ဘ၀ထဲ ရုတိတရက်ချိုးဆစ်၀င်လာတဲ့့ သံယောဇဉ်အခင်းအကျင်းထဲ
နှလုံးသားပေါက်မတတ် မရိုးသားမိခဲ့တဲ့သူ..
စောင့်စည်းမှု့တွေထဲ နှလုံးသားတောက်ခေါက်သံကို
ဟန်ဆောင်မှုတွေနဲ့ လမ်းလွှဲပြည်ဖုံးကားချရင်း
ညည်းတွားခြင်းတွေထဲမှာ ကဗျာတစ်ပုဒ်နဲ့နေသားကျအောင်နေခဲ့မိတယ်
မအိပ်စက်နိုင်ခြင်းတွေမှာ သာယာမိတဲ့အငွေ့အသက်နဲ့
ကွက်လပ်တစ်ခုဖြည့်စွက်ရင်း မိုးစင်စင်လင်းခဲ့ရတဲ့ညတွေများတော့
အချစ်ရဲ့ ...ဘာသာဗေဒကွဲလွဲမှု့မှာ
ငါ..ဟာ စိတ်ကိုစိတ်နဲ့လုပ်ကြံရင်း
စိတ်ခွပ်သမျှ ငါ့ရင်ကွဲပြနေရတာပေါ့...
ငါ့..နှလုံးခုန်သံတိုင်းက ငါ့..သစ္စာ
ငါ့..၀င်သက်ထွက်သက်တိုင်းက..မင်းပဲဆိုတော့
ကောင်မလေးရေ..
ငါ ဘ၀ကို မင်းရင်ခုန်သံတွေထဲမှာပဲ
ပျောက်ရှနေစေချင်မိတယ်ကွယ်..
ဒီလိုနဲ့ပဲ.
သံယောဇဉ်ကိုနက်သထက်နက်အောင်တူးဆွ..
အသံတိတ်ရင်ခုန်သံနဲ့ အချစ်တွေအပေါ်နွဲ့ဆိုးဆိုးရင်း
တိုး၀င်ချင်နေတဲ့ရင်ခွင်လေး လက်ခံနေတဲ့ထိ
ခေါင်းမှီမေးစက်ချင်နေမိတယ်...။
မင်းခတ်(၂၄.၆.၂၀၁၃)၉း၂၂ PM
No comments:
Post a Comment