သူတို့ကိုယ် သူတို့...လိပ်ပြာမလုံတော့တဲ့အခါ.
သူတို့ရဲ့ ၀င်သက်ထွက်သက်ကို
ရိုးသားစွာ ထိန်းချုပ်ကြည့်လိုက်ကြတယ်
နောက်....ပွင့်လင်းစွာ ကိုယ့်လိပ်ပြာကိုယ်
တိုးတိုးလေးကပ်မေးခဲ့ကြတယ်
ငါ.....ရိုးသားခဲ့ပါသလား..
ငါ...တကယ်.ရိုးသားခဲ့ပါသလား. တဲ့ ....
အင်မတန်မှ ခမ်းနားလှပခဲ့တဲ့
မရိုးသားမိခြင်းတွေမှာ
စိတ်ရဲ့ပျော်မွှေ့မှု့က
ဟက်ဟက်ပက်ပက်မဟုတ်ပေမယ့်
စိတ်တဒင်္ဂ ခဏတာလေးတော့
သာယာခဲ့မိပါတယ် ဆိုတဲ့အကြောင်း
သူတို့လိပ်ပြာလေးက တိတ်တဆိတ်
မဝံ့မရဲ့လေး ၀န်ခံလိုက်တယ်.....
အဲဒီနောက်...
သူတို့ဟာ မွန်းကျပ်မှု့တွေ
လွင့်မျောသွားလောက်အောင်
စိတ်တွေပေါ့ပါးသွားကြတယ်
သူတို့ဟာ..ဘုရားသခင်ပေးသလောက်လေးတော့ ရိုးသားစွာလွတ်လွတ်လပ်လပ်
ပျော်ပါးလိုက်ကြတယ်
တကယ်တော့...
မရိုးသားမှု့ဆိုတာမဆန်းတော့တဲ့
မျက်လှည့်ပြကွက်တစ်ခုပဲ
လက်ညှိုးမထိုးခဲ့ရင်တောင်
မလွဲတဲ့ မရိုးသားခြင်းတွေ နဲ့
တလောကလုံးနေသားကျနေလိမ့်မယ်
ပညာတွေ တသီကြီးပိုက်ရင်း
ဘုရားသခင်ရဲ့ အဆုံးအမဆိုတာကို
ခဏတာမေ့နေလိမ့်မယ်
ဆုတံဆိပ်တွေထွေးပိုက်ရင်း
ဆုတံဆိပ်ရဲ့ အနှစ်သာရကို
မေ့ကောင်းမေ့နေလိမ့်မယ်
ငွေကြေးတွေ တထွေးကြီးပိုက်ရင်း
ရောင့်ရဲမှု့တွေ အသောမတတ်ဖြစ်နေလိမ့်မယ်..
ဒါပေမယ့်...တနေ့..
သူတို့ဟာ...
သူတို့ ဖြစ်တည်နေတဲ့ ခန္ဓာအိမ်ထဲက
ရုန်းထွက်ချင်လာမယ်
တကယ်တော့ ဒါဟာနွံစစ်စစ်ပဲ ဆိုတာ
သူတို့သိလာတဲ့အခါ သူတို့ဟာ...
သိပ်မကြာပါဘူး...
သူတို့...ဘုရားသခင်ရဲ့အဆုံးအမအတိုင်း
ရိုးသားဖို့ကြိုးစားလာတော့တယ်.....
လူသားတိုင်း လူသားတိုင်းနီးပါး
ပျောက်ရှခဲ့ကြတဲ့
လူသားတိုင်း လူသားတိုင်းနီးပါး
မေ့ပျောက်ခဲ့ကြတဲ့
ရိုးသား
ဘုရားသခင်ရဲ့ အဆုံးအမ ကျမ်းစာ..ဘ၀အောင်မြင်ခြင်းအတွက်လမ်းညွှန်သက်သက် (etc.)အစရှိသဖြင့်ပေါ့ .... (ကျယ်ပြန့်စွာတွေးခေါ်ပါ)
ဖြစ်တည်ရာဘ၀တစ်လျှောက်လုံး
လှည့်ဖျားမှုတွေ လှည့်ဖျားခံရမှု့တွေနဲ့
နေသားတကျဖြစ်လာခဲ့တော့
အခုထပ်တလဲလဲ ရွတ်ဆိုနေတဲ့ ရိုးသားခြင်းကို ခဲရာခဲဆစ်နဲ့ ဘ၀ထဲ ဇွတ်
တရွတ်ဆွဲခေါ်နေကြတယ်..
ရုန်းထွက်လို့မလွှတ်မြောက်နိုင်တော့ သူတို့ဟာ ရင်ကိုဖွင့် ကောင်းကင်ကိုခပ်စိမ်းစိမ်း
စိုက်ကြည့်ရင်း သူတို့ညည်းဆိုကြတယ် .....
***ဒီမယ် လောကကြီး
ခင်များ.. လုံး၀ မတရားဘူး***
တဲ့ဗျာ.....
စစ်သွေးညို 7:35 PM( Fri day)
No comments:
Post a Comment