ခုံတန်းပြာလေးရေ......
ကိုယ်ပိုင် ညနေခင်းလေးတစ်ခုရဲ့
ကြေကွဲခြင်းအဘိဓာန်မှာ နာကျင်ခြင်းတွေနဲ့ချည်း
ချုပ်လုပ်ထားတဲ့ အလွမ်းနဲ့....ငါလူရာ၀င်လာခဲ့ပြီ.....။
ခုံတန်းပြာလေးရေ....
မင်းနဲ့ ငါ့ကြားမှာ
တစ်ချိန်က..အခါအခါ နုရွပြခဲ့တဲ့ သူမရဲ့..သစ္စာတရားဟာ
လှပတဲ့ ညနေခင်းလေးတစ်ခုမှာ အကျည်းတန်စွာပျောက်ရှခဲ့တယ်နော်...။
အခု...
မင်းလဲ ကြေကွဲတတ်နေပြီလား.........ခုံတန်းပြာ
မင်းရင်ဘတ်ပေါ်ချရေးခဲ့ကြတဲ့
သူမနဲ့့ ငါ့ရဲ့နွေးထွေးမှု့တွေ မမှေးမိန်အောင်တော့
ခေတ္တသိမ်းဆည်းပေးထားပါ ...
ငါ့ရင်မှာတော့....
ပူလောင်မှုတွေနဲ့အတူ ညနေခင်းလေးတွေက ထပ်တူညီနေဆဲပါ
နာကျင်ခြင်းတွေထဲ ပျော်ရွင်မှု့တွေချွတ်လဲပစ်နေရသည့်တိုင်
မျှော်လင့်ချက်တွေ အိုမင်းရင့်ရော်လာသည့်တိုင်
တောင့်တမှု့ကဆာလောင်နေဆဲ ..
ဆိုတော့..
အတိတ္က သူမအရိပ်ကိုမျှော်လင့်ရင်း
ငါ့ ကိုယ်ပိုင် ညနေခင်းလေးဘယ်တော့မှ နေမ၀င်ခဲ့ဘူးဆိုတာ
ခုံတန်းပြာလေး..မင်း..ငါ့အတွက်သက်သေခံပေးပါ.......။
စစ်သွေးညို (၂၂.၇.၂၀၁၃) 2:19 AM
No comments:
Post a Comment