တစ်စုံတစ်ယောက်ဟာမမြင်ကွယ်ရာမှာ သူ့အကြောင်းတွေကိုပြောချင်ပြောနေခဲ့လိမ့်မယ်
သူဟာတမင်တကာပဲတိတ်ဆိတ်နေဦးတော့ 'ကျွန်မဘယ်တော့မှနောင်တမရဘူး'ဆိုတာ
အမှားတစ်ခုလည်းဖြစ်ရင်ဖြစ်နေခဲ့လိမ့်မယ်........
ဘေးမဲ့ဥယျာဉ်အိုကြီးထဲကသင်းကွပ်ခံထားရတဲ့သစ်သီးတွေလို
သူ နဲ့ ကျွန်တော်ရဲ့အချစ် ဒီဇိုင်းအမျိုးမျိုး တီထွင်မှုအဖုံဖုံနဲ့
ကိုယ့် က ဟန် ဆို ဟန် ကိုယ့်ခြေဖနောင့်ကအစ
ကိုယ်နဲ့ထိုက်တန်ခဲ့ရဲ့လားမေးယူရလောက်တယ်
တကယ်လို့....
သူ့ကိုယ်တစ်ပိုင်းပုံကြီးကို နံရံမှာကပ်ပြီး
သူဟာကတ်ကိုဘိန်းပါဆို....သူဟာကတ်ကိုဘိန်းဖြစ်သွားပြီး သူဟာကျည်ဆန်တွေကိုလည်း ကြောက်မက်ဖွယ်ရာအသည်းနှလုံးတည့်တည့်ကို
ကြောက်မက်ဖွယ်ရာအသည်းနှလုံးတည့်တည့်ကိုထိုးထည့်ပြီး
လွတ်မြောက်ချင်လွတ်မြောက်ချင်လွတ်မြောက်သွားလိမ့်မယ် ....
ပုန်းနေချင်ပေမယ့် မမြင်ကွယ်ရာမှာ
သူရှိနေတယ်ဆိုတာကိုလည်းသိမနေစေချင်ဘူးလေ
ဒီမွာ.. ဒီမွာ..
အဝေးကအယောင်ဆောင်ကောင်းကောင်းနဲ့လှမ်းခေါ်နေတာ...သူ လား
ခလုတ်တစ်ချက်နှိပ်တာနဲ့ နယ်နိမိတ်တစ်ခုပြည့်စုံသွားစေရမယ်
ကဗျာဆရာတစ်ယောက်က အဆုတ်ကိုကျပ်ခိုးတင်ပြီး
သူ့ကိုယ်သူအင်စတော်လေးရှင်းလုပ်လိုက်တယ်
အဆုတ်ရဲ့အလုပ်ကိုမညာခဲ့ချင်သူဟာ အခုတော့အဆုတ်တွေပျက်စီး
နောက်ထပ်အဆုတ်အသစ်တွေကိုဘယ်သူညာချင်သေးလဲ...
ဦးပိုင်းမှာကိုလံဘတ်ခါးထောက်ရပ်နေတာ ပါမှပါပါ့မလားလို့
ကမ်းစပ်မှာရပ်နေတဲ့ ကိုလံဘတ်ကခါးထောက်ကြည့်လို့ဆိုလားပဲ.. ကမ်ဘာပေါ်မှာအရှားပါးဆုံးလက်မှုပညာဟာ ကဗ်ာလား...ကမ္ဘာလားဆိုတာ
ဘယ်သူမှမငြင်းခုန်နိုင်ခင် ဘုရားသခင်ကိုယ်တိုင်က
သူကိုယ်တိုင်ဟာဘုရားသခင်မဟုတ်ရပါဘူးဆိုတာကိုလောင်းကျွမ်းပြသ
နောက်..... အနုပညာဟာလက်ရှိစာရေးသူသဘောပေါက်ထားသလို
အချို့ကယဉ်ကျေးသိမ်မွေ့ခြင်းအတွက် ရိုင်းစိုင်းခြင်းကိုရှေ့တန်းတင်
စာပေအလေးခိုးမှုတွေ ဦးနှောက်သံယောင်ပါမှုတွေဟာ
မမြင်ကွယ်ရာမှာဖြစ်ပွားသွားခဲ့ကြတယ်....
အဆုံးအစမသိတဲ့လှောင်အိမ်ကြီးထဲ
ဘဝတွေကိုဘယ်သူတွေကများအလွဲသုံးစားလုပ်ခဲ့ကြပါလိမ့်တဲ့.....
ကျွန်တော်ကဗျာဆရာပါဗျာတဲ့ ......
ယခုကွေ့ကွေ့ကောက်ကောက်အမဲစက်လေးတွေဟာ
မမြင်ကွယ်ရာကနံရံကပ်ပုံကြီးများလားဆိုပြီး
သူဟာ...
ဆံပင်တွေကိုထိုးထိုးဖွလိုက်တာ လက်ချောင်းတွေ တရွေ့ရွေ့ပြုတ်ကျနေတော့တယ်။
စိုင်းလူ
feb/2008/ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း
No comments:
Post a Comment