Tuesday, July 9, 2013

မိန်းကလေးတစ်ယောက် ပြောပြောနေတတ်တဲ့ ယောကျ်ားတို့အကြောင်း


ယောကျာ်းတွေ အကြောင်း
မကောင်းကြောင်းကစလို့ မောင်းတီးပြောလိုက်ချင်
တောသုံးထောင်ဆုံးအောင်ပြောရင်ဖြင့်..
တစ်လှေလုံး ပုပ်ကုန်တော့မယ်...
က်ား..က်ား..
ဂူအောင်းတဲ့..က်ား.
ဂူမအောင်းတဲ့..က်ား
သြော်...ယောကျ်ားဆိုတာ ဂူမအောင်းနိုင်တဲ့..က်ားပါလား။ 

တဏှာလေးနဲ့ နှာတွေးလေးကတွေးတတ်သေး
မြင်မြင်ရာငေး အမြင်အာရုံကို အာဟာရတွေကြွေးရင်း
အခွင့် နဲ့ အခါက လမ်းကြုံလို့များ လိုက်လာခဲ့သေးရင်
အချစ်ဆိုတဲ့ စကားတွေနဲ့ လိပ်ထားခဲ့တဲ့လျှာ အရိုးတောင်ထွင်ထားကြ..။
သစ္စာ စကားဆိုတာမ်ား ပါးစောင်မှာတော့ ငုံငုံထားတတ်ကြ..။
အလဲ..အပြောင်း နဲ့ အပြောင်းအလဲကသိပ်မြန်
ဒင်းတို့.အကြံပြောင်းချိန်ကလေးတန်တော့
သစ္စာဆိုတဲ့ လမ်းမပေါ်မှာတော့ အခ်စ္ဆိုတာ
ဘယ်ဘက်မှာ တစ်ဘက်
ညာဘက်မှာ ကတစ်ဘက်
တခါက..လျှပ်တပြတ်သုံးနှုန်းခဲ့တဲ့ ပုလဲကလေးတစ်လုံး
.ကျောက်ခဲလုံးလောက်သာသာဖြစ်ခဲ့...
မိန်းမသား...မိန်းမသားဆိုတာ
လက်ရုံး နဲ့ နှလုံးသား
အားနွဲ့သူတွေပါ...
တအားနွဲ့ခဲ့တော့ ....အားကိုးကလို
အားကိုးလိုလို့...ရှင်ကြီးကို ကိုး
သြော်...ရှင်ကြီးတိုက့ ကျားထက်ဆိုးသေးသကိုး......။ 

                                  နဒီလင်း
(အားလုံးကို မဆိုလို ကဗျာကို ကဗျာလိုဆို)

 




No comments: