တစ်စက်ချင်းကျနေတဲ့အရိပ်ကို
လေထဲပွင့်တဲ့ဆည်းလည်းသံနဲ့ငြိခဲ့
အလင်းရောင်များပုံပြင်ဆန်ချင်ဆန်ပလေ့စေ။
လောင်ကျွမ်းမှုမီးအဟုန်
မြင်ရသောအ၀ှန်း
တိတ်ဆိတ်ပင့်သက်မှာ
အိပ်မက်ကိုမျှောချခဲ့။
ဆံပင်ဖျား
လှိုင်းတို့ငေါက်ခနဲထထိုင်ခဲ့ပြီ
ဘ၀အမှောင်ရေဆူမှတ်တစ်ခု
ဆုံတာတစ်ခုအပေါ် အပြုံးဒုက္ခအထွေထွေ။
ကြေးစည်သံကြွေကျ သစ်ရွက်အလင်း
လက်ဖျောက်တစ်ချက်တီး ကြယ်ပွင့်ကြွေငေးသလို
ငြိမ်းချမ်းမှုရနံ့စုနေရတယ်။ ။
တိုးနှောင်မိုး
No comments:
Post a Comment