Friday, February 20, 2015

ကစဥ့်ကလျား [ ၄]


 သူပါးပြင် သနပ်ခါး ဖွေးဖွေးလေးဟာ
နွေးထွေးတဲ့လွင်ပြင်တခုပဲ
ဟုတ်မှာပါ အခ်စ္ဆိုတာ ရေရွဲရွဲလောင်းထားတဲ့
ပန်းခင်းကလေး
ဟုတ်မှာပါ ကိုလာပုလင်းလေးဟာ ရှတတသိမှုတခုဆီ
စမ်းသပ်ချက်အရ နွားရိုင်းဟာ အနီရောင်ကိုမမြင်ရဘူး
သေနတ်ကျည်ဆန်ဟာ ရေမော်လီကျုးကို
မကျော်နိုင်ဘူး
ဟော်မုန်းတမျိုးအရ မိန်းမတွေဟာနာကျင်မှုကို
ပိုခံနိင်တယ်
ပြတ်သွားဖူးတဲ့ဖိနပ်ကလေးတွေကို ပြန်တွေးမိ့တဲ့အခါ
အခန်းထဲ မီးခြစ်ကလေးကို အကြောင်းမဲ့ခြစ်နေ
သက်ပြင်းတွေ ပြတင်းပေါက်က ထွက်ပြေးတယ်ွ
တက်တူးတွေဟာ ရိုးမြေကျ ကိုယ်နဲ့မကွာတွယ်ကပ်လို့
ခင်များသူ့ပေါ် တက္တူးတခုလို ချစ်ပါ
ငှက်ကလေးနဲ့စကားပြောကြည့်တော့
ကမ်ဘာကြီးဟာ
သစ်ပင်တွေကြောင့် ပျော်ရွှင့်ခွင့်ရတဲ့ ပုံပြင်တဲ့
ကားတစီးအတိုင်းနေရင် ပွန်းပဲ့လွယ်တယ်
အုတ်ကြားမြက်လို ဒါဏ်ရာတွေမှာအသားကျ
ဒီလိုပါပဲ ဘဝဆိုတာ ဘာညာ 
ဒီတိုင်းပါပဲ အချိန်မတန်သေးခင် တချို့အရာတွေဟာပုန်းနေတတ်တာ
မလိုအပ်ချက်တွေဟာ ဖုန်ထလွယ်
ဒီအကြောင်းကြားရတာ စိတ်ကိုပုရွက်ဆိတ်ကိုက်တယ်
ပုရွက်ဆိတ်တွေရဲ့သမိုင်းဟာ တကောင်ချင်းရေးလို့မရသလိုပဲ
ခေတ်ရဲ့တောင်းဆိုမှုအရ နေရာတိုင်းမှာလုကပ်ထားတဲ့ ဲ့ကြော်ငြာတွေ
ဒါ ပျော်စရာ စိုက်ခင်းတခုပါ
ကျုပ်တို့ ပိုးဟပ်တွေလို နေထိုင်လို့လဲဖြစ်တာပဲ
စတော်ဘယ်ရီရဲ့အရသာထက် သူ့အသွေးအရောင်က
ပိုပြီး ခံတွင်းလိုက်တယ်လို့ ဒင်းကပြောတယ်
ကိုယ့်အလိုအရ
ကြားဖူးနားဝထဲမှာ ဧဒင်ဥယျာဉ်ကို အကြိုက်ဆံးုပဲ
မြောက်ကျွန်းသူနဲ့့ ကျောက်မျက်မီးအလင်းရောင်တွေ 
သိပ်လှတဲ့ ဒဏ္႑ာရီထဲက နတ်မိမယ်တွေ 
အစီစဉ်အရ စီးကရက်ဗူးခွံထဲထည့်ထားမယ်
ဒါဟာ မသောက်ဖြစ်သေးတဲ့ မီးခိုးတွေပဲ
ခေါင်းကိုမော့ကြည့်တော့ ငေးမှိုင်နေတဲ့ဓါတ်တိုင်နဲ့
ငိုညီးနေတဲ့ဓါတ်ကြိုးတွေ
ခေါင်းကိုငုံ့ကြည့်တော့ ခြေရာဟောင်းတချို့ဟာ
တက်ကြွနေကြရဲ့။။


ခိုင်သစ်
February, 12,2015

No comments: