ရှစ်ခွင်လုံး မှုန်မှိုင်းညိုရီကာ မိုးတအေးအေး မိုးတစိမ့်စိမ့်ဖြင့် ပတ်၀န်းကျင် တစ္ခုလုံး စိုစွတ် ထိုင်းမှိုင်းနေသည်။ ထိုကဲ့သို့သော နွေးစိမ့်စိမ့် အရိပ်အယောင်များက ကျွန်တော့် နှလုံးသားဆီ မိုးအလင်္ကာများနှင့်အတူ တောင်သူများ မှတ်သားထားသော စာကဗျာတို့က တရိပ်ရိပ်ရင် ခုန္မိလာ၏။
တစ်ဆယ့်နှစ်လမိုး
၁။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
၂။ ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုး နှံ့နှံ့
၃။ နယုန်မိုးသေး၊ မြက်သားမွေး
၄။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး
၅။ ဝါခေါင်တစ်ကြောင်း၊ ထနောင်း ကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း
၆။ တော်သလင်း တိမ်ညို၊ စားဖိုသည် ဆင်းရဲ၊ မိုးစမဲ
၇။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး
၈။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်
၉။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်
၁၀။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်
၁၁။ တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း
၁၂။ တပေါင်းလည်းကူး မိုးသားကြူး
(မုံရွေးဆရာတော် မှတ်စု)
ပိုင်ရှင်မရှိတော့သည့် မိုးအလင်္ကာသည် ကဗျာသန်းခေါင် စာရင်းတွင် တည်မြဲစွာ ရှိနေဆဲဖြစ်၏။ ထိုမိုးအလင်္ကာကို တောင်သူများက ယခုထိ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုမိုးအလင်္ကာကို မုံရွေးဆရာတော်က မှတ်တမ်းပြု ထားကြောင်း ဆရာကြီး ဒဂုန်ဦးစန်းငွေက ဆယ့်နှစ်လမိုး ၁၉၇၂ စာ/ဗိမာန်တွင် စာတမ်း ပြုထားပါသည်။
တောင်သူများက မိုးလေ၀သကို အထူးဂရုပြုကြသည်။ မိုးနှင့် တောင်သူတို့က နွားဖြင့် တြဲ၍ အလုပ်လုပ်ရသလို အမှီပြု အသက်မွေး၀မ်းကျောင်း သူမ်ား ဖြစ်ကြသည်။ ထို့ကြောင့် မိုးဖွဲ့ကဗျာ အလင်္ကာများက လက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။ မိုးရာသီဖွဲ့ ကဗျာများဖြင့် ပတ်သက်ပြီး ဆရာကြီး ဒဂုန်ဦးစန်းငွေက စေတနာကြီးစွာ ပြုစုထားတာကို မှတ်သားဖတ်ရှုရာမှ ထပ်ဆင့် ခံစားမိပါသည်။
ဝါဆိုမိုးကို 'ဝါဆိုလပြောင်း၊ မိကျောင်း ဖွေးဖွေး၊ မိုးအေးအေး' ဟု ဆယ့်နှစ်လရာသီ မိုးစာရင်းတွင် ဖွဲ့ဆိုထား၏။ ဝါဆိုမိုးသည် မိုးအေးဖြစ်သည်။ ဝါဆိုမိုးက မိုးဦးလေဦး ဖြစ်သောကြောင့် သဲသဲမဲမဲရွာသော မိုးဟု သတ်မှတ်သည်။
ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေးဟူသော စကားကို တချို့က မြစ်ထဲတွင် မိကျောင်း ရေသတ္တဝါများ ပေါများစွာ တွေ့ရသည်ဟု ထင်ကြ၏။ တကယ်တော့ ဝါဆိုလတွင် ပွင့်တတ်သော မိကျောင်းပန်းများ ပွင့်သည်ကို ဆိုလိုသည်ဟု ယူဆရသည်။ ဝါခေါင်မိုးအား 'ထနောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကာ မိုးမရွာ' ဟူသော ပန်းတို့ကိုတင်စား ဖွဲ့ဆိုထားတာ တွေ့ရသောကြောင့် ယခုမိကျောင်းဖွေးဖွေး ဆိုသည်မှာလည်း ပန်းကိုဆိုလိုသည်ဟု ကောက်ချက် ချမိပါသည်။
ဝါဆိုသည် ကောက်စိုက်ကာလ ဖြစ်သောကြောင့် ရေအေးအေး မိုးအေးအေး၌ သီဆိုကြသော ကောက်စိုက်တေး တွေလည်း ရှိသေးသည်။ ကောက်စိုက်တေးသည် တပျော်တပါး၀ိုင်း၍ သီဆိုရေသာ တေးဖြစ်သည်။ ယင်းကောက်စိုက်တေးကို သီဆိုရင်း ကောက်စိုက်သမများသည် စကြ နောက်ကြရင်း ပင်ပန်းသည်မရှိ ပျော်ရွှင်နေကြသည်...
မိကျောင်းပန်းသည် နွယ်ပင်တစ်မျိုးဖြစ်၏။ သစ်ပင်ကြီးများပေါ်သို့ နွယ်တက်၍ ရှင်သန်သော နွယ်ပင်တစ်မျိုး ဖြစ်သည်ဟု ဆရာကြီး ဒဂုန်ဦးစန်းငွေက ရှာဖွေပြုစု ထားပါသည်။ နွယ်ကိုကြိုးအဖြစ် အသုံးပြုကြ၏။ မိကျောင်း အရွက်သည် ရှည်၍ထိပ်၀ိုင်းသည်။ မာကျောပြီး ပြောင်လက် တောက်ပသော အရောင်ရှိသည်။
တောင်တွင်းဦးကြော့က သူ့ကဗျာတွင် မိကျောင်းပန်းကို ထည့်၍ ဖွဲ့ဆိုထားသည်။
'နီနံ့သာဖြူ အတော်ဖက်ပါလို့၊ သည်အငူ မော်အတက်မှာလ၊ ကျော်ကရမက် ကယ္က မွှေးလှတယ်။ ဂိန်အကူးပေမို့၊ ချိန်ဦး၀သန်မှီလို့၊ ဟန်ချီချီ ပျံပုရစ်တွေက၊ ဖူးလှစ်စသွယ်၊ ရပ်မြေပြင်သည် အလှဲ့မှာတော့ ခတ်ရွှေရင် ပလီခဲ့တာမို့၊ သည်နွဲ့နွဲ့ ခိုင်စံပယ်ငယ်၊ မြိုင်အလယ်မှာ ကြိုင်လှောင်း။ ခပေါင်းပင်၊ လက်မောင်း လိမ်လည်တင်လို့၊ ကြိမ်နွယ်သွင် တစ်မည်ရှိပေမယ့်၊ လေနှင်ရာ ငွေစင်အိကဲ့သို့၊ နှစ်အခြေ ခေတ်ရေထိပြန်တော့၊ ချောင်းငူမှာ တောင်သူတို့ သိရန်ဖို့၊ ဆန်းပွေ ဘိတောင်းတဲ့မှ၊ ပန်းငွေမိကျောင်း။
ထိုကဗျာကို ခံစားမိသောအခါ နွေအကူး မိုးဦးတွင် ငွေရောင်မိကျောင်းပန်းများ မိုးအေးအေးတွင် တဖွေးဖွေး ပွင့်နေသည်ဟူသော အဖွဲ့အနွဲ့ကို တွေ့ရမည် ဖြစ်ပါသည်။ ဤဝါဆိုလတွင် ရွာသောမိုးရေသည် အေးမြသည် ချမ်းသည်ဟု ဆိုလို၏။ ဥတုသမုဋ္ဌာန်ကြောင့် အေးခြင်း ချမ်းခြင်း ဖြစ်ရသည်ဟု ဆိုကြ၏။
ဝါဆိုသည် ကောက်စိုက်ကာလ ဖြစ်သောကြောင့် ရေအေးအေး မိုးအေးအေး၌ သီဆိုကြသော ကောက်စိုက်တေး တွေလည်း ရှိသေးသည်။ ကောက်စိုက်တေးသည် တပျော်တပါး၀ိုင်း၍ သီဆိုရေသာ တေးဖြစ်သည်။ ယင်းကောက်စိုက်တေးကို သီဆိုရင်း ကောက်စိုက်သမများသည် စကြ နောက်ကြရင်း ပင်ပန်းသည်မရှိ ပျော်ရွှင်နေကြသည်။ (ယခုခေတ်တွင်တော့ ကောက်စိုက်တေး မဟုတ်သော ခေတ်သီချင်းများက အစားနေရာ ယူနေကြပြီ) ဟိုးယခင် တေးတစ်ပုဒ်မှာ
''ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ. .။ ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာတောင်ကချောင်း၊ ရွာနောက်ပေါင်းကို၊ ထနောင်းကြောင်ကျစ် (ချစ်)၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာသည်၊ ရွာပါသော်လည်း၊ မိုးမသည်း'' ဟူ၍ဖြစ်သည်။
အိုင်ချင်း အမျိုးအစားဖြစ်သည်။ တောင်တွင်းရှင်ငြိမ်းမယ် အိုင်ချင်းဟု ဆိုကြ၏။
မိုးရွာခြင်းက အကြောင်း မြစ်ချောင်း အင်းအိုင်တို့၌ ရေပြည့်လျှံနေခြင်းက အကျိုးဖြစ်သည်။ ရေဖောင်ဖောင်ဟူသော စကားသည် ရေကြီးခြင်း ရေများခြင်း အဓိပ္ပာယ်ကို ဆောင်၏။ ဝါဆိုမိုးကြောင့် ရေများက မြစ်ထဲချောင်းထဲတွင် ဒလေဟာ ထိုးစီးနေသည်။ ထို့ကြောင့် ၀ဲကတော့များ ဖြစ်ထွန်းလာ၏။ ၀ဲအော်သံများက နားကွဲလုမတတ် ဆူညံစြာ ကြားရသည်။ ထို၀ဲအော်သံတို့ကို လူသားမ်ား ကြောက်လန့်ကြသည်။ ၀ဲအော်လျှင် အန္တရာယ် တစ်ခုခုဖြင့် ကြုံရသည်ဟု အယူရှိကြသည်။ ထို၀ဲထဲသို့ ခွေးသေကောင်များ ပစ်ချပြီး ၀ဲငြိမ်အောင် ပြုကြသည်။ မြန်မာတို့ အယူဖြစ်သည်။
မယ်ခွေက ၀ဲအော်သံကို ဖွဲ့ဆိုပြန်သည်။
''စခန်းကြိုင်သင်း၊ ရဂုံတွင်းမှာ၊ ငှက်မင်းသားနှယ်၊ ရွှေစလွယ်ကို၊ သုံးသွယ်ဆင်လို့ မိတ်လင်မှစုံညီ၊ ကြည့်ပါအလို၊ မြင်သူငိုရအောင်၊ အဖိုအဲခ်၊ အမအဲတိုင်၊ ဖွင့်၀တ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ချီသည်၊ မြစ်နဒီ ရေပြည့်လို့၊ ၀ဲလှည့်သံဆဲ . .''
ရာသီမိုးကို မယ်ခွေက မိုးဝါဆိုအဖွဲ့ဖြင့် လှပစွာ ဖွဲ့ဆိုထားကြောင်း သိရသည်။ ဝါဆိုသည် ၁၂ ရာသီတွင် ကရကဋ်ရာသီ ဖြစ်သည်။ ဝါဆိုလသည် မဟာပိန္နဲနတ်မင်းကြီး စက်ပျော်သောလ ဖြစ်သည်ဟု စာဆိုတော် ဦးမင်းက ဖွဲ့ဆိုထားသေးသည်။
ရှေးစာဆိုတို့သည် ခံစားမှုသန်ရာ ရင်ခုန်သရွေ့ကို ကမ္ပည်းအမျိုးမျိုးထိုး၍ ဖွဲ့ကြ၏။ ရာသီမသိပန်းနှင့် ညှိဆိုသော စကားရှိသည်။ မဟာအတုလ နတ်မင်းကြီးက ရာသီဖွဲ့နဲ့ ရာသီပန်းကို အားပြု ဖွဲ့ဆိုထားတာလည်း ရှိသည်။
'ရာသီကဣဋာ၊ နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်၊ ဖိုးမြတ်ကယ် နိဗ္ဗူ၊ အောင်ဆုယူလို ရှစ်ဖြူရိပ်ခံ၊ ပဉ္စင်းတော်ခံသောအခါ၊ ရေလျှံတဲ့ ဝါဆိုမှာ ပုန်းညက်ညို မာလာမင်းက သင်းလှတယ်လေး' ဟု ရေးသားခဲ့ပါသည်။
ကျွန်တော်တို့ နယ်မြို့များတွင်တော့ ဝါဆိုသည် ဝါဆိုပန်းခူး တောလည်သော တောပန်းများကို ဘုရားတွင် ကပ်လှူသော ပွဲတော်လဖြစ်သည်။ တချို့အရပ်၌ ဝါဆိုလပြည့်နေ့။ တချို့အရပ်၌ လပြည့်ကျော် ၁ ရက်နေ့တို့ ဖြစ်သည်။ လူငယ္သဘာ၀ ပျော်ရွှင်ဖွယ်ကောင်းသော လဖြစ်သည်။ ဝါဆိုလပြည့်နေ့တွင် တောကျောင်းများ သြားကာ မြန်မာလူမျိုးတို့ ဥပုသ္သီလ ဆောက်တည်ကြသည်။ ငြိမ်းအေးမှု စတင်သော ပြည်သူလူထု ကုသိုလ္ထူး ရရှိစေမည့် ဝါတွင်းအစလလည်း ဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် ဥပုသ္သီလ ဆောက်တည်ကြသော ဝါတွင်းလေးလအစ ဝါဆိုလ ဖြစ်ပါသည်။
မြန်မာတို့၏ အစဉ်အလာထဲတွင် ဝါတွင်းသည် မင်္ဂလာဆောင်ခြင်းကို ရှောင်ကြဉ် စေသည့် လဖြစ်ပါသည်။ ထို့ပြင် ငှက်များပင် အသိုက် မတည်ဆောက်သောလဟု သိရပါသည်။
ဤဝါဆိုလ၏ မိုးမှတ်တမ်းတွင် 'မိကျောင်းဖွေးဖွေး မိုးအေးအေး' ဟု ကမ္ပည်းထိုးသွားရာ၌ ရေသတ္တဝါ မိကျောင်းကို ဆိုလိုသည်မဟုတ် မိကျောင်းပန်း ဖွေးဖွေးကို ဆိုလိုခြင်းဖြစ်သည်။ ဝါဆိုမိုး အေးအေးတွင် နွေးလျှံကျလာသော စာဆိုတို့၏ အေတြးစကားလုံးမ်ားကို ကွန့်မြူးရင်း ဝါဆိုမိုးကဗျာ မ်ားအား ခံစားကာ လက်ဆင့်ကမ်းရပါသည်။
တိုးနှောင်မိုး
ကျမ်းကိုး
ဆယ့်နှစ်လမိုး ဆရာကြီးဒဂုန်ဦးစန်းငွေ
No comments:
Post a Comment