Sunday, December 22, 2013

ဆန္ဒ


ဆရာတို့ပြောပြောနေတဲ့
ပွတ်ရှ်ကင်ကိုသိချင်တယ်
မာယာကော့ဗ်စကီးကိုသိချင်တယ်
ကဗျာဆရာဖြစ်ချင်တယ်...............။

မွတ္စုစာအုပ္ကို
ကိုယ်နဲ့မကွာထားချင်တယ်
တွေးမိတာတွေကို
ချက်ချင်းချချရေးချင်တယ်
ကဗျာဆရာဖြစ်ချင်တယ်..............။

တစ်ခါတစ်ခါများ
တွေးမိတာလေးတွေက
လှမှလှလို့တော့
ထင်မိတာကခဏခဏ................။

ချရေးကြည့်လိုက်တော့
ကဗျာတစ်ပိုဒ်တောင်မရ
ဒါနဲ့များဖြစ်ချင်လိုက်တဲ့
ကဗ်ာဆရာ.............................။

နောက်ဆုံးတော့
ကိုယ့်လက်ကိုပြန်ခေါက်သိမ်းရင်း
စိတ်ထဲမှာသာဆိုညည်းကြည့်ခဲ့မိပေါ့။

ကမ်ဘာမြေအတွက်
အပြစ်ကင်းတဲ့
စစ်တလင်းတစ်ခုကို
ချစ်ခြင်းအပြည့်နဲ့
ခင်းကြမယ်.......................တဲ့။

                                               ဟန်ဇော်လတ်

No comments: