Friday, December 27, 2013

ချစ်ခြင်းတွေနဲ့နှစ်ယောက်အကြား ရင်ကြားစေ့လိုက်ပါ


နှလုံးသားချင်းပွတ်စားမိလို့
၀င်သက်ထွက်သက်ချင်း ခလုတ်တိုက်မိရုံ ရင်ခုန်နှုန်းတွေ ခွန်းကြီးခွန်းငယ် ဖြစ်ခဲ့ရုံနဲ့
မင်းရင်ဖွင့်ပြေးထွက်စရာမှမလိုသေးတာ နှစ်ယောက်တစ်ကမ္ဘာဆိုတာ မပျက်စီးသေးခင်
ပြတ်ရွှေ့အက်ကြောင်းဟဟတွေထဲ ဦးနိမ့် ငုံ့ကိုင်းကြည့်နေခဲ့မယ်ဆိုရင်..
မင်း နှလုံးသားဟာ အယောင်ဆောင်မှားသွားခဲ့ပြီ.....

အချစ်ဆိုတဲ့ တန္ဖိုးကို နှလုံးသားစံနှုန်းနဲ့ လျာဖြတ်ပါ
အခ်စ္ဆိုတာဟာ တိမ်ကောသွားမယ့် ချောင်း မဟုတ်ခဲ့သလို
အအေးသေတ္တာထဲက တပ်မက်မှ ဖဲ့စားရမယ် ချော့ကလက်ပြားတစ်ပြားမဟုတ်ခဲ့ဘူး
အခ်စ္ဆိုတာကို အညောင်းပြေ အညာပြေ အပျင်းပြေသက်သက်လို့သတ်မှတ်လိုက်ရုံနဲ့တင်
မင်းရင်ကိုခွင်းမယ့် မြှားမှာ မင်းကိုယ်တိုင်အဆိပ်လူးမိရက်သားပဲ...

မင်းစွန့်ပစ်လိုက်တော့မယ့်နေ့ရက်တွေထဲမှာ မင်းနှလုံးသားတစ်စုံနဲ့ရင်းပြီး ပျံသန်းကြည့်
မင်း ခါးသက်လှပါတယ်ဆိုတဲ့ နေ့ရက်တွေဟာ ချိုမြိန်လာလိမ့်မယ်... နောက်...
ယုံကြည်မှုတွေ အမြစ်ပိုတွယ်လာလိမ့်မယ်..
အဲဒီအခါ...
အိမ်မက်ဆိုးတိုင်းကလည်း ဘ၀ကိုအရေချွတ်လဲဖို့ သွေးတိုးစမ်းမှာမဟုတ်တော့သလို
အရောင်ကဲလာတဲ့ပြဿနာတိုင်းက ခရီးအဆုံးမှာ ချောင်သိပ်ထားရမယ့်
ခရီးဆောင်အိတ်တစ်လုံးသာသာဖြစ်သွားခဲ့လိမ့်မယ်........။

လမ်းခွဲခြင်းအမှု့ကို နှလုံးသားချစ်ခြင်းတွေနဲ့ ပြက်ရယ်ပြုလိုက်ပါ
မာန်မာနတွေချသီမိတဲ့နေ့ရက်တိုင်းကို အော်ဂလီ ဆန်ပြလိုက်ရုံနဲ့တင်
နှစ်ယောက်ကြားက ဟပြဲလေးတစ်ခု.. ပြတ်ရွှေ့ အက်ကြောင်းဟဟလေးတစ်ခုဟာ
လှုပ်ခတ်မှုတစ်ခုအပြီးမှာ ရင်ကြားပြန်စေ့သွားလိမ့်မယ်။


စစ်သွေးညို (၂၅.၁၂.၂၀၁၃) 7:04 AM


No comments: