Monday, October 12, 2020

မတိုင်မီ....
ကြည်ညိုဖွယ် မျက်နှာဖုံးများ 
မစားရဝခမန်း ကတိ
ဖော်ရွေသော   မက်လုံးများ
ပေါပေါသီသီ လှိုက်လှိုက်လှဲလှဲ
ကောင်းနိုးရာရာ ခါတော်မှီ
စံနစ်အသစ် အသစ် 
နတ်ရေကန် နှုတ်ခမ်းဝ 
နေချင်းမွေး
ညချင်းကြီး။

တကွက်ကျန် ဒဿနများ
အပူဇော်ခံ စည်းမျည်း
ယောင်းကိုင်းသော ပရဟိတ
လွတ်လွတ်လပ်လပ် မက်မက်ယှက်ယှက်
ဟုတ်နိုးရာရာ ခါတော်မှီ
ဘဝအသစ် အသစ်
နတ်ရေကန် နှုတ်ခမ်းဝ.
နေ့ချင်းမွေး
ညချင်းကြီး။

ပြီးနောက်.....
အမေ့ခံ နှလုံးသားများ
အဖိနှိပ်ခံ အက်ကြောင်း
ပွတ်တိုက်ခံ အပွန်းအဆင်းများ
မျှော်တလင့်လင့် ရင်တဖိုဖို
အခါခါလွန် အခါလွန် 
ဘဝ အသစ် အသစ်
နောင်တတွင်း နက်နက်
ကသောင်းကနင်း
နေ့ချင်း.
ညချင်း
ဆင်း....။

စိုင်းရန်နိုင် (ပြည်)
13.10.2020(9:25AM)


No comments: