မာန္မာနေတြ ဟစ်တိုင်ကလေး တည်တိုင်း
အတ္တချင်းစီးချင်းထိုးတဲ့ပွဲမှာ
သောကတွေကြား အကျည်းကျနေတဲ့ဘ၀တွေ
ချိုးဖြူငှက် သံလွင်တစ်ခက်နဲ့ အတောင်ဖြန့်မဲ့ရက်ကို
ပြင်းရှဆာလောင်မွတ်သိမ့်နေခဲ့....။
ကြပ်ခိုးအထပ်ထပ် ဖုန်အလိမ့်လိမ့်တက် မငဲ့မကွက် ထင်ရာစိုင်းနေတဲ့
ငြိမ်းချမ်းရေးတရားက ဘယ်တော့အတောင်ပံဖြန့်မလဲ...
ချုပ်ရိုးဗလပွ ဒုက္ခအစုံထမ်းပိုးထားတဲ့မျှော်လင့်ချက်မဲ့မျက်၀န်းတွေက
စစ်ရဲ့ အရိအရွဲတွေကြားမှာ အပုပ်အသိုးခံနေခဲ့ရတော့
အနာဂါတ်အလင်းတန်းက မှေးမိန်နေဆဲပေါ့........။
စစ်ပွဲတွေရပ် လို့အခါခါဟစ်ကြွေးတိုင်း
အပ်က္ပ်က္က နှာခေါင်းသွေးထွက်ဆဲ
အလဲလဲအကြဲကြဲ အပြိုအပျက်ကြားမှာ
စစ်အတွက်အကြောင်းပြချက်ကသစ်လွင်လာမြဲဆိုတော့
စစ်မဲ့ငြိမ်းချမ်းရေးက စစ်တလင်းမှာပဲ ကြွေပြီးရင်းကြွေခဲ့တယ်....။
စစ်နဲ့အိုနာစပြုလာတဲ့ကမ္ဘာမှာ ငြိမ်းချမ်းရေးက
အနာသိ ဆေးမရှိသေးတဲ့ပုစာၦလိုလို
အမှားမှားအယွင်းယွင်း သူတစ်လူငါတစ်မင်း
ယုံကြည်ချက် အတွက် ဘ၀တွေပေါ်က ကျည်ပေါက်ရာအထပ်ထပ်မှာ
မျှော်လင့်ချက်က အမြစ်တွယ်နေဆဲမို့ ကမ္ဘာအနှံ့ဆုတောင်းသံအဆက်ဆက်က
မငြိမ်းချမ်းခြင်းတွေ ဒူးမထောက်သေးရွေ့တော့ ဆက်ဆုတောင်းနေရအုံးမယ်
ကမ္ဘာမြေငြိမ်းချမ်းပါစေ
ကမ္ဘာမြေငြိမ်းချမ်းပါစေ
စစ်သွေးညို (၂၁.၉.၂၀၁၃)4:31AM World Peace Day
No comments:
Post a Comment