မြင်မိသူတိုင်း...
ရင်ကို မီးစနဲ့ထိုးမိသလိုမျိုး
သူ့..မျက်၀န်းဆီက အရိပ်တိုင်းက နွမ်းနွမ်းလျလျ
နှစ်သိမ့်မှု့ တရားဓမ္မက သူသောကကို အိပ့်မွေ့မချနိုင်ခဲ့တာ
ရိုးသားတဲ ့လောဘက သူအာရုံမှာ သနေ္ဓတည်နေခဲ့လို့....။
လှုပ်ရှားမှု့တိုင်းမှာသိမ်မွေ့တဲ့ အလိုရမ္မက်က ရဲရဲနီလို့...
လောဘအတွက် ချေွးတစက်က သမ္မာအာဇီ၀စော်နံနေလေရဲ့...။
ရှတလွန်းတဲ့့နေရောင်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း ကျောကိုခင်း
ဇောချွေးလှိုင်လှိုင် တစ်ရစ်ချင်းရစ်ရစ်ထုတ်နေတာဟာ
သူ့သောကတွေအတွက် သူစိတ်အတွက် အပန်းဖြေရုံသက်သက်ပဲ
ဒါဟာ သူ၀မ်းစာ တစ်ထွာတစ်မိုက်အတွက် နိမ္ဗာန်နန်းတမျှ
မြင့်မြတ်ခမ်းနားတဲ့ ငရဲခန်း ဖြစ်တယ်......။
တင်းကုပ်သာသာ စတည်းချရတာ သူရဲ့ ရိုးရာ
ဗလာကျင်းနဲ့ ခါး၀တ်အောက်ပိုင်းသာသာ သူ့..ယဉ်ကျေးမှု့က
မိရိုးဖလာ ဆက်ခံခဲ့တဲ့ အေမြ....
၀မ်းရေးအတွက် အပူအပင်တွေမွေးရင်း
သောကနဲ့ ဒုက္ခကွေကအချမ်းသာဆုံး.....။
စိတ်တခေါ်စာအတွက် ရှန်ပိန်ကိုမသိဘူး
ဂီတဆိုတာ သူ့ ၀င်သက်ထွက်သက်တိုင်းမှာ တရှူးရှူး..တဟူးဟူးနဲ့
သူဟာ..လူ လူချင်း ၀ငိသက်ထွက်သက် မတူညီတဲ့သူ ဖြစ်တယ်......။
မြည်တွန်းတောက်တီးသံတွေနဲ့ သူလောကကိုမျက်နှာမငယ်စေတဲ့သူ...
စိတ်ပျက်ညည်းညူသံတွေဖြန့်ကျက်ရင်း
မဟူရာကျောတစ်ပြင်လုံးက လောကဓံကို ခါမချခဲ့ဘူး...
အရာရာအတွက် သူ့ ..စိတ်ဓာတ် နဲ့ သူ့.. ခွန်အားက
ဘ၀အတွက် အသင့်အနေအထား....။
စစ်သွေးညို
၉.၉.၂၀၁၃ တနင်္လာနေ့ 1:27PM
No comments:
Post a Comment