August !
Do you think we are victims ?
You poisoned our vein of Rivers
You flooded our pastureland with your droplets
August !
We don't want to hate you
Do you think we are victims ?
You acted like a absolutist
You killed our Brothers and Sisters
with your bullets like droplets
August !
You did make a greatest mistake irrationally
You did it irrationally
August !
We don't want to hate you.
HAN ZAW LATT
ဂြတ်စ်
ငါမင်းကို မုန်းချင်နေပြီ သြဂတ်စ်
မင်းဟာ ငါတို့ကောင်းကင်တွေကို
တစ်စစီခြွေပြီး မြိန်ရေယှက်ရေစားသုံးနေတုန်းပဲ
မင်းရဲ့မိုးရေစက်တွေဟာ အပြစ်မကင်းတော့ဘူး
မှော်ဆရာတစ်ယောက်ရဲ့အိပ်မက်တွေကို
မင်း ရိုက်ချိုးခဲ့တာ ကိုးနှစ်
ငါတို့ဆုံးရှုံးခဲ့တာက
နှစ်ကိုးဆယ်စာမကတဲ့ အနုပညာ။
သြဂတ်စ်
ငါမင်းကိုမုန်းချင်နေပြီ သြဂတ်စ်
မင်းဟာ ငါတို့ကောင်းကင်တွေကို
တစ်စစီခြွေပြီး မြိန်ရေယှက်ရေ စားသုံးနေတုန်းပဲ
မင်းရဲ့မိုးရေစက်တွေဟာ အပြစ်မကင်းတော့ဘူး
ပြည်သူ့ခေတ်ရဲ့ ကြယ်တစ်ပွင့်
ငါတို့ခေတ်ရဲ့ ကြယ်တစ်ပွင့်ဟာလည်း
မင်းလက်ထဲမှာ ကြွေလွင့်ရပြန်ပေါ့
(၁၁.၈.၁၃) မှာမင်းပြုံးနေခဲ့တယ်လေ။
ဒီမွာ
သြဂတ်စ်
နောက်တစ်ခါဆို မင်းကို
ငါ့ပြက္ခဒိန်ထဲကနေ
အပြီးအပိုင်ထုတ်ပစ်လိုက်တော့မယ်။
(ကိုငှက်(ထူးအိမ်သင်) နှင့် ဆရာမောင်ဝံသ တို့အားနှမြောတသလျက်)
ဟေ့ သြဂတ််စ်
မင်းကိုငါမုန်းလိုက်ပြီ
ငါ့ပြက္ခဒိန်မှာ
မင်းအတွက်
နေရာမရှိတော့ဘူး။
(၁၄.၈.၂၀၁၃)ဆရာမင်းလူကိုထပ်ခေါ်သွားပြန်တယ်။
ငါတို့ရဲ့ အလွမ်းဇာတ်ကို
ဒီလကုန်ရင်
တစ်ခန်းလောက်တော့
ရပ်ပါရစေ
သြဂတ်စ်ရေ။
(ငါ့အသက်နဲ့ ထပ်ပြီး တောင်းပန်ပါရစေ)
ဟန်ဇော်လတ်
No comments:
Post a Comment