Saturday, August 23, 2025

ကမ္ဘာကြီး စာနာမှု့ မဲ့သွားတဲ့ နေ့


ကမ္ဘာကြီးအညောင်းအညာဖြေ 
သမ်းဝေလိုက်တဲ့ နေ့
ရထားတစီး ရင်ဘတ်ပေါ် 
အရှိန်နဲ့ခုတ်မောင်းသွားသယောင် 
နေ့ခင်းကြီးမက်တဲ့
အိမ်မက်ကတုန်ခါသွားခဲ့တယ်...။
ဒါက...
ကွင်းပြင်စိမိးစိမ်းပေါ်က 
လေညင်းလေးရဲ့ ဖြတ်လျှောက်သံမဟုတ်ဘူး...
ကမ်းစပ်က ရေလှိုင်းလေးရဲ့ 
ကူးခတ်သံ မဟုတ်ဘူး....
ကန္တရ ပင်လယ်ထဲက 
သဲဝှေ့သံ မဟုတ်ဘူး....
အိမ်ခေါင်ပေါ်က မိုးစက်တချို့ရဲ့
ခုန်ပေါက်သံ မဟုတ်ခဲ့ဘူး....
ဒါဟာ... ကမ္ဘာပျက်ပွဲအတွက် 
Rehearsal preview ပဲ......။

မြို့တစ်မြို့ရဲ့ အသက်ရှုသံတွေက တုံဆိုင်း
စာနာမှု့မဲ့ အိပ်မက်ဆိုးဆိုးအတွက် 
အကြောက်တရား လတ်လတ်ဆတ်ဆတ်တွေနဲ့
သံယောဇဥ်တချို့ ခါချပစ်ခဲ့ရသလို 
ကိုယ့် အသက်ကိုယ်တောင် 
လက်ကလေးနဲ့ ဆုပ်ကိုင် ပျိုးထောင်ခဲ့ရတယ်...
ထိခိုက်နာကျင်မှု့တွေက ဘယ်အရာနဲ့ ညှိနှိုင်းမရတဲ့
အရင်းအမြစ်အသစ်ဆိုတော့... 
ကမ္ဘာကြီးရဲ့ တောက်ခေါက်သံအောက်မှာပဲ
ခေါင်းငုံ့ ခံလိုက်ကြရတယ်.......။

ကိုယ်တကိုယ်စာကြားနာရုံမျှ 
ကူရာမဲ့ ညည်းတွားသံအချို့က 
အိမ်နီးချင်း အချင်းချင်းတောင် ထပ်တူမကျဘူး
အပြိုအပျက်တွေကြား 
ကြိုးစားရှင်သန်ခြင်းက ပြားပြားဝပ်လို့
ကိန်းဂဏန်းမဲ့ သွားတဲ့ ဘဝတွေက
ဖုန်အလိမ်းလိမ်းနဲ့ 
တစ်ဦးချင်းစီရဲ့ ဖြစ်တည်မှု့တိုင်းက
အက်ကွဲသံလိုလို ပြိုလဲသလို
ရက်ဘတ် တစုံစီတိုင်းမှာ 
အက်ကြောင်းရာကိုယ်စီ နဲ့ 
ဒုက္ခအစုံက နေ့ချင်းကြီး ကိုမွေးဖွားခဲ့တယ်...။

              စစ်သွေးညို (23.8.2025)SAT 8:18PM

No comments: