Tuesday, July 9, 2013

ငုယင် ဖိုးခေါင်

ငါ ဗီယက်နမ်ကိုသွားမယ်။
အဖိုး ဟို နဲ့ စကားပြောမယ်။
ကျောမှာ ရိုင်ဖယ်လွယ်ပြီး ..
ကလေးတွေကို စာသင်မယ်။
ကျောမှာ ရိုင်ဖယ်လွယ်ပြီး ..
ဧကပေါင်းများစွာ ထွန်ယက်မယ်။
ကျောမှာ ရိုင်ဖယ်လွယ်ပြီး ..
ကိုယ့်သာသနာကို စောင့်ရှောက်မယ်။
ယန်းကီးတွေ မျက်စိမှောက်အောင် ..
တံတားအတုတွေဆောက်မယ်။
ငါ့ ခရာသံအဆုံးမှာ ..
မင်း ကျောင်းတဲ့နွားအုပ်ပါ ..
ကတုတ်ကျင်းထဲ ရောက်နေစေရမယ်။
ငါ့ရိုင်ဖယ်.. နောက်ဆုံးကျည်သံအဆုံး ..
ယန်းကီးတိုက်လေယာဉ် အစင်း ၇၀၀၀
ပြုတ်ပြုတ်ပြုန်းစေမယ်..။
သပိတ်သွပ်စရာမလိုအောင်
သရဏဂုံ မြဲခဲ့တယ်ဆိုတာ..
အုတ်အရောရော ကျောက်အရောရောကောင်တွေ သိစေရမယ်။ ။



ဖိုးခေါင် (30.1.2013)

 
 

No comments: