အရောင်းအ၀ယ် မဖြစ်ခြင်း ကဗျာပြုပြင်ပြောင်းလဲရေးနှင့်
လူမှု အသင်းအဖွဲ့များ ဖွဲ့စည်းမှုဆိုင်ရာ
အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းများအသုံး၀င်မှု
ကဗျာမှုဆိုင်ရာ ကဗျာေ၀ဖန်ရေးဆောင်းပါများနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မှတ်ပုံတင်ပါတီ ယခုနှစ် ဘောလုံးရာသီ ခြေနှစ်ချောင်းဈေးကွက်
အလုပ်မဖြစ်သော ရှေ့တန်း အလယ်တန်း နောက်တန်းတိုက်စစ်မှူးများ
ဒဏ်ရာရ အခြေအနေ အလဲအထပ် အငှားချရန် စီစဉ်ထားသော
ပြည်တွင်းပြည်ပ သတင်းမီဒီယာများအတွက်
မှတ်ပုံတင်ပြီးသော အသင်းအဖွဲ့ပုံစံများအတိုင်း
အိပ်ချ်အိုင်ဗွီ မိဘမဲ့ကေလး လူကုန်ကူးမှု မြန်မာဘောလုံးတိုးတက်ရေး
တရားမ၀င် ပြည့်တန််ဆာလုပ်ငန်း မြန်မာငွေတန်ဖိုး
ကိုးခရိုင်စီးပွားရေးမှ ကိုးခရိုင်စိမ်းလန်းစိုပြေရေးအတွက်
ဘောလုံးအကယ်ဒမီကျောင်းဖွင့်ရန် ငါးမိနစ်အလို
စိိမ်းလန်းစိုပြေရေးက မြေအောက်ရေဆုံးရှုံးတယ်
အခင်းအကျင်း နှစ်ခုစလုံး အရှေ့ နဲ့အနောက်ကို ဦးတည်တယ်
ပြီးခဲ့သောဇာတ်လမ်းအကျဉ်းများအတိုင်း ဘက်နှစ်ဘက်မှာ
ရေအရင်းအမြစ် ဧရာ၀တီလင်းပိုင် ထိန်းသိမ်းရေး ခြံစည်းရိုးကြက်ဆူ
နွေစပါးကို ထိန်းသိမ်းစောက်ရှောက်၍ ပြီး မူဝါဒအားဖြင့်
ကြိယာ ၆၀ သရုပ်ပြခဲ့
ပလပ်စတစ်ဆေးဆိုးအစများ ရှောင်ကြဉ် ကြွပ်ကြွပ်အိပ်ယဉ်ကျေးမှု ဖျက်သိမ်း
ကြော်ငြာစာတမ်းများ ထုတ်ပြန်
နားရေးကူညီမှုအသင်း ကြွေနေသောသစ်ရွက် အမြစ်တွယ်နေပုံ
တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ် ဂျက် ကွင်း ကင်း
အက်ကြောင်းများ ပြန်ချည်နှောင်နေ စိတ်တဆုံး၀င်သွားတဲ့ ရနံ့တွေက
လူကိုအတော်ဒုက္ခပေးပြီဆိုတော့ အသက်ရှူရတာ ပိုပြီးလေးလံ
လူလုံးပြစရာ အရောင်းအ၀ယ်ကိုမဖြစ် စိတ်အတွင်း အစာမကြေမှု
အက်ကြောင်းများ ကကြိုးလို လူကိုချည်နှောင်ခဲ့
စိတ်အဆုံးနစ်၀င်သွားသော လူသားဆန်ခြင်း မဆန်ခြင်း အငြင်းအခုန်ရနံ့
ခေတ်ရေစီးကြောင်းအတိုင်း ကိုယ်ကပါးစပ်အဟောင်းသား
စိတ္က အာမေဍိတ်အဟောင်းသား
အဓိပ္ပာယ်တွေ မရှိခြင်း မရှိဖို့အတွက် လ်က္ဆားလား ဆေးမီးတိုလား
ရှေ့ကိုလည်းမမျှော် နောက်ကိုလည်းမလှည့်ချင် ရပ်နေတာလည်းအလိုမကျ
ဘယ္လို တုံးလုံးလှဲလိုက်ရမလဲ
မတွေးချင် မခေါ်ချင်ဘဲ တွေးလိုက်ရတယ်
အရသာမရွိတဲ့ အရသာကို ဈေးကြီးပေး ဝါးနေရသလို
မရှူချင်ဘဲ ရှူနေရတဲ့ နိစ္စဓူ၀များ အပြင်....
ရပ်တော့ ညောင်းတယ် သွားတော့ ပင်ပန်းတယ်
ဘာလဲဆိုတော့ မေးခွန်းကို ဘာလဲလို့ ပြန်ပြန်မေးရတယ်
ချစ်စိတ်တွေ မကုန်သေးသရွေ့လား
မိုးတဖြဲဖြဲ စိတ်တခေါင်ခေါင် အပေါင်းအသင်းနည်းလာတယ်
သံသယများလာတယ် လိင်စိတ်က တာေ၀းပစ် ဒုံကျည်
ကိုယ့်ကိုယ်ကိုယ် ခြိမ်ခြောက်မိတဲ့ အနုပညာက
အမြှီးဖြတ် ခေါင်းဖြတ်
အိတ်ထောင်ထဲက ပိုက္ဆံကို အပြင်ကျမသွားအောင် လူမိုက်ဆန်တော့လည်း
လုပ်အားခက တန္ဖိုးမမွ်
မျက်နှာတွေ မော့ကြည့်ရတာကို မမြင်နိုင်လောက်အောင်ကိုပဲ
လူတစ်ယောက်နဲ့ လူတစ်ယောက် မယုံသလို ရယ်ရတယ်
ဒီနေ့ခေတ်စမ်း စကားလား
ငါတို့ ဘယ်တော့မှ ဂိုဏ်းစတားဖြစ်မှာ မဟုတ္ဘူး
သိပ်ဆန်း သိပ်အန္တရာယ်ရှိတယ်ဆိုတဲ့ အမှိုက်တွေကလည်း
ခေါင်းထဲ ပုံနေလား
ရောက်ရာအရောက်က ငယ်မူပြန်ဒုက္ခတွေပဲ နေ့နဲ့ညမှား
အိမ္ကေလးတစ္လုံး ပိုင်ဆိုင်ကြတာချင်းအတူတူ
ပုတ်ခတ် ရှုတ်ချ ဘ၀ရှင်မင်းတရားကြီးလည်း ဂိုးပြတ်ရှုံးတာပဲ
ငါမယုံတော့ဘူး ငါနဲ့ ငါ့အစစ်အမှန်ကို မယုံတော့ဘူး
နာဇီလို့ မပြောနဲ့ ငါ့ကို နာဇီလက်သစ်လို့ မငေးနဲ့
သရေကွင်းကို သေမင်းနဲ့ ညီမျှခြင်းမချနဲ့
မင်းလည်း သီချင်းကို ကြိုက်လို့ဆိုတယ် ရေးတယ်
ငါလည်း ကဗ်ာကို ချစ်လို့ရေးတယ် မအောင်မြင်တာတွေ
ပြည်မဖောက်နဲ့ သစ်ပင်ဆိုတာလည်း သူ့အလုပ်သူ လုပ်နေတာပဲမို့လား
ဒီနေ့ ငါတို့ စိုးရိမ်နေသလို စိုးရိမ်နေကြတဲ့ ကားဟွန်းသံတွေ
ငါတို့ လက်တွဲထားပြီး အေ၀းမှာ အနီးမွာ ပျောက်ဆုံးနေတဲ့ မိတ်ဆွေတွေ
သေကွဲလား ရှင်ကွဲလား ဘယ္လိုမွ ဆက္သြယ္မရ
မီးခလုပ္ကို ဖွင့်လိုက်တယ် ပြီးတော့ ပြန်ပိတ်လိုက်တယ်
ဘယ်လိုပြစ်ဒဏ်တွေနဲ့ ဆိုင်ကယ်ကို လီဘာအဆုံးဆြဲတာလဲ
လမ်းပေါ်မှာ ကလေးတွေ စွန်လွှတ်နေတယ်
လူဟာ ကေလးကို အလိုလိုက်ကြတယ်
လုပ်စရာတွေများနေတော့ ဘာလုပ်ရမှန်းမသိဘူး
ထင်ရှားသော မုန္လာဥ မျက်နှာချင်းဆိုင်မပြောရဲတော့
တိရစၦာန်တွေလိုပဲ အလစ္ကို ချောင်းနေတယ်
ငါအခု ကစဥ့်ကလျား အိပ်ယာ၀င်ပုံပြင်တွေနဲ့ ကျောချစရာတစ်နေရာ
တစ်ဦးနဲ့တစ်ဦး ကျားကွက်ရွှေ့သလို ကျေွးလိုက်စားလိုက် ဘာဖြစ်မလဲ
ရွှေဖလားနဲ့ ကြက်သားကိုင်ဆိုပါတော့
လိုင်းပေါ်တတ်လာတာတွေလည်း အကုန်ဂရုမစိုက်နိုင်ဘူး
အခ်စ္က ဆယ့်တစ်လမ်း လေးကွက်မှာ
အနားယူဖို့လည်း အသုံးချခွင့်က အတိုးနှုန်းများလာတယ်
မီဒီယာနဲ့ ရာစုသစ္က ချိန်ခွင်လျှာထဲ ရာသီဥတုက တစ်မှောင့်
ဖွဲ့စည်းပုံအခြေခံ ဥပေဒက အကာကွယ်မဲ့ ဆက္ဆံခဲ့သလို
အနုပညာကိုလည်း အကာကွယ်မဲ့ ပြုမူခဲ့သလား
ေ၀ခွဲမရတဲ့ ရှေးရိုးအစဉ်အလာများနည်းတူ
chemicalတွေထဲမှာ chemicalတွေပဲလား
မှန်ရှေ့ စိတ်နဲ့တောင် မပြစ်မှားရဲ ယုံကြည်မ၀င်ဘူး
လွတ်လပ်ပြီး တရားမွ်တေသာ လူစုလူေ၀းနဲ့ အရင်လို ပြန်ပြီးဆွေးနွေးချင်ပါရဲ့
ချစ်သောနှင်း၏ သွေးအား အချစ်နဲ့ပတ်သက်သော အရာမ်ားအား
ရှင်းပြရင်း ပြာအတိ ငါဖြတ်ခဲ့သော ရက်စွဲအချို့
ဒလိမ့်ကောက်ကွေး
ဇီးပင်က ဇီးဆူးက ဇီးရွက်ကို ဘယ်တော့မှ မေဖာက္ဘူးတဲ့
တရံတခါတော့ ပန်းသီးက အပင်ရဲ့ အေ၀းမှာကြွေတယ်
လူလူချင်း အမြင်မကြည်နိုင်
ဘယ်တော့ပြီးဆုံးမလဲ
ရေတွေ ဒလေဟာတိုး သမိုင်းကြီး စီးနေတယ်
ဖလက်ဂန်းက ဖမ်းခဲ့တဲ့ လင်းခဲ့သော ပုံရိပ်များအတိုင်း
အာရုံပြောင်းရတာလည်း ကဗ်ာကို စနက်တံဖြုတ်ရလို့ပဲတဲ့လား
အမေနဲ့ သားနဲ့ မေမေနဲ့ ကျွန်တော်နဲ့
ဆင်းရဲတွင်းနက်လိုက် နီလိုက် ပြာလိုက် စိမ်းလိုက် ဝါလိုက်
သေတယ်ဆိုတာ ရောဂါတွေထဲမှာ အနာဆုံးဒဏ်ရာပဲ
အထက်ပါအကြောင်းအရာများနဲ့အတူ
တစ်ဦးတည်း နေထိုင်ခြင်းနဲ့ အမ်ားကို ဂရုမစိုက်ခြင်း
အတိက်ဆုံး စိတ်လှုပ်ရှားခြင်းများအတိုင်း
ဂုဏ်ကျေးဇူးရှိသော ပုံရိပ်များအတိုင်း
ညဟာ မှောင်သထက်မှောင်လာပြီ
သတိတွေရလိုက် သတိတွေပြန်ပေးလိုက်
လွန်လေပြီးသော အခြေအနေအတိုင်း ဂရုမပြုအား
သက်တောင့်သက်သာ မဲ့ဆဲ မြေမြုပ်မိုင်းများ ရှင်းလင်းရဆဲ
မြားများ ဇောက်ထိုးကျဆဲဆိုတော့
လေထူထဲမှာ ဘာတွေ အပြည့်ရှိနေလဲလို့
လမ်းပေါ်မှာ ဘယ်သူတွေရှိမလဲလို့ အကျိုးပဲ အကန်းတွေလို အိမ်တွင်းအောင်း
မီးအိမ်တွေ မီးမထွန်းပဲ ချိပ်ဆွဲ လွတ်လပ်မှုက တစ်ခန်းလုံး မလင်းနိုင်တာ
သတၳုသံတွေ လရောင်နဲ့အတူ စီးကျနေ
ငါအမြဲ အိမ္ကေရပဲ တောင့်တမိ
စီးက်လာတဲ့ မျှော်လင့်ချက်ကို ငေးရီရင်း
မျက်ရည်ကဖြစ်တဲ့ သက္တံဟာ
ငါ့ခေါင်းကို ဓားက ကန့်လန့် စိုက်စူးနေပါတော့တယ်။ ။
တိုးနှောင်မိုး
No comments:
Post a Comment