိုနမ်းပါ
 ဧည့်ခံစရာ စီးကရက်ပဲရှိလို လေတွေရေ သောက်ပါ။
 လေတွေရေ နေကောင်းလား 
 လေတွေရေ မင်းလက်တွေက အေးတယ်
 လေတွေရေ သစ်သီးတွေကို လှုပ်ခဲ့ပါ
  အုတ်တံတိုင်းတွေကို ကျော်တက်ပါ
 လေတွေရေ အိပ်ရေးဝရဲ့လား
 လေတွေရေ ချွေးစက်များကိုခြောက်သွေ့စွာ
 လေတွေရေ ချောင်းရေကြည်မှာမျက်နှာသစ်ပါ
 လေတွေရေ. သီချင်းများများ 
 စကားနဲနဲ ဆိုပါ
 လေတွေရေ ကျောက်တောင်ကြီးကိုတက်ခဲ့
 ရီယိုတောင်ထွတ်က ခရာဇ်တော်နဲ့ တွေခဲ့ပါ
 လေတွေရေ ဒါဏ်ရာတွေကို သွေ့နိုင်မလား
 မီးတောက်များကိုကွင်းရှောင်ပါ 
 လေတွေရေ ကော်ဖီနံ့မပါသောနေ့လည်ခင်းထဲ
 မြက်ချောက်နံ့တွေကျဲခဲ့ပါ
 လေတွေရေ တဟီတီကျွန်းကိုရောက်ရင်
 လူတေယာက္က သတိတရရှိပါတယ်လိ့ု
 လေတွေရေ ပါရီမြို့ကြီးနဲ့တွေ့ရင် နောင်ဘဝကြဆက်ဆက်ဆုံမယ်လိ့ု
 လေတွေရေ ဒီထက်တော့အရမ်းပိုမတိုက်နဲ့
 လေတွေရေ လွတ်လပ်မှုကိုအားကျတယ်
 ငါမျော်လင့်စရာ လေတွေပဲရှိလို့
 ပြောင်းခင်းများကိုနမ်းသလို
 ငါ့ကိုအရမ်းနမ်းလှည့်ပါ လေတွေ ။ ။


 ခိုင်သစ်
 February, 14,2015

Sunday, May 25, 2014

ဖြစ်နိုင်ရင် သူမ အနမ်းနဲ့ မီးတောက်တွေကြားမှာ ပျော်ရွှင်စွာ ရူးသွပ်ပြလိုက်မယ်

လူတွေဟာ လွတ်ရာကျွတ်ရာကို ပြေးလွှားနေပေမယ့်
သမိုင်းထဲက စာရွက်လေးကတော့ လူတွေနဲ့ ေ၀းရာကိုပဲ ပြေးတယ်
အခြေအနေဟာ ဖန်တီးယူလို့ မရတော့တဲ့ အချိန်ကာလ တစ္ခုကို ဖြတ်သန်းနေတယ်
ကျိန်ဆာသင့်ခံထားရတဲ့ မြို့ငယ်ဟာတော့ လှပတဲ့၀ဋ်တွေ ကုန်ဆုံး စေခဲ့တော့တယ်
မီးဖွားတွေဟာ လေနဲ့အတူ မြို့ငယ်ကို ရောထွေးမွှေ့ရမ်း ပစ်နေတယ်
အကူအညီတွေ နားလည် စာနာမှုတွေဟာ ဒီနေရာမှာ ဘာတစ္ခုမွ အသုံးမတည့်ဘူး
ဖြစ်နိုင်ရင် ဘာမွ မဖြစ်ချင်တော့ လောက်အောင်ကို လူတွေရဲ့ ဆာလောင်မှုဟာ ရပ်တန့်ကုန်တယ်
တစ်ခုတည်းပေါ် အခြေခံထားတဲ့ စိတ် ဟာ အသက်ရှင်ဖို့
ဘာတွေကို ဘယ္လို ဖန်တီးခဲ့ ဖန်တီးခဲ့ နောက်ဆုံး အဖြေကတော့ သေဆုံးဖို့

အငြိုးတကြီးနဲ့ အရှိန်အဟုန်ပြင်းပြင်း ထွက်ကျလာတဲ့ မီးခဲတွေဟာ
ဘာတစ္ခုကိုမွ ရှင်သန်ခွင့် မပေးခဲ့ဘူး
ကိုယ့်သေတွင်း ကိုယ်တူးတာထက် ပိုပြီးလွယ်ကူ သက်သာစေနိုင်တဲ့
အေနထားတစ္ခုမွာ အားလုံးရောက်ရှိနေတယ်

ကံကြမ္မာနဲ့ အချိန်ဟာ ထပ်တူပြု မိတ်ဖွဲ့နေတယ်
ရှင်သန်မှုတွေဟာ ဒီနေရာမှာ တကယ် မရှိတော့ဘူးလို့တောင် ထင်ရတယ်
လူသတ်ကွင်းထဲက လူတွေ ပွက်ပွက်ဆူနေတဲ့ ရေအိုင်ကြီးထဲက လှေတွေ
ရုန်းရင်းဆံခတ် ပြေးလွှားနေတဲ့ ပြည်သူတွေ အားလုံးဟာ အတူတူသေဆုံးကြရမယ်

သဘာ၀ ဘေးအန္တရာယ်ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး
အရာရာကို စိတ်လိုက်မာန်ပါ ဖျက်စီးပစ်နေတယ်
လူတွေဟာ ဘာကိုမွ သတိမရနိုင်ကြဘူး
ဥပမာ ဘုရားသခင် လိင်ကိစ္စ စီးပွားရေး စသဖြင့် အရာအားလုံးဟာ
ဘေးအန္တရာယ်ကြားမှာ ငုပ်လျှိုး ပျောက်ကွယ် သွားကြရတယ်
မီးခိုး မီးလုံးတွေနဲ့ ပါးပြင်းတထောင်ထောင် ဖြစ်နေတဲ့ ရေလှိုင်းကြီးတွေဟာ
ရုပ်ရှင် ကားထဲမှာဆိုရင်တော့ အလွန်ပဲ လှပနေလိမ့်မယ်

နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းတွေ ချစ်ခင်ကြင်နာစွာ ကြည့်မယ် အကြင်နာ မျက်၀န်းတွေ
အားလုံးဟာ မလိုတမာစြာ ပျောက်ရှနေတယ်
ဘယ္သူက ဘယ်သူ့ကို ကယ်တင်မယ်ဆိုပြီး ဘယ္သူကမွ ကတိမပြု ကြတာ့ဘူး

ကမ်ဘာကြီးဟာ သူ့ပေါ် မှီတင်းနေထိုင်သူ မွန္သမွ်ကို အလွန်ပဲ မုန်းတီးနေသလို
အခွင့်ထူးခံတွေ လက်လုပ်လက်စားတွေ အာဏာရပုဂ္ဂိုလ်တွေ အားလုံးဟာ
တန်းတူညီမျှဖို့ ဖြစ်လာခဲ့တယ်

မပြီးဆုံးနိုင်တဲ့ ၀ဋျဒုက်ခတှကေိုတော့ မသေဆုံးသေးတဲ့ ပုဂ္ဂိုလ်တွေဟာ
အချိန်နဲ့ တပြေးညီ ခံစားနေကြရတယ်
အရမ်း တိတ်ဆိတ်နေခြင်းဟာ တစ်စုံတစ်ခု ဖြစ်တော့မယ်ဆိုတဲ့ အရိပ်အရောင်ပဲ
ဘာကြောင့် ဘယ်လိုရယ်ဆိုပြီး စဉ်းစားထားတာ မရှိပေမယ့်
မသိစိတ္က သိနေတဲ့ အသိကို အလိုလို အသုံးချမိသွားတယ်

သေဆုံးခြင်းကတော့ အရာအားလုံးကို အနိုင်ယူဖို့ တာ၀န်အပြည့်အ၀ ယူထားတယ်
လွတ်လပ်ခြင်းတွေ သူရဲကောင်းဖြစ်စေမယ့် စိတ်ဓါတ်တွေ လူမသိ သူမသိ ချစ်တင်းနှောမှုတွေ
ဘေးတစ်ဖက် တစ္ခ်ပ္စီက ကံကြမ္မာနှစ်ခုဟာ မြင်းဖြူကြီးတစ်ကောင်နဲ့ တူတူယှဉ်ပြေးနေတယ်
ရှင်သန်မှာလား သေဆုံးမှာလား ဘာတစ္ခုကိုမွ ဘယ္သူကမွ မဆုံးဖြတ်နိုင်ဘူး
သေဆုံးပြီးသား ဘုရားသခင်လည်း ပြန်ရှင်သန်မလာသေးဘူး
မလွတ်မြောက်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း မလွတ်မြောက်ကြတော့ဘူး
အားလုံးကို တစ်စုံတစ်ဦးက ဒဏ်ခတ်ပစ်လိုက်တယ်

ဘာနဲ့မှ ခိုင်းနှိူင်းလို့ မနိုင်တဲ့ အဲ့ဒီအဆုံးသတ်ဟာ
သူတို့အားလုံးရဲ့ ရင်ကွဲပက်လက်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတယ်
ဘာပဲ ဖြစ်ဖြစ် ရဲရင့်မှုဟာ သေဆုံးမှု မဟုတ္သလို
သေဆုံးမှုဟာလည်း ရဲရင့်မှု မဟုတ္ဘူး

ကိုယ့်သေတွင်း ကိုယ်တူးစရာမလိုတော့တဲ့ အခြေအနေမှာ
လူတိုင်းဟာ ကိုယ့်သေတွင်းထဲကို မမွေးဖွားလာခင် ကတည်းက
မွေးဖွားလာဖို့ အကြောင်း ဖန်လာခဲ့ကြရတယ်

မြို့ငယ်လေးဟာ သူဘာမွ မသိတဲ့ အတိုင်းပဲ ခဏတာ ငြိမ်ဆိတ်နေရာက
တမဟုတ်ခြင်း ဒဏ်ရာရနေတဲ့ ကျားနာတစ်ကောင်လို မြင်မြင်သမျှတွေကို
ဆွဲဖြဲ ကုတ်ခြစ် ပစ်တော့တယ်

နာကြည်း မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေရှာတဲ့ သမိုင်းထဲက စာရွက်ကလေးကတော့
အရှူပ်အထွေးသော ဘေးဒုက္ခတွေ ကြားထဲမှာတောင် တစ်စုံတစ်ဦးကို လက်စားချေနေတယ်
ကံဆိုးရှာတဲ့ တစ်ဦးတည်းသော သူရဲကောင်း နာမည်ခံ ဘုရင်ကတော့
မီးတောက်မီးလျှံတွေ ကြားထဲမှာ မရှူ မလွ ဇာတ်သိမ်းသွားခဲ့ရတယ်


ဘာကိုပဲ စိုက်ကြည့်စိုက်ကြည့် အနည်းဆုံး တစ်ခုခုကိုတော့ မြင်အောင်ကြည့်သင့်တယ်
မုန်းတီးမှုတွေ ကြားက အောင်မြင်မှုဟာ
တစ်ယောက်ကို တစ်ယောက် ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ပြီးမှ
ရလာခဲ့တဲ့ မလိုတမာ ဓါးသွားအောက်က သွေးစက်တွေပဲ ဖြစ်တယ်

သေဆုံးဖို့ကို စောင့်မျှော်နေတဲ့ သူရဲကောင်းတစ်ဦးကတော့
တစ်စုံတစ်ခုကို ရင်ဆိုင်ဖို့ မနည်းအားယူ ထရပ်လိုက်တယ်
သူ့ဆီမှာ ရှိတော့တဲ့ တစ်ခုတည်းသော ဒိုင်းကာတစ်ခု
သူ ရင်ကော့ ဆီးကြိုနေပုံက ဘာနဲ့မှ မတူဘူး
လွတပတ မိန်းမပျိ ု တစ်ယောက်နဲ့ လိင်ဆက်ဆံတော့မယ့်
ယောက်ျ ားပျိ ု တစ်ယောက်လိုလည်း မဟုတ္ဘူး
အင်ပါယာကြီး တစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့ ဘုရင်တစ်ယောက်ရဲ့ အပြုံးလိုလည်း မဟုတ္ဘူး
သေရာက ပြန်ရှင်သန်လာတဲ့ ဘုရားသခင်လိုလည်း တောင့်တောင့် တင်းတင်းကြီး မဟုတ္ဘူး
တကယ်တော့ ဘာဆို ဘာတစ်ခုနဲ့မှ မတူညီတဲ့ အခြေအနေဟာ
သူရဲကောင်းအတွက်တော့ အလွန်ပဲ အဖိုးတန်တဲ့ နေ့ရက်တစ်ခုကို ပိုင်ဆိုင်လိုက်ရတယ်
နောက်ဆုံးအနေနဲ့ တစ္ခုခုကို သူ ကြုံးအော်လိုက်တယ်
အား ရ ဖွယ် ပါ ပဲ


အနည်းဆုံးတော့ သူရဲကောင်းဟာ မိန်းမပျိုတစ်ယောက်ထက်တော့
သတ္တိ ပိုရှိခဲ့ရုံပေါ့

ကြိမ်ဖန်များစွာ ရင်ဆိုင် တွေ့ကြုံခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမှ မရိုးအီနိုင်တဲ့
သေဆုံးခြင်းကို သူတို့ ရင်ဆိုင်တွေ့ကြုံဖို့ အားတင်းလိုက်ကြတယ်
ငါ့ကို ဖက္ထား pants လေး

(လွပစြာ သေနည်း ပတ်ပတ်လည်မှာ ဝါးမြိုစပြုနေပြီဖြစ်တဲ့ အမည်းတွေ) (ကဗျာဟောင်းတစ်ပုဒ်မှ)

မင်းတွေ့လား မင်းတွေ့မှာပါ
ငါတို့ရဲ့ လွတ်လပ်မှုဟာ ငါတို့အတွက် သေဆုံးဖို့ဖြစ်လာခဲ့တယ် မဟုတ္လား

နောက်ဆုံးမှာတော့ မီးလောင်ကျွမ်းမှုတွေလည်း ရပ်တန့်သွားတယ်
ကိုယ်လွတ်ရုန်းပြီးတော့ တစ်စုံတစ်ဦးက ထွက်ပြေးသွားလိမ့်မယ်
ဒါပေမဲ့ ဘာမွ မကျန်ခဲ့စေလောက်အောင် လောင်ကျွမ်းမှုက စေ့စပ်သေချာခဲ့တယ်
ဖြစ်နိုင်ရင် အရာရာကို မေ့ပစ်ဖို့ ဖြစ်နိုင်ရင် အရာရာကေန လွတ်မြောက်ဖို့
ဘယ်မှာလည်း ပျော်ရွှင်ခြင်း ဆိုတာ


သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားမှာ အနမ်းတစ်ခုပဲခြားထားတယ်
ဒါဟာ ယုံကြည်ရာ ကိုယ်စီနဲ့ လူနှစ်ဦးရဲ့ တကယ့်အဖြစ်အပျက်ပဲ

နောင်နှစ်ပေါင်းများစွာဟာ သမိုင်းထဲက စာရွက်ကလေးကို ထုတ်ဖော်လိုက်ကြတယ်
အနည်းဆုံးတော့ စာမျက်နှာထက်က ၀မျးနညျးကွကှေဲမှုတှကေို
၀မျးနညျးကွကှေဲဟနျ အပြည့်နဲ့ လူပုဂ္ဂိုလ်တွေဟာ စုပ်တသပ်သပ် ဖြစ်ကြတာပေါ့

ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး တစ်စုံတစ်ဦးကို လှမ်းခေါ်လိုက်တယ်

ဘာလဲ ?

လွတ်လပ်ခြင်းနဲ့ သေဆုံးခြင်းဟာ ထပ်တူပြုမိတ်ဖွဲ့တယ်လို့ မင်းထင်လား

တောင်လှန်ခြင်းဟာ ကြောက်ရွံ့ခြင်း မဟုတ္ဘူး သူရဲကောင်း

ဟားဟားဟားဟားဟား






ဇာတိ(ဖျာပုံ)
12:18 AM
5/7/2014
 www.palipalar.blogspot.com



Thursday, February 20, 2014

အလွင့် များ

လမ်းပေါ်မှာအရေးကြီးသတင်းထပျံသလို ခိုတွေ လွင့်နေ 
လမ်းပေါ်မှာအစာနင်နေတဲ ့လည်ချောင်းလို လူတွေ လွင် ့နေ 
လမ်းပေါ် မွာအနံ ့နဲ့ နုတ်ဆက်သွားတဲ ့အမှိုက်ကား ဆလမ်းဒေါ ့ မီလီယံနာရွိရာ လွင် ့ နေ 
လမ်းပေါ်မှာ နေရောင်ခြည် ဟာ လမ်းဘေးခွေးနဲ ့ လွတ်လွတ်လပ်လပ် လွင့် နေ 
လမ်းပေါ်မှာ တွေဝေ ငေးမောခြင်းများမြောက်ပြန်လေနဲ့ လွင် ့နေ 
လမ်းပေါ်မှာအလုပ်သမလေးရဲ့ ့ နာမကျန်း ထမင်းချိုင် ့ လေးဟာ လွင် ့နေ 
လမ်းပေါ်မှာ င ကြွား င ဝါတချို ့ဟာ အမှောင်တိုက် တခုလို လွင် ့နေ 
လမ်းပေါ်မှာလမ်းဖြတ်ကူးလာတဲ့ ပန်းနုရောင်အရေ ပြား တခုဟာလွင့် နေ 
လမ်းပေါ် မှာကြယ် လိုတောက်ပ တဲ့အပြုံးဟာလွင့်နေ
လမ်းပေါ်မှာ သေခြင်းတရားဟာငြိမ်း ချမ်းလှပစွာလွင့်နေ 
လမ်းပေါ်မှာဂုဏ်သိက္ခာမဲ့သွားတဲ့ ငွေစက္ကူထက်ပိုင်းပြတ်တရွက်ဟာ လွင့်နေ 
လမ်းပေါ်မှာ ချိုင့်ခွက်ကြီးတွေ ဟာခမ်းခမ်းနားနားကြီးလွင့်နေ 
လမ်းပေါ်မှာစပိန် ဟော်လိုဂစ်တာတ လက်ဟာကြေ ကြေ ကြဲကြဲ ကြီးလွင့်နေ 
လမ်းပေါ်မှာစားစရာတခုခုရလို ရညား နေရောင်အောက်ကအသက်ရှူသံများဟာလွင့်နေ 
လမ်းပေါ်မှာ စိတ္တဇ ပန်းချီကားကြီဟာလွင့်နေ 
လမ်းပေါ်မှာဒါဏ်ရာအနာတရကြီဟာလွင့်နေ 
လမ်းပေါ်မှာ အဖော်ကွဲသွားတဲ့ ကလေးဖိနပ်တရံဟာလွင့်နေ 
လမ်းပေါ်မှာအဖေတခုဟာလွင့်နေ 
လမ်ပေါ်မှာ အမေ့ရဲ့မျက်ရည်စက်တွေဟာလွင့်နေ 
လမ်းပေါ်မှာ အဖေ့ရဲ့ ဂရုဏာဒေါ သဟာ လွင့်နေ 
လမ်းပေါ်မှာကြယ်ပြာလေးနဲ့ထမင်းစာပြီးတဲ့နောက်ဟာလွင့်နေ 
လမ်းပေါ်မှာလိမေ္မာ်သီးလေးတလုံးဟာလွင့်နေ 
လမ်းပေါ်မှာလွမ်းလွမ်းဆွေးဆွေးကြီးတခုဟာလွင့်နေ 
လမ်းပေါ်မှာ ရင်ဘတ်တခုကို၀င်ဆောင့်ဖို့အတိတ်တခုဟာလွင့်နေ 
လမ်းပေါ်မှာ ၁၉၈၉ က မိုး ကုတ်စက်၀ိုင်းလ်ဘက်ရည်ဆိုင်လေးဟာလွင့်နေ 
လမ်းပေါ်မှာ အတိတ်ရဲ့ ..တချို ့ တွေ နေနိုင် လွန်းတယ်.....သီချင်းဟာလွင့်နေ 
လမ်းပေါ်မှာ လမ်းပေါ်မှာ ဘာမှန်းမသိတဲ့အရာတွေဟာ လွင့်နေကြ ရဲ့။။။။။။။။ 

                            ခိုင်သစ်

Saturday, January 11, 2014

မင်တတ်တဲ့စိတ်မှာ တခါတခါမာနက အသက်ပါသွားတယ််


စိတ်တွေ...စိတ်တွေ
အဲဒီစိတ်တွေမွဲနေတာတောင်
ငါ့ဘ၀ကပြာကျမသွားသေးဘူး
ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်မှု့မှာ
ခင်မင်မှု့ဆိုတာက အသုံးချခံသက်သက်ဆိုပေမယ့်
အဲဒီအရာဟာ......
ငါ့စိတ်တွေအမြဲ မချွတ်တမ်း၀တ်နေကျ ၀တ််စုံဟောင်းတစ်ထည်ပဲ...
မာနနံ့လေးစွန်းလို့ နေပူထုတ်လှမ်းခဲ့ရင်တောင်
ငါ....ဆိုတဲ့ကောင်က
အဲဒီ့.ခင်မင်မှု့ကို အချမ်းပြေလေးအမြဲငေးငေးကြည့်နေတတ်တဲ့ကောင်..

တခါတရံမွာ စိတ်စိတ်ချင်း အရောင်မတူလို့
ဝါးလုံးရှည်နဲ့ ရမ်းကြတဲ့ပွဲမှာ
မသိမသာ အဖျားလာလာခတ်နေတော့
ငါ့စိတ်ကို ငါတရားပြန်ချနေရတယ်
ခံပြင်းမှု့တစ်ခုတည်းအတွက်
ပျော်တတ်တဲ့ဉာဉ်ဆိုး ဖျောက်ပစ်ဖို့မကြိုးစားဘူး
ဖိစီးမှု့ဆိိုတာကျောမှာအမှီပြုထားပေမဲ့
လာသမျှသောကဆိုတာကို ကန်ကျောက်ပစ်တတ်တယ်
ဘယ်လောက်ပဲမျက်ကွယ်ပြုထားထား
ငါ.....ဆိုတဲ့ကောင်က
အလင်းထဲမှာဘယ်တော့မှ မမှေးမိန်တဲ့ကောင်လို့ဆိုနေပေမယ့်
မင်းတို့ပစ်မှတ်ကိုတည့်တည့်ခွင်းမယ့် မြှားဦးမှာ
ငါစိတ် နဲ့ ငါ့မာန က ပြုံးယောင်ဆောင်ရင်းပါသွားခဲ့တယ်ဆိုတာ......


စစ်သွေးညို 2.1.2014 9:55 PM


Friday, December 27, 2013

မျှော်လင့်တဲ့ ဆန္ဒတစ်စုံတရာ ရှင်သန်ခွင့်မရှိတော့တဲ့အခါ


ရင်ဘတ်..ရင်ဘတ်ချင်း ပ၇မ်းပတာ
အဘတ်ခံလိုက်ရတာထက် ခံပြင်းစရာကောင်းတာမရှိဘူး
အဲဒီလို.......
ခြောက်ခြောက်ခြားခြား ငါ လန့်နိုးလာတဲ့ သံစဉ်မှာ
ငါ ဆိုညည်းချင်တဲ့ သီချင်းဟာ ကစဉ်ကလျား ကီးလွဲသွားခဲ့တယ်....။

ရှေ့နောက် မညီတော့တဲ့ အာရုံခံစားမှု့ကလည်း
ဘယ်ချိုမြိန်မှု့ကိုမှ ဖြောင့်ချက်မပေးနိုင်
ဆန္ဒတွေ လျှာကိုက်အဆုံးသတ်လိုက်မှု့မှာ
ဆာလောင်မှု့တိုင်းက ပြန်ရှင်သန်ခွင့်မရှိဘူးဆိုတော့
ငါဟာ..အဲဒီအိမ္မက္ကို
ရှေတည့်တည့်က မိုက်ကြည့်လေးတောင်မကြည့်ရဲ့ခဲ့တော့ဘူး.....။

တရံတခါ ....
မျှော်လင့်ချက်တွေ ကိုင်းညွှတ်ရင်း
ရှင်သန်ခြင်းတွေမျိုးဆက်ပွားမပွားဆိုတာ
အတွေးတွေ ဇက်ကြောတတ်တဲ့အထိ
မက်မက်ယှက်ယှက် လူရာ၀င်ကြည့်မိတယ်
သြော်..ငါ့ဘ၀မှာ ဆန္ဒဆိုတာ တကယ်တော့
အကြေကောက် အကောက်ခံလိုက်ရတာပါပဲ......။

ရက္ကို လနဲ့စားရင်း
လကို နှစ်နဲ့ ဒရောသောပါး ဆွဲခေါ်ခဲ့တာတောင်
ညဟာဘယ်တော့သောအခါမှ ....
လကွယ်ဖို့သက်သက်ပဲမကြိုးစားလောက်ပါဘူးဆိုတဲ့ အတွေးနဲ့
အိမ်မက်ရဲ့ အက်ကွဲအပိုင်းအစအချို့
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
ငါ့တစ်နေ့စာမှတ်တမ်းဟာငိုကြွေးခြင်းနဲ့အတူ ထူထဲလာခဲ့တယ်.......။


ခင်များ..အဲလိုမကြည့်နဲ့..
မကြည့်ပါနဲ့..မကြည့်ပါနဲ့ဗျာ...
မေ့ပစ်ဖို့ကြိုးစားနေတဲ့ ငိုကြွေးသံတွေကို သနားပါတယ်ဆိုတဲ့အကြည့်က
ရင်ကိုထိချက်ပိုပြင်းလွန်းတယ်...
စုတ်တစ်ချက် သပ်ပေးမယ့်သူရှိတိုင်း ငိုကြွေးခြင်းကိုရပ်တန့်ခိုင်းဖို့မစဉ်းစားနဲ့
ခပ်မှိန်မှိန်လင်းခွင့်မရတဲ့ ချောင်တစ်နေရာကနေ စာနာမှု့တရားဆိုတာကို
ကျုပ်က ဂုဏ်သိက္ခာရှိရှိလေး ကျိန်ဆဲနေချင်သေးတာ....။


စစ်သွေးညို (၂၇.၁၂.၂၀၁၃) 7:41 AM


ချစ်ခြင်းတွေနဲ့နှစ်ယောက်အကြား ရင်ကြားစေ့လိုက်ပါ


နှလုံးသားချင်းပွတ်စားမိလို့
၀င်သက်ထွက်သက်ချင်း ခလုတ်တိုက်မိရုံ ရင်ခုန်နှုန်းတွေ ခွန်းကြီးခွန်းငယ် ဖြစ်ခဲ့ရုံနဲ့
မင်းရင်ဖွင့်ပြေးထွက်စရာမှမလိုသေးတာ နှစ်ယောက်တစ်ကမ္ဘာဆိုတာ မပျက်စီးသေးခင်
ပြတ်ရွှေ့အက်ကြောင်းဟဟတွေထဲ ဦးနိမ့် ငုံ့ကိုင်းကြည့်နေခဲ့မယ်ဆိုရင်..
မင်း နှလုံးသားဟာ အယောင်ဆောင်မှားသွားခဲ့ပြီ.....

အချစ်ဆိုတဲ့ တန္ဖိုးကို နှလုံးသားစံနှုန်းနဲ့ လျာဖြတ်ပါ
အခ်စ္ဆိုတာဟာ တိမ်ကောသွားမယ့် ချောင်း မဟုတ်ခဲ့သလို
အအေးသေတ္တာထဲက တပ်မက်မှ ဖဲ့စားရမယ် ချော့ကလက်ပြားတစ်ပြားမဟုတ်ခဲ့ဘူး
အခ်စ္ဆိုတာကို အညောင်းပြေ အညာပြေ အပျင်းပြေသက်သက်လို့သတ်မှတ်လိုက်ရုံနဲ့တင်
မင်းရင်ကိုခွင်းမယ့် မြှားမှာ မင်းကိုယ်တိုင်အဆိပ်လူးမိရက်သားပဲ...

မင်းစွန့်ပစ်လိုက်တော့မယ့်နေ့ရက်တွေထဲမှာ မင်းနှလုံးသားတစ်စုံနဲ့ရင်းပြီး ပျံသန်းကြည့်
မင်း ခါးသက်လှပါတယ်ဆိုတဲ့ နေ့ရက်တွေဟာ ချိုမြိန်လာလိမ့်မယ်... နောက်...
ယုံကြည်မှုတွေ အမြစ်ပိုတွယ်လာလိမ့်မယ်..
အဲဒီအခါ...
အိမ်မက်ဆိုးတိုင်းကလည်း ဘ၀ကိုအရေချွတ်လဲဖို့ သွေးတိုးစမ်းမှာမဟုတ်တော့သလို
အရောင်ကဲလာတဲ့ပြဿနာတိုင်းက ခရီးအဆုံးမှာ ချောင်သိပ်ထားရမယ့်
ခရီးဆောင်အိတ်တစ်လုံးသာသာဖြစ်သွားခဲ့လိမ့်မယ်........။

လမ်းခွဲခြင်းအမှု့ကို နှလုံးသားချစ်ခြင်းတွေနဲ့ ပြက်ရယ်ပြုလိုက်ပါ
မာန်မာနတွေချသီမိတဲ့နေ့ရက်တိုင်းကို အော်ဂလီ ဆန်ပြလိုက်ရုံနဲ့တင်
နှစ်ယောက်ကြားက ဟပြဲလေးတစ်ခု.. ပြတ်ရွှေ့ အက်ကြောင်းဟဟလေးတစ်ခုဟာ
လှုပ်ခတ်မှုတစ်ခုအပြီးမှာ ရင်ကြားပြန်စေ့သွားလိမ့်မယ်။


စစ်သွေးညို (၂၅.၁၂.၂၀၁၃) 7:04 AM


Monday, December 23, 2013

လမ်းခွဲနှုတ်ဆက်ချိန်

"နှုတ်ဆက်ကြရအောင်".......
အချိန်လေးတန်လာတော့
ပစ်ခွင်းမယ့်ဒီ နှုတ်ထွက်စကားသွားမှာ
ငါ့ နှလုံးသား၀ိဉာဉ်ငွေ့ငွေ့
အံ လေး တကြိတ် ကြိတ်ရင်း
နင့် အ၇ိပ် အပါးမွာ ခေါင်းငိုက်စိုက်ပေးခဲ့ပါမယ်....။

မျက်၀န်းစိမ်းတွေ.
ငါ့ ရင်မှာမြုပ်လို့..
ဘယ္လို အမုန်းမျိုး နင်..သုံးနှုန်းမလဲ
နှုတ်ခမ်းကိုက် ဒူးတစ်စုံကို မြေမှာဦးခိုက်ရင်း
နင်ချေွလိုက်မယ် အသဲခွဲပန်းတစ်ပွင့်
ငါကောက်ယူနမ်းဖို့အသင့်နေပေးပါမယ်.............။

ကာရန်မစုံသေးတဲ့ ကဗျာတပိုင်းတစမှာ
နင်..မသာယာနိုင်တော့လဲ
ငါ့ အလင်္ကာ ပက်ကြားအအက််ခံရင်း
နင်..ကျောခိုင်းသွားမယ်ခရီးလမ်းကို
ရင်ကိုနင့်နေအောင် ရင်းလို့
အလင်္ကာနဲ့ ဖြောင့်ဖြူးအောင်ခင်းကျင်းပေးလိုက်ပါမယ်.......။

မျက်ရည်တွေတစ်ပေါက်ပေါက်နဲ့
နာကျင်မှု့တွေမျောချနေချိန်မှာ
အလွမ်းနဲ့ ရင့်နေတဲ့ ကောင်းကင်ပြာပြာကို
ပူဆွေးစွာ ဦးလေးမော့ငေးလို့
၀ဲဖက်ရင်အုံ လက်ဖမိုးလေးနဲ့ဖွဖွအုပ်မိုးရင်း
တီးတိုးကလေးရေရွတ်မိလိုက်တယ်...

" ငါ.တို့နှစ်ယောက်လမ်းခွဲနှုတ်ဆက်လို်က်ကြရအောင်"


စစ်သွေးညို (24.12.2013) 2:00 AM


Sunday, December 22, 2013

မိသားစု မိုးတိမ်


ဘ၀ကို ဟီလီယမ်နဲ့လုပ်မထားတော့ လေးတယ်။
ရေခဲ ရိုက်မထားတော့ ပူတယ်။
မိုးမိုးရေ အရာရာ မီးပုံကြည့်ကနေရတော့
လင်စိတ် သားစိတ်အံသေကုန်ပြီလား
ပန်ဒိုရာဘောက်ထဲက အခွံကြီးသာ ကျန်တဲ့ တို့မျှော်လင့်ချက်တွေ
ရုပ်ရှင်ထဲမှာဆို ငါက
အမြဲတမ်းကံမကောင်းအကြောင်းမလှတဲ့ ဇာတ်လိုက်လိုအကောင်ပဲနေမှာ
ကုန်ပစ္စည်းနဲ့ကြားကန်ထားမှရတဲ့ စကြာ၀ဠာထဲက အမှုန်အမွှားဟာ
လူပေါ့
ငါ့ရဲ့နေ့စဉ်အိမ်မက်တွေဟာ
ကျီးကန်းနဲ့ ငှက်သိုက်တွေမဟုတ်ဘူး
ငါဟာအလင်းကိုပိုမိုလင်းလက်သွားစေမယ့် 
အမှောင်တိုက်ကြီးတစ်ခုလား
နှစ်ဆယ်တန်လေးတစ်ရွက်ကို အိမ်မက်ထဲထိ ရောင်ရမ်းတတ်တဲ့
ဖိုးသားလေးရေ
ဘုရားရှိခိုးရင် အဖေကျန်းမာပါစေ၊ပိုက်ဆံများများရပါစေ
အမွ် အမွ် ခဏ ခဏ လုပ်တဲ့ သမီးလေး ပုတက်ရေ
ဘ၀အမွဲပြာ သံစဉ်ကိုအမြဲချိုရွှင်အောင်ကြိုးညှိနေထိုင်တတ်တဲ့
အလိုက် တသိ သမီးမိုးထူးကလေးရေ
ဒီလို ခြောက်ခြောက်ခြားခြား မလုံတလုံကြီးလို့
အဖေတို့ဘ၀ကို ခေါင်းစဉ်မတပ်လိုက်ကြပါနဲ့ကွယ်။
စီးကရက်နဲ့ အပြိုင် ရက်စွဲအလောင်အကျွမ်းများ
နာကျင်မှု့တွေပဲ့တင်တုန်ဟီး ရှော့၀င်နေတဲ့စိတ်အတွင်းသားမှတ်တိုင်များ
မသိတာနဲ့ မရှိတာ တိုက်ရိုက်အချိုးမကျအောင်မောင်းနှင်ရင်း
ငါတို့အာရုံကြောတွေကို သံမဏိ မိုးတိမ်တွေအဖြစ်ရွေ့လျားကြမယ်။

                                       ခိုင်သစ်(နို၀င်ဘာ 2009 ၊ပိတောက်ပွင့်သစ်မဂ္ဂဇင်း) 




ဆန္ဒ


ဆရာတို့ပြောပြောနေတဲ့
ပွတ်ရှ်ကင်ကိုသိချင်တယ်
မာယာကော့ဗ်စကီးကိုသိချင်တယ်
ကဗျာဆရာဖြစ်ချင်တယ်...............။

မွတ္စုစာအုပ္ကို
ကိုယ်နဲ့မကွာထားချင်တယ်
တွေးမိတာတွေကို
ချက်ချင်းချချရေးချင်တယ်
ကဗျာဆရာဖြစ်ချင်တယ်..............။

တစ်ခါတစ်ခါများ
တွေးမိတာလေးတွေက
လှမှလှလို့တော့
ထင်မိတာကခဏခဏ................။

ချရေးကြည့်လိုက်တော့
ကဗျာတစ်ပိုဒ်တောင်မရ
ဒါနဲ့များဖြစ်ချင်လိုက်တဲ့
ကဗ်ာဆရာ.............................။

နောက်ဆုံးတော့
ကိုယ့်လက်ကိုပြန်ခေါက်သိမ်းရင်း
စိတ်ထဲမှာသာဆိုညည်းကြည့်ခဲ့မိပေါ့။

ကမ်ဘာမြေအတွက်
အပြစ်ကင်းတဲ့
စစ်တလင်းတစ်ခုကို
ချစ်ခြင်းအပြည့်နဲ့
ခင်းကြမယ်.......................တဲ့။

                                               ဟန်ဇော်လတ်

သြဂတ်စ် ရှင်းတမ်း


August !
Do you think we are victims ?
You poisoned our vein of Rivers
You flooded our pastureland with your droplets
August !
We don't want to hate you
Do you think we are victims ?
You acted like a absolutist
You killed our Brothers and Sisters
with your bullets like droplets
August !
You did make a greatest mistake irrationally
You did it irrationally
August !
We don't want to hate you.

HAN ZAW LATT


ဂြတ်စ်
ငါမင်းကို မုန်းချင်နေပြီ သြဂတ်စ်
မင်းဟာ ငါတို့ကောင်းကင်တွေကို
တစ်စစီခြွေပြီး မြိန်ရေယှက်ရေစားသုံးနေတုန်းပဲ
မင်းရဲ့မိုးရေစက်တွေဟာ အပြစ်မကင်းတော့ဘူး
မှော်ဆရာတစ်ယောက်ရဲ့အိပ်မက်တွေကို
မင်း ရိုက်ချိုးခဲ့တာ ကိုးနှစ်
ငါတို့ဆုံးရှုံးခဲ့တာက
နှစ်ကိုးဆယ်စာမကတဲ့ အနုပညာ။

သြဂတ်စ်
ငါမင်းကိုမုန်းချင်နေပြီ သြဂတ်စ်
မင်းဟာ ငါတို့ကောင်းကင်တွေကို
တစ်စစီခြွေပြီး မြိန်ရေယှက်ရေ စားသုံးနေတုန်းပဲ
မင်းရဲ့မိုးရေစက်တွေဟာ အပြစ်မကင်းတော့ဘူး
ပြည်သူ့ခေတ်ရဲ့ ကြယ်တစ်ပွင့်
ငါတို့ခေတ်ရဲ့ ကြယ်တစ်ပွင့်ဟာလည်း
မင်းလက်ထဲမှာ ကြွေလွင့်ရပြန်ပေါ့
(၁၁.၈.၁၃) မှာမင်းပြုံးနေခဲ့တယ်လေ။

ဒီမွာ
သြဂတ်စ်
နောက်တစ်ခါဆို မင်းကို
ငါ့ပြက္ခဒိန်ထဲကနေ
အပြီးအပိုင်ထုတ်ပစ်လိုက်တော့မယ်။

(ကိုငှက်(ထူးအိမ်သင်) နှင့် ဆရာမောင်ဝံသ တို့အားနှမြောတသလျက်)

ဟေ့ သြဂတ််စ်
မင်းကိုငါမုန်းလိုက်ပြီ
ငါ့ပြက္ခဒိန်မှာ
မင်းအတွက်
နေရာမရှိတော့ဘူး။

(၁၄.၈.၂၀၁၃)ဆရာမင်းလူကိုထပ်ခေါ်သွားပြန်တယ်။


ငါတို့ရဲ့ အလွမ်းဇာတ်ကို
ဒီလကုန်ရင်
တစ်ခန်းလောက်တော့
ရပ်ပါရစေ
သြဂတ်စ်ရေ။

(ငါ့အသက်နဲ့ ထပ်ပြီး တောင်းပန်ပါရစေ)

                                                              ဟန်ဇော်လတ်

ဘုရားသခင်ကို ကျောခိုင်းသွားတဲ့ မိန်းမပျိုဟာ လူသတ်သမားရဲ့ လက်ထဲမှာ ၀စ်လစ်စလစ်


 အဓိကျပသနာက လူသတ္သမားဟာ သူ့ကိုသူ လူသတ်သမားပါလို့ ပြောတာကနေစတာပဲ
သူဘယ္သူဆိုတာ ဘယ်သူမှမသိပေမယ့် သူဟာ လူသတ္သမား တစ်ယောက်ဖြစ်တယ်

ဖြစ်ရိုးဖြစ်စဉ်အရ မှောင်ရိပ်ထဲကနေ ဓါးတစ်ချောင်းကို ခပ်ဖွဖွဆုပ်ကိုင် ၀တျရုံအနကျကွီးခွုံလို့
ဦးထုပျအ၀ိုငျးကို ခပ်ငိုက်ငိုက်စောင်းပြီး မိန်းမပျိုတစ်ယောက်ကို သိမ်သိမ်မွေ့မွေ့လေး ဖမ်းဆီးသတ်ဖြတ်ပစ်ရမှာ

ဒါပေမဲ့ သူ့ကိုသူ လူသတ္သမားဆိုတာ မေ့နေရှာတဲ့ လူသတ်ကောင်ဟာ
လက်ထဲမှာ ဓါးမြှောင်အစား ငါးပါးသီလကို ဆုပ်ကိုင်ထားတာကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရတယ်
ဒါပေမဲ့ သူဟာ လူသတ်ကောင်ပဲ ကမ်ဘာကျော် လူသတ်ကောင်တစ်ယောက်ပဲဆိုတာ
သူမေ့နေခြင်းနဲ့ ပက်သက်ပြီး လူတိုင်း လူတိုင်းဟာ မှင်တက်အံ့သြနေကြတယ်

လက်ထဲမှာ သွေးစွန်းနေတဲ့ ဓါးကိုကြည့်ပြီး ခပ်ဟဟ တစ်ချက် သူပြုံးတယ်
ယစ်မူးနေတဲ့ ဓါးသွားအလိုက် သူ့ရဲ့မျက်နှာဟာ ကြမ်းတမ်း ရက်စက်နေတယ်
သူဆာလောင်နေတာ ဘုရားသခင်ရဲ့တရားတော်နဲ့ အစိမ်းရောင် ပန်းပွင့်တွေမဟုတ်ဘူး

ဓါးမြှောင်နဲ့သူဟာ ခွဲမရအောင်ပဲ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျနေတယ်

ဒီညဟာ လူသတ်သမားအတွက် နောက်ဆုံးညဖြစ်တယ်
အားလုံးကို စွန့်လွှတ်ဖို့အတွက် သန့်စင်မွန်မြတ်သော သွေးပိုင်ရှင် ကောင်မလေးတစ်ယောက်ကို
သတ်ဖြတ်ရမယ်လို့ သူ့ကိုသူ အမိန့်ပေးထားတယ်

အဲ့ဒီသွေးထဲမှာ နတ်ဘုရားမရဲ့သွေးတွေ ရောစီးဆင်းနေတယ်လို့ 
သူ ယုံကြည်ထားတယ်

အချိန်ကတော့ အ ကာလ သန်းခေါင်ကျော် ၂ နာရီပဲ
ပတ်ပတ်လည်မှာ အနက်ရောင်တွေပဲ လွှမ်းမိုးနေတယ်
ကံဆိုးရှာတဲ့ မိန်းမပျိုလေးဟာ ထုံးစံအတိုင်း လူသတ်သမားအတွက် အိမ်ကနေဆင်းလာခဲ့ရတယ်

ထိုနေရာရောက်တော့ ခဏရပ်တန့်လိုက်တယ် ဘေးဘီ၀ဲယာကိုကွည့ျတယျ
ဘာမွမရွိဘူးဆိုတာ သေချာမှ တွန့်ဆုတ်စွာနဲ့ ရှေ့ကိုခပ်သွက်သွက် ထပ်လျှောက်လှမ်းသွားတယ်

အဲ့ဒီအချိန်ထိ လူသတ်သမားရဲ့အရိပ်အယောင်ကို မတွေ့ရသေးဘူး

လူသတ္သမားဟာ တစ်ဘ၀လုံးစာအတွက် နောက်ဆုံးညကို ကျော်ဖြတ်ဖို့
အသန့်ရှင်းဆုံး ပြင်ဆင်နေတယ် ဘုရားသခင်ရဲ့ခြေဖဝါးတော်ကို ပွတ်သပ်ထားတဲ့
ဓါးပါးလေးကို ဘယ်ဘက်အိတ်ကပ်ထဲ တယုတယ ထည့်သွင်းလိုက်တယ်
ခြုံနေကျ၀တ်ရုံကို နံရံမှာချိတ်ထားရာကနေ အသာအယာဖြုတ်ခွာပြီး ကိုယ်ပေါ်ကို လွှမ်းခြုံလိုက်တယ်
နောက်ဆုံးအဆင့်အနေနဲ့ ဦးထုပျအ၀ိုငျးကို ခပ်ငိုက်ငိုက်စောင်းပြီး
ဘုရားသခင်ရုပ်ပုံလွှာကို တစ်ချက် ခပ္စူးစူး ကြည့်ပစ်လိုက်တယ်

ယုံကြည်ရာ ကိုယ်စီနဲ့ လူနှစ်ဦးဟာ မကြာခင် တစ်နေရာမှာ တွေ့ကြဖို့အတွက်
ကြံစည်ထားတဲ့အတိုင်း ဖြစ်လာတော့မယ်

လူသတ္သမားဟာ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်
သားကောင်ရဲ့ တည်နေရာကို မသိစိတ္ကေန သိနေတယ်လို့
သူ့ကိုယ်သူ သိနေတယ်

တစ်နေရာရောက်တော့ ရပ်တန့်လိုက်တယ်
မိန်းမပျိုလေးဟာ ချက်ချင်းကြီးပဲ ရုတ်တရက် ဘာမှန်းမသိပဲ ကြောက်စိတ်တွေ ပေါ်လာတယ်
အဲ့ဒီကြောက်စိတ်ကပဲ မိန်းမပျိုကို စတင် သတ်ဖြတ်တော့တယ်

ခဏကြာတော့ မိုးတွေ ရုတ်တရက် ရွာချလိုက်တယ်
မိန်းမပျိုလေးရဲ့ ဆံပင်တွေဟာ မိုးရေတွေနဲ့ စိုကပ်ကပ်ဖြစ်သွားတယ်

လူသတ်သမားကတော့ ထုံးစံအတိုင်း ဦးထုပ္ကို ခပ်ငိုက်ငိုက်စောင်းပြီး
မှောင်ရိပ်ထဲကနေ ရုတ်တရက် ထွက်ခွာလိုက်တယ်

အရာအားလုံးဟာ ဖရိုဖရဲဖြစ်ကုန်တယ်လို့ မိန်းမပျိုလေးက မှတ်ချက်ချလိုက်တယ်
သူ့မှာ ချီတုံချတုံနဲ့ ဘာကိုခွဲခြားလို့ ခွဲခြားရမှန်းမသိအောင် ဖြစ်နေတယ်

လူသတ္သမားက သူနဲ့ တဖြည်းဖြည်းချင်း နီးကပ္လာတာကို 
သူမသိရှိခြင်းဟာ
သူ့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့တယ်

လူသတ္သမားဟာ သူ့ရဲ့နောက်ကျောကို ရောက်ရှိလာပြီပဲ ဖြစ်တယ်
မိန်းမပျိုလေးရဲ့ နောက် ခပ်လှမ်းလှမ်း အကြာကေန စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်
မိန်းမပျိုလေးရဲ့ နောက်ဆုံးအချိန်ကို သူ စိတ်၀င်တစား ကြည့်မိနေတယ်


မိုးဟာ သည်းသထက် သည်းပြင်းလာတယ် နောက်တော့ လေပါ ပါလာတယ်
ဒီထက်ပိုပြီး လေကကြမ်းလာတယ်လို့တောင် ထင်ရတယ်
မိုးအတု လေအတုထက်တောင် ပိုဆိုးရွားတယ်

အခွင့်ကောင်းကို စောင့်မျှော်နေတဲ့ လူသတ္သမားဟာ မမျှော်လင့်ပဲ
အခွင့်ကောင်းတွေက ဆက်တိုက် သူ့အပေါ်ပိကျလာတယ်

သူ့ရဲ့ညာဘက်လက်ဟာ ဘယ်ဘက်အိတ်ကပ်ထဲကို ရောက်ရှိနေပြီပဲ ဖြစ်တယ်
ထိုပုံစံအတိုင်း ခပ်သွက်သွက် မိန်းမပျိုလေးနောက်ကို လျှောက်လှမ်းလိုက်တယ်
နီးကပ်စပြုနေပြီ ဖြစ်တဲ့ ထိုနှဈယောကျရဲ့ပုံပနျးသဏ်ဏ္႑ာနျဟာ သိပ်ကိုကြောက်ဖို့ကောင်းနေတယ်
အချိန်မရွေးသတ်ဖြတ်လိုက်လို့ရနေပြီ ဖြစ်တဲ့အတွက် လူသတ္သမားဟာ အချိန်ကို အနည်းငယ်
ဆွဲဆန့်ထားလိုက်တယ် ထိုအချိန်မှာ မမျှော်လင့်ပဲ မိန်းမပျိုလေးဟာ လျှောက်လှမ်းနေရာကနေ
ရုတ်တရက် ရပ်တန့်လိုက်တယ် လူသတ္သမားဟာ တစ်ခဏတော့ ကြောင်သွားတယ်
ဒါပေမဲ့ အတွေ့အကြုံက လူသတ္သမားကို အလိုလို နံရံဘေးကို တွန်းပို့လိုက်တယ်

နောက်မှာ တစ်ယောက်ယောက်ပါလာတယ်ဆိုတာ သိနေပေမယ့် တကယ့်တကယ် နောက်ကို
လှည့်ကြည့်လိုက်တဲ့အချိန်မှာ တစ်ယောက်မှ ရွိမေနတာကို တွေ့ရှိလိုက်ရတဲ့အတွက် မိန်းမပျိုလေးဟာ
ပိုမိုပြီး ထိတ်လန့်တုန်လှူပ်သွားတယ် အကယ်၍ တွေ့ရှိလိုက်တဲ့အခါ မည်သို့ဖြစ်မယ်ဆိုတာကိုတော့
ဖော်မပြတတ်အောင် ဖြစ်သွားတယ်

အခြေအနေနဲ့ အချိန်အခါက မိန်းမပျိုလေးဘက်မှာ တစ်စက်ကလေးတောင် ရွိမေနဘူး

လူသတ္သမားဟာ နံရံကေန ရုတ်တရက် ခွာလိုက်တယ်
၀တျရုံကွားကနေ လက္ကို လျှိုထုတ်လိုက်ပြီးနောက်
မိန်းမပျိုလေးနောက်ကို ထပ်မံလိုက်တော့တယ်

ဒီပုံစံအတိုင်းဆို မိန်းမပျိုလေးဟာ ဒီတစ်ခါတော့ လူသတ္သမားလက္က လွတ်ဖို့
လမ်းမရှိတော့ဘူးလို့ ထင်ရတယ်

သွေးပျက်ဖွယ် အေနအထားတစ္ခုကို ရောက်ရှိနေပြီပဲ ဖြစ်တယ်
ရုတ်တရက် မိုးကြိုးအကြီးကြီး ခြိမ်းသွားတယ် လွ်ပ္စီး အကြီးကြီး လက်သွားတယ်
လျှပ်စီးရဲ့ အလင်းရောင်က လူသတ်သမားလက်ထဲက ဓါးပါးလေးထဲကို ဖြတ်စီးသွားတယ်
၀ငျးကနဲပဲ တောက်ပသွားပုံက ဘာနဲ့မှ မတူဘူး

 မိန်းမပျိုလေးရဲ့ ငယ်သံပါအောင် အော်ဟစ်လိုက်ပုံနဲ့
လူသတ်သမားရဲ့ အပြုံးဟာ တစ်ထပ်တည်း ကျရောက်သွားတယ်

ကျွမ်းကျင်စွာနဲ့ပဲ လူသတ္သမားဟာ မိန်းမပျိုလေးကို ပွေ့ထမ်းခေါ်ယူသွားတယ်
မိန်းမောမေ့မျောနေတဲ့ မိန်းမပျိုလေးဟာ အိမ်မက်ကမ်ဘာထဲမှာ ရုန်းထိုးလူးလွန့်နေတယ်

အခန်းတံခါးကို ဘယ်ဘက်လက်နဲ့ အသာအယာတွန်းဖွင့်၀င်လိုက်တယ်

လူသတ္သမားဟာ မိန်းမပျိုလေးကို ကုတင်ပေါ်ခပ်ရွရွ လှဲသိပ်လိုက်တယ်

ကုတင်အောက်က သေတ္တာကို ဆွဲထုတ်ယူငင်လိုက်ပြီး
သူ့ရဲ့ဓါးပါးလေးကလွဲပြီး ပစ္စည်းအားလုံးကို ထည့်သွင်း သော့ခတ်ပစ်လိုက်တယ်

လူသတ္သမားဟာ ဘုရားသခင်ကို တစ်ချက် မိန်းမပျိုလေးကိုတစ်ချက်
ကြည့်တယ် အဲ့ဒီလို သုံးကြိမ်သုံးခါ ကြည့်လို့ပြီးတော့
မိန်းမပျိုလေးရဲ့ အ၀တ်အစားအားလုံးကို ချွတ်ပစ်လိုက်တယ်

မိန်းမပျိုလေးဟာ မေ့မျောနေတုန်းပဲ သူမရဲ့ဆံစတွေဟာ စိုကပ်နေတုန်းပဲ
မိုးရေနဲ့ ထိထားတဲ့ မျက်နှာပြင်ဟာ ခြောက်သွေ့နေပြီး နီးမြန်းစိုစွတ်နေတဲ့ နုတ်ခမ်းသားတွေဟာ
တဆတ်ဆတ်တုန်နေတယ်လို့တောင် ထင်ရတယ်

လူသတ္သမားဟာ မိန်းမပျိုလေးရဲ့ ဆံစေတြကို တစ်ချက် ကိုင်တွယ်လိုက်တယ်

လူသတ်သမားရဲ့မျက်၀န်းတွေထဲမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ ၀မျးနညျးပူဆှေးမှုတဈခြို့
စီးမျောနေတယ်လို့ထင်ရတယ် ထိုအဖြစ်အပျက်ကို လူသတ္သမားဟာ ကျေနပ်ခြင်းမရှိဘူး

လူသတ္သမားဆိုတာ တစ်ယောက်တည်း နေရမယ်
သိမ်သိမ်မွေ့မွေ့ ရက်စက်တတ်ရမယ်
သနားကြင်နာခြင်း အလျင်းမရှိရဘူးလို့ ခံယူထားသူတစ်ယောက် ဖြစ်တယ်

သူ့မျက်၀န်းထဲက ၀မျးနညျးမှုဟာ သူ့ကို တုန်လှူပ်ခြင်းကိုဖြစ်ပေါ်စေနေတယ်

သူဟာ မိန်းမပျိုလေးကို သတ်ဖြတ်ပြီး သွေးတွေကို ဖောက်ထုတ်ပစ်မယ်လို့
ဆုံးဖြတ်ထားသူ တစ်ယောက်လဲ ဖြစ်တယ်
ဒွိဟစိတ်တွေဟာ လူသတ္သမားကို တရစ်ရစ်နဲ့ဖိညှစ်နေတယ်

ဘုရားသခင်နဲ့မိန်းမပျိုလေးဟာ သူ့ဘ၀ကို ကိုင်လှူပ်နိုင်သော အရှားပါးဆုံး
အရာနှစ်ခု ဖြစ်တယ်လို့ သူ့ကိုသူ သိလိုက်ရတယ်

လူသတ္သမားဟာ သူ၀င်လာတဲ့ တံခါးပေါက်ကနေပဲ တိတ်တဆိတ် ပြန်ထွက်ခွာသွားတယ်

ကုတင်ပေါ်မှာတော့ မိန်းမပျိုလေးဟာ ၀တျလဈစလဈအနထေားနဲ့ လဲလျောင်းနေတယ်
သူမရဲ့ ညာဘက်အပေါ်ထောင့်မှာတော့ ဘုရားသခင်ရဲ့ရုပ်ပုံလွှာဟာ တည်ရှိနေတယ်
ကုတင်ရဲ့အောက်ဖက်မှာတော့ လူသတ်သမားရဲ့ သေတ္တာရှိနေတယ်


မိန်းမပျိုလေးရဲ့ မျက်ခွံလွှာတွေဟာ တဖြည်းဖြည်းချင်း ပွင့်ဟလာတယ်
သူမရဲ့ လှပကြော့ရှင်းတဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ ရင်သားလှလှလေးတွေပေါ်
အလိုလို အုပ်မိုးမိသွားတယ်

နောက်တော့ မိန်းမပျိုလေးဟာ
ထူးဆန်းတဲ့ အိပ်မက်ထဲကနေ
နိုးထလာတဲ့ပုံစံနဲ့ လမ်းမပေါ်ထွက်ခွာသွားတယ်
သူမခန္ဓာကိုယ်ဟာ ၀ဈလဈစလဈပဲ
သူမအတွေးတွေဟာ ၀ဈလဈစလဈပဲ
သူမရဲ့ ဖြစ်တည်မှုဟာ ၀ဈလဈစလဈပဲ

ဘုရားသခင်ကို ကြောခိုငျးကာထှကျခှာသှားတ့ဲ ၀ဈလဈစလဈ မိန်းမပျိုလေးဟာ
တည်နေရာမရှိတဲ့ နေရာကို တရွေ့ရွေ့လျှောက်လှမ်းသွားတယ်










ဇာတိ(ဖျာပုံ)
24.11.2012
8:24PM
www.palipalar.blogspot.com

Tuesday, October 1, 2013

အရက်သောက်တဲ့တိုက်ပုံလေး

တစ်စက်ချင်းကျနေတဲ့အရိပ်ကို
လေထဲပွင့်တဲ့ဆည်းလည်းသံနဲ့ငြိခဲ့
အလင်းရောင်များပုံပြင်ဆန်ချင်ဆန်ပလေ့စေ။
လောင်ကျွမ်းမှုမီးအဟုန်
မြင်ရသောအ၀ှန်း
တိတ်ဆိတ်ပင့်သက်မှာ
အိပ်မက်ကိုမျှောချခဲ့။
ဆံပင်ဖျား
လှိုင်းတို့ငေါက်ခနဲထထိုင်ခဲ့ပြီ
ဘ၀အမှောင်ရေဆူမှတ်တစ်ခု
ဆုံတာတစ်ခုအပေါ် အပြုံးဒုက္ခအထွေထွေ။
ကြေးစည်သံကြွေကျ သစ်ရွက်အလင်း
လက်ဖျောက်တစ်ချက်တီး ကြယ်ပွင့်ကြွေငေးသလို
ငြိမ်းချမ်းမှုရနံ့စုနေရတယ်။ ။

တိုးနှောင်မိုး

Saturday, September 21, 2013

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ

မာန္မာနေတြ ဟစ်တိုင်ကလေး တည်တိုင်း
အတ္တချင်းစီးချင်းထိုးတဲ့ပွဲမှာ
သောကတွေကြား အကျည်းကျနေတဲ့ဘ၀တွေ
ချိုးဖြူငှက် သံလွင်တစ်ခက်နဲ့ အတောင်ဖြန့်မဲ့ရက်ကို
ပြင်းရှဆာလောင်မွတ်သိမ့်နေခဲ့....။

ကြပ်ခိုးအထပ်ထပ် ဖုန်အလိမ့်လိမ့်တက် မငဲ့မကွက် ထင်ရာစိုင်းနေတဲ့
ငြိမ်းချမ်းရေးတရားက ဘယ်တော့အတောင်ပံဖြန့်မလဲ...
ချုပ်ရိုးဗလပွ ဒုက္ခအစုံထမ်းပိုးထားတဲ့မျှော်လင့်ချက်မဲ့မျက်၀န်းတွေက
စစ်ရဲ့ အရိအရွဲတွေကြားမှာ အပုပ်အသိုးခံနေခဲ့ရတော့
အနာဂါတ်အလင်းတန်းက မှေးမိန်နေဆဲပေါ့........။

စစ်ပွဲတွေရပ် လို့အခါခါဟစ်ကြွေးတိုင်း
အပ်က္ပ်က္က နှာခေါင်းသွေးထွက်ဆဲ
အလဲလဲအကြဲကြဲ အပြိုအပျက်ကြားမှာ
စစ်အတွက်အကြောင်းပြချက်ကသစ်လွင်လာမြဲဆိုတော့
စစ်မဲ့ငြိမ်းချမ်းရေးက စစ်တလင်းမှာပဲ ကြွေပြီးရင်းကြွေခဲ့တယ်....။

စစ်နဲ့အိုနာစပြုလာတဲ့ကမ္ဘာမှာ ငြိမ်းချမ်းရေးက
အနာသိ ဆေးမရှိသေးတဲ့ပုစာၦလိုလို
အမှားမှားအယွင်းယွင်း သူတစ်လူငါတစ်မင်း
ယုံကြည်ချက် အတွက် ဘ၀တွေပေါ်က ကျည်ပေါက်ရာအထပ်ထပ်မှာ
မျှော်လင့်ချက်က အမြစ်တွယ်နေဆဲမို့ ကမ္ဘာအနှံ့ဆုတောင်းသံအဆက်ဆက်က
မငြိမ်းချမ်းခြင်းတွေ ဒူးမထောက်သေးရွေ့တော့ ဆက်ဆုတောင်းနေရအုံးမယ်
          ကမ္ဘာမြေငြိမ်းချမ်းပါစေ 
                                                         ကမ္ဘာမြေငြိမ်းချမ်းပါစေ 

                               
                                             စစ်သွေးညို (၂၁.၉.၂၀၁၃)4:31AM World Peace Day

Monday, September 16, 2013

နွမ်းပါးမှု့မှာ ပျော်၀င်မိနေတဲ့ သံစဉ်

 
 မြင်မိသူတိုင်း...
ရင်ကို မီးစနဲ့ထိုးမိသလိုမျိုး
သူ့..မျက်၀န်းဆီက အရိပ်တိုင်းက နွမ်းနွမ်းလျလျ
နှစ်သိမ့်မှု့ တရားဓမ္မက သူသောကကို အိပ့်မွေ့မချနိုင်ခဲ့တာ
ရိုးသားတဲ ့လောဘက သူအာရုံမှာ သနေ္ဓတည်နေခဲ့လို့....။

လှုပ်ရှားမှု့တိုင်းမှာသိမ်မွေ့တဲ့ အလိုရမ္မက်က ရဲရဲနီလို့...
လောဘအတွက် ချေွးတစက်က သမ္မာအာဇီ၀စော်နံနေလေရဲ့...။

ရှတလွန်းတဲ့့နေရောင်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း ကျောကိုခင်း
ဇောချွေးလှိုင်လှိုင် တစ်ရစ်ချင်းရစ်ရစ်ထုတ်နေတာဟာ
သူ့သောကတွေအတွက် သူစိတ်အတွက် အပန်းဖြေရုံသက်သက်ပဲ
ဒါဟာ သူ၀မ်းစာ တစ်ထွာတစ်မိုက်အတွက် နိမ္ဗာန်နန်းတမျှ
မြင့်မြတ်ခမ်းနားတဲ့ ငရဲခန်း ဖြစ်တယ်......။

တင်းကုပ်သာသာ စတည်းချရတာ သူရဲ့ ရိုးရာ
ဗလာကျင်းနဲ့ ခါး၀တ်အောက်ပိုင်းသာသာ သူ့..ယဉ်ကျေးမှု့က
မိရိုးဖလာ ဆက်ခံခဲ့တဲ့ အေမြ....
၀မ်းရေးအတွက် အပူအပင်တွေမွေးရင်း
သောကနဲ့ ဒုက္ခကွေကအချမ်းသာဆုံး.....။

စိတ်တခေါ်စာအတွက် ရှန်ပိန်ကိုမသိဘူး
ဂီတဆိုတာ သူ့ ၀င်သက်ထွက်သက်တိုင်းမှာ တရှူးရှူး..တဟူးဟူးနဲ့
သူဟာ..လူ လူချင်း ၀ငိသက်ထွက်သက် မတူညီတဲ့သူ ဖြစ်တယ်......။

မြည်တွန်းတောက်တီးသံတွေနဲ့ သူလောကကိုမျက်နှာမငယ်စေတဲ့သူ...
စိတ်ပျက်ညည်းညူသံတွေဖြန့်ကျက်ရင်း
မဟူရာကျောတစ်ပြင်လုံးက လောကဓံကို ခါမချခဲ့ဘူး...
အရာရာအတွက် သူ့ ..စိတ်ဓာတ် နဲ့ သူ့.. ခွန်အားက
ဘ၀အတွက် အသင့်အနေအထား....။

စစ်သွေးညို 
၉.၉.၂၀၁၃ တနင်္လာနေ့ 1:27PM

Saturday, September 7, 2013

ရိုးသားဖို့စိတ်ဆန္ဒတွေ ပြင်းပြလာ ကြတော့ လောကကြီးကို ထိခိုက်လာတယ်




သူတို့ကိုယ် သူတို့့..လိပ်ပြာမလုံတော့တဲ့အခါ.
သူတို့ရဲ့ ၀င်သက်ထွက်သက်ကို ရိုးသားစွာ ထိန်းချုပ်ကြည့်လိုက်ကြတယ်
နောက်....ပွင့်လင်းစွာ ကိုယ့်လိပ်ပြာကိုယ် တိုးတိုးလေးကပ်မေးခဲ့ကြတယ်
ခင်များ..ရိုးသားခဲ့ပါသလား...ခင်များ..ရိုးသားခဲ့ပါသလား...ခင်များ..ရိုးသားခဲ့ပါသလား. တဲ့ ....
အင်မတန်မှ ခမ်းနားခဲ့တဲ့ မရိုးသားခြင်းတွေမှာ စိတ်ပျော်မွှေ့မှု့က
ဟက်ဟက်ပက်ပက်မဟုတ်ပေမယ့် စိတ်တဒင်္ဂ ခဏတာလေးတော့
သာယာခဲ့မိပါတယ် ဆိုတဲ့အကြောင်း သူတို့လိပ်ပြာလေးက တိတ်တဆိတ် မဝံ့မရဲ့လေး ၀န်ခံလိုက်တယ်
အဲဒီနောက်သူတို့ဟာ မွန်းကျပ်မှု့တွေ့လွင်မျောသွားလောက်အောင် စိတ်တွေပေါ့ပါးသွားကြတယ် သူတို့ဟာ..ဘုရားသခင်ပေးသလောက်လေးတော့ ရိုးသားရလိမ့်မယ်..

တကယ်တော့ မရိုးသားမှု့ဆိုတာမဆန်းတော့တဲ့ မျက်လှည့်ပြကွက်တစ်ခုပဲ
လက်ညှိုးမထိုးခဲ့ရင်တောင် မလွဲတဲ့ မရိုးသားခြင်းတွေ နဲ့ တလောကလုံးနေသားကျနေလိမ့်မယ်
ပညာတွေ တသီကြီးပိုက်ရင်း ဘုရားသခင်ရဲ့ အဆုံးအမ ခဏတာမေ့နေလိမ့်မယ်
ဆုတံဆိပ်တွေထွေးပိုက်ရင်း ဆုတံဆိပ်ရဲ့ အနှစ်သာရကိုမေ့ကောင်းမေ့နေလိမ့်မယ်
ငွေကြေးတွေ တထွေကြီးပိုက်ရင်း ရောင့်ရဲမှု့တွေ အသောမတတ်ဖြစ်နေလိမ့်မယ်..
ဒါပေမယ့် တနေ့..သူတို့ဟာ...အဲဒီမရိုးသားတဲ့ခန္ဓာအိမ်ထဲကရုန်းထွက်ချင်လာမယ်
တကယ်တော့ ဒါဟာနွံစစ်စစ်ပဲ ဆိုတာ သူတို့သိလာတဲ့အခါ သူတို့ဟာ...
သနားစရာ သားကောင်ဖြစ်လာခဲ့တော့တယ်...သိပ်မကြာပါဘူး...
သူတို့...ဘုရားသခင်ပေးသလောက် ရိုးသားဖို့ကြိုးစားလာတော့တယ်.....

ဒါဟာ ပုံပြင်မဟုတ်ဘူး.. ဒဏ္႑ာရီမဟုတ်ခဲ့ဘူး ..လူသားတိုင်း လူသားတိုင်းပျောက်ရှခဲ့ကြတဲ့
လူသားတိုင်း လူသားတိုင်း မေ့ပျောက်ခဲ့ကြတဲ့ ရိုးသားခြင်းတွေဆိုတာဟာ
ဘုရားသခင်ရဲ့ အဆုံးအမ ကျမ်းစာ..ဘ၀အောင်မြင်ခြင်းအတွက်လမ်းညွှန်သက်သက် (etc.)အစရှိသဖြင့်ပေါ့ .... (ကျယ်ပြန့်စွာတွေးခေါ်ပါ)
ဖြစ်တည်ရာဘ၀တစ်လျှောက်လုံး လှည့်ဖျားမှုတွေ လှည့်ဖျားခံရမှု့တွေနဲ့နေသားတကျဖြစ်လာခဲ့တော့
အခုထပ္တလဲလဲ ရွတ်ဆိုနေတဲ့ ရိုးသားခြင်းကို ခဲရာခဲဆစ်နဲ့ ဘ၀ထဲ ဇွတ် 
တရွတ်တို်က်ဆွဲခေါ်နေကြတယ်..
ရုန်းထွက်လို့မလွှတ်မြောက်နိုင်တော့ သူတို့ဟာ ရင်ကိုဖွင့် ကောင်းကင်ကိုခပ်စိမ်းစိမ်း
စိုက်ကြည့်ရင်း သူတို့ညည်းဆိုကြတယ် .....

                     ***ဒီမယ် လောကကြီး  
                               ခင်များ.. လုံး၀ မတရားဘူး***
                                                                                         တဲ့ဗျာ.....


                                                          စစ်သွေးညို 7:35 PM( Fri day)

Friday, September 6, 2013

ဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၁၁) ပြည့် သတိရခြင်း

ဒီနေ့ (၃.၉.၂၀၁၃)ရက်နေ့ ဟာ မြန်မာခေတ်ပေါ်ကဗျာဆရာ ဗမာပြည်သားကဗျာဆရာ ပြည်သားစစ်စစ်ကဗျာဆရာ မောင်ချောနွယ် ကြယ္လြန္သြားခဲ့တဲ့ (၁၁)နှစ် မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။

ဆရာမောင်ချောနွယ်ကို ၁၉၄၉ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင်နယ်ပိုင်ကြီး ဦးကျော်မြင့် ဒေါ်သန်းသန်း တို့မှ မွေးချင်း ငါးယောက်တွင် အကြီးဆုံးသား အဖြစ်မွေးဖွားခဲ့ပါတယ်။
(၁၉၇၁)ခုနှစ်မေလ တွင် ဒေါ်မြင့်မြင့်စိန် (ညီမေလး မမမြင့်)နှင့်အိမ်ထောင်ကျခဲ့ပြီး သမီး မဟူရာကိုကို၊ နေခြည်ထက်ထက်၊မေမွန်းရှိုင်း တို့ကိိုမွေးဖွားခဲ့ပါတယ်။ဆရာမောင်ချောနွယ်ဟာ
 ခေတ်ပေါ်ကဗျာများစွာကိုရေးသားခဲ့ပြီး ခေတ်ပေါ်ကဗျာလောကအတွက် ရှေ့ဆောင်လမ်းပြ တစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူတစ်ဦးအဖြစ်နှင့် ၂၀၀၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမောင်ချောနွယ်ကိုမေ့မရနိုင်ကြတဲ့ ပြည်မြို့မှ ကဗ်ာဆရာမ်ား စုပေါင်းပြီး ဆရာမောင်ချောနွယ် ရဲ့ ကဗျာတွေကိုအမှတ်တရပြန်လည်ရွတ်ဆိုတဲ့ပွဲလေးကို၃.၉.၂၀၁၃ နံနက် (၁၁)နာရီ တွင် ပြည်မြို့ FOREVER FOOD CENTER မွာ ကျင်းပခဲ့ပါတယ် ။ကျွန်တော်တို့အားလုံးဟာ ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေကို ဆရာမောင်ချောနွယ်နှင့် အတူ ရွတ်ဆိုခဲ့ကြပါတယ်။ဆရာမောင်ချောနွယ်ဟာ ကဗျာနဲ့တစ်သားတည်း ကဗျာဆရာတွေနဲ့တစ်သားတည်း ကဗျာလောကနဲ့တစ်သားတည်းဖြစ်နေတာကြောင့် ကဗျာရှိတဲ့နေရာမှာ ဆရာရှိနေပါကြောင်း။

ပြည်မြို့နယ်စာရေးဆရာများသမဂ္ဂ

မှတ်တမ်းဓါတ်ပုံများ 

 

 

 

 

 
 
 
 

 



Wednesday, August 21, 2013

Pyay Poem.apk(andriod application)








Pyay Poem မွ ကဗျာများအား andriod ဖုန်းများတွင် ဖတ်ရှုနိုင်ရန် Pyay Poem.apk (andriod App)အား ဒီနေရာမှာ down ယူနိုင်ပါသည်။




Monday, August 19, 2013

ငါ့...မွေးနေ့



နှစ်တစ်ရာပြက္ခဒိန်ထက်က

ကိုယ်ပိုင်ကြက်ခြေခတ်တွေ

 နှစ်စဉ်ဆိုသလိုပဲ စည်းချက်ကျကျက

မရဏဆိုတဲ့့ ဇာတ်၀င်ခန်းနဲ့

တစ်နှစ်ပိုနီးသွားစေတဲ့ရက်တွေ

ခါးထောင်းကျိုက်လို့ ထွက်ထွက်လာခဲ့ပြီ

သံေ၀ဂကို စလွယ်သိုင်းလို့့

မျက်တစ်မှိတ်စာ အလည်လာတဲ့

ကြောက်ရွံ့စိတ်က

ဘုရားသွားမည်

ကျောင်းသွားမည်

တရားပဲထိုင်တော့မလိုလို

တောထွက်မလိုလိုနဲ့

ဖြစ်တည်လာတဲ့ ကုသိုလ္စိတ္က တစ်ပဲ

မရဏမြန်း ငရဲမလှမ်းချင်တာက တစ်ပိဿာ

လက်အုပ်ကလေးချီကာ.. ချီကာနဲ့

ငါ..အဲဒီလိုလုပ်တတ်တဲ့နေ့လေးဟာ

ငါ့မွေးနေ့လေးပဲပေါ့...

                                                စိုင်းရန်နိုင် (ပြည်)

                                                                        [ ဇူလိုင်လ မဟေသီမဂ္ဂဇင်း ]


ပြုံးရယ်နေသော အံ့ဖွယ် ရုပ်အလောင်း

ဖောင်းကြွကြွ ခေါင်းတလား အောက်က
ငါ့ ရုပ်အလောင်း
တည်ရှိရာ နေရာသို့ လိုက်ပါ ပို့ဆောင်သူများ
များနေသလား
အနည်းငယ်လေးပဲလား၊

နေ့ မကူး ည မဆိုင်းပဲ
မီးသဂြိုလ်ပြစ်
အတည်ငြိမ်ဆုံး ဆန္ဒတစ်စုံနဲ့
မြေမြုပ်ပြစ်၊

၀မ်းမနည်းနဲ့
ကျန်ရှိနေခဲ့တဲ့ မင်းတို့တစ်တွေ၊

မငိုပါဘူး
ပျော်ရွှင်ဖွယ် အတိပြီးစေတဲ့ တမလွန်မှာ
ငါရေးမယ်
ယစ်မူးခုံမင် နှစ်ခြိုက်စွာ ငါကဗျာဆက်ရေးမယ်
မှော်အတိကျနေတဲ့ ခေါင်းတလားထဲမှာ
ငါ ကဗျာရေးမယ်၊

ဖြည်းညှင်းစွာ ထွက်သက်၀င်သက် ဖြစ်နေတဲ့
အသက်ရှူသံ ခပ်တိုးတိုးလေးအောက်မှာ
ငါ.................................

ဒုန်း.......ဒုန်း........ဒုန်း
ဒါ... သံရိုက္သံ
လွတ်မြောက်ဖို့ရန် အခွင့်မသာလေတဲ့ အသံ
ရတယ်
ကျဉ်းထဲ ကြပ်ထဲက ငါ့ကဗျာတွေ
ခပ္ထူထူ ပျဉ်ပြား ထက္က
ငါ့ရဲ့ခပ်ပြင်းပြင်း စုပ်ချက်တွေ
ဖောသွပ်သွပ် ငါ့ခန္တာကိုယ်ပေါ်က မှင်ရာတွေ၊

တေးထပ်စွာ တည်ရှိနေတဲ့
ငါ့ရုပ်အလောင်း
မသတီစရာ ကောင်းလှချည်လား
မထင်ပါနဲ့
ငါ့ရဲ့ နောက်ဆုံးခြုံလွှာက ကဗျာတစ်ထည်
လေးထောင့်ဆန်ဆန် ဒြပ်၀တ္တူတစ်ခုကို
ပတ်ပတ်လည် ၀န်းရံနေတဲ့
ကဗျာတွေနဲ့ တန်ဆာဆင်ထားတဲ့
ခေါင်းတလား၊

ခုန်ထွက်ခဲ့ပါ
ရင်၀ှက် တစေၦ
သင်နဲ့ငါ အားပြိုင်ကြရအောင်
ယခုသာ ခုန်ထွက်လာပါတော့
တေးသံသာသာနဲ့ ရေးဖွဲ့ သီသံဖို့အတွက်
ငါတို့တစ်တွေ အားပြိုင်ကြရအောင်၊

နောက်ဆုံးနေ၀င်ချိန်မှာ
သေမတူ ရှင်မကွာ တည်ရှိနေလေတဲ့
ရင်၀ှက် ကဗ်ာ ရှိနေပြီပဲ
မင်းကို ငါမကြောက်ဘူး၊

ငါ မကြောက်ဘူးကွ

မတော်တဆ မှားယွင်းပြီးတောင် 
ယိုင်လဲ ပြိုကွဲမှာမဟုတ်ဘူး၊

အခုဆို ငါ့အသက်ရှူသံ နှေးကွေးလာပြီ
ငါ့ရဲ့ လက်တွေ တုန်ယင်နေပြီ၊

အားဆေး ငါ့ရဲ့ အားဆေး

ဒါဟာ
နောက်ဆုံးနေ၀င်ချိန်ရဲ့
လမ်းပြသငေ်္ကတ၊

မတုန်လှုပ်
မကြောင့်ကြ
ထီမထင်ဟန်နဲ့
ပြီတီတီ
ကြည့်နေရှာတဲ့
ငါ့ကဗျာလေး၊

ဒါ
ငါ့ရဲ့ အားဆေး

မင်းယုံပြီ မဟုတ္လား
ပြုံးရယ်နေတဲ့ အံ့ဖွယ် ရုပ်အလောင်း
ရှိနေတယ်ဆိုတာကိုပေါ၊





ဇာတိ(ဖျာပုံ)
2010

Friday, August 16, 2013

ကြောက်ရွံ့ခြင်း


 
ကိုယ့်ကိုကိုယ် ပြန်မြင်တာလောက် ကြောက်ဖို့ကောင်းတာရှိအုံးမလား မီးလောင်တိုက်သွင်း 
မှောင်မဲပြီးအေးစက်နေ အဲ့ဒီနေရာတစ်ခုလုံးကို ကြောက်ရွံ့မှ ုတွေကဝါးမြိုထားတယ် 
အကျီ ၤလွင့်နေတာကအစ မိန်းမတစ်ယောက်ရဲ့ နာကျည်းကျည်းရယ်သံတွေအားလုံးက
မှောင်ထဲကနေ တလွင့်လွင့်နဲ့မျောပါလာ တကယ်တော့ ကြောက်မက်ဖွယ်အတိပဲ မိုးတွေဘယ်လောက်သည်းသည်း ထိုရယ်သံတွေကို ဖုံးလွှမ်းနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး
ဘယ်လိုပင် အဝေးကိုထွက်ပြေးထွက်ပြေး မပြီးဆုံးမယ့် ကြောက်ရွံ့မှ ုအောက်ကနေ
ရုန်းမထွက်နိုင်ဘူး ဓါးတွေနဲ့အပိုင်းပိုင်းခုတ်ထစ်ကြ ချွန်မြနေတဲ့သံဆူးတွေနဲ့  
ခန္ဓာကိုယ်အနှံ့ရိုက်သွင်းခြင်းခံရ လက်သည်းခွံတွေကို ရေနွေးပူပူနဲ့စိမ်ပြီး 
တစ်ချပ်ခြင်းစီခွာချွတ်ခံရ မျက်လုံးတွေအစိမ်းလိုက် ကြ်တ္က်
အားလုံးက ဒီနေရာရောက်ရင် အလိုလိုလဲလျောင်းလိုက်ရတယ် 
ဒီမြို့မှာဘယ်သူမှ မှန်မကြည့်တာဟာ ဒီမြို့ရဲ့ထူးခြားမှ ုတစ္ခုပဲ
တကယ်တော့ မှန်ကြည့်ရမှာကြောက်နေတဲ့ လူတွေ မှန်ကြောက်မြို့  
ကြောက်ရွံ့မှ ုတွေဟာ မြို့တစ်ခုလုံးရဲ့ အစိတ်အပိုင်းအသီးသီးကို လှန်လှော
လူတွေဟာ မျက်နှာချင်းမဆိုင်ကြဘူး အထူးသဖြင့် ဝစ်လစ်စလစ် မိန်းမပျိုတွေဆို 
ပိုလို့မကြည့်ရဲကြဘူး သူတို့ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရုံနဲ့
 ကြောက်ရွံ့မှုတွေက အတိုင်းအဆမရှိ ပျံ့ထွက်လာ မီးဖွားမယ့် မိန်းမတွေဟာ ကလေးတွေကို ကြောက်ရွံ့ခြင်းကင်းအောင် ဗိုက်ထဲမှာတင် အသေသတ်ပစ်လိုက်တယ်
 သေဆုံးခြင်းဟာ ကြောက်ရွံ့ခြင်း အောင်နိုင်တယ်လို့ သူတို့က ယုံကြည်ကြတယ်
တကယ်တော့ အစစ်အမှန် အောင်နိုင်ခြင်းဟာ ဘာဆိုတာ ဘယ်သူမှမသိကြဘူး
ဒါပေမယ့် ကိုယ်ယုံချင်တာ ယုံကြတယ် ကြောက်ရွံ့ခြင်းကင်းမယ်ဆို ဘာမဆိုလုပ်ကြတယ်
တစ်ယောက်ကို တစ်ယောက်က စိတ်နဲ့တောင်သတ်နိုင်တယ် တဖြည်းဖြည်းနဲ့ မြို့တော်ဟာ ဆိုးသထက္ဆိုးလာ လူတွေဟာ ကြောက်ရွံ့မှ ုအောက်ကနေ ရုန်းထွက်ဖို့
အတင်းကြိုးစားကြတယ် ရုန်းထွက်လေ နစ်လေပဲ ကြောက်ရွံ့မှ ုတွေပျောက်ကွယ်အောင် အမျိုးမျိုးကြိုးစားကြတယ် ဘုရားသခင်ထံ တိုင်တည်ကြတယ် ဒါပေမဲ့ ဆိုးသထက်ဆိုးလာတယ်
နတ်ဆရာတွေကို ကိုးကွယ်ကြတယ် ဆိုးသထက်ဆိုးလာတယ် 
နည်းလမ်းအမျိုးမျိုးကြားကနေပဲ ကြောက်ရွံ့ခြင်းဟာ မင်းမူလျက်ရှိနေခဲ့တယ်
ကြံရာမရတဲ့အဆုံးလူတွေဟာ ကိုယ့်ကိုကိုယ် သတ်သေကြတယ် တပျော်တပါးကြီး သတ်သေကြတယ်
 မိန်းမတွေဟာ တောထဲဝင်ပြီး အစုလိုက်အပြုံလိုက် လည်ပင်းကြိုးကွင်စွပ် သေဆုံးကြတယ်
 ယောင်္ကျားတွေဟာ ကိုယ့်လက်ဖျံသွေးကိုယ်ဖောက်ထုတ်ပြီး သေဆုံးကြတယ်
ကလေးတွေကိုတော့ လည်မြိုညှစ်သတ်ပစ်ကြတယ် လူသန်ကြီးတွေဟာ တစ်ယောက်ကိုတစ်ယောက် သတ်ပေးဖို့ သနားစဖွယ်အကူညီတောင်းခံကြတယ်
ကမ်ဘာမြေကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာသေဆုံးခြင်းတွေ ဆက်တိုက်ပေါ်ထွက်လာတယ်
လူ့အဖွဲ့အစည်းအမျိုးမျိုးဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြောက်ရွံ့ခြင်းကနေ ရုန်းထွက်ကြ ဒါပေမဲ့ကြောက်ရွံ့ခြင်းကတော့ ပျောက်ကွယ်မသွားပဲ ဆက်လက်တည်ရှိနေတယ်
အမျိုးမျိုးသော နည်းလမ်းတွေဟာ ဘာတစ်ခုမှမအောင်မြင်ခဲ့
ကံကြမ္မာနဲ့အချိန်ဟာ ကြောက်ရွံ့ခြင်းကြားထဲမှာ ပျောက်ကွယ်သွားခဲ့ရတယ်
 အချိန်မရှိတော့တဲ့ မြို့တော် ကံကြမ္မာမရှိတော့တဲ့ မြို့တော် သေပြီးသားလူတွေဟာ ပြန်ရှင်သန်လာတဲ့အခါ
 ကြောက်ရွံ့ခြင်းတွေ မရှိတော့ဘူးလို့ထင်လိုက်ကြတယ် မကြာခင်မှာပဲ အဲ့ဒီထင်မြင်မှ ုဟာ
ဟုတ်ရောင်ထင်မှ ု သက်သက်ပဲဖြစ်တယ်ဆိုတာ သိရှိခဲ့ပြီးသကာလ....။




ဇာတိ(ဖျာပုံ)
3:12 PM
4/10/2013
www.palipalar.blogspot.com