ပုံသွင်းထားခဲ့ပုံက
ပုံဟာပုံပဲဖြစ်ရမယ်။
ခင်ဗျားလည်းအရှိန်တွေမလျော့လိုက်လေနဲ့
မလုနဲ့၊မယက်နဲ့
မပေါ့ဆနဲ့၊မမာကျောလေနဲ့။
ဝါကျတွေ၊ဝါကျတွေတိုင်းမှာ
ငြင်းချက်ဟာတစ်ခုမကလည်းရှိလာနိုင်တယ်။
ကိုက်ဖို့ ညီဖို့ညှိညှိပြနေရအောင်
ခင်ဗျားဟာမလင်းထိန်နိုင်တော့တဲ့မှန်အိမ်ပျက်လား
ဂစ္တာစုတ္လား
တရားသေဂုဏ်သိက္ခာနဲ့
ကျောက်ချမှားတဲ့ပျော်တော်ဆက်လား။
အပျင်းပြေလေးညှို့ကိုမှဆွဲတင်ရက်တယ်။
ကျုပ်လည်းမနက်ဖြန်တစ်ခါကျုပ်ဖြစ်ရဦးမယ်
ကျွတ်ကျွတ်လေးများထဲ၊ပူစီပေါင်းလေးများထဲ
ထိလွယ်ရှလွယ်ရှင်သန်ချင်တယ်
တစ်စုံတစ်ရာတွေနဲ့ခြစ်မိနေတိုင်း
အဲဒီဒဏ်ရာတွေကိုသတိရနေချင်တယ်။
အဆုံးမတော့
တောင်တွေရှိရာလူတွေအရောက်လာကြရ
ခင်ဗျားဟာတောင်လား၊လူလား ကွဲပြားပြီလား
တောင်ဖြစ်သွားတဲ့လူမှာရောဘ၀မရှိရတော့ဘူးလား။
စိုင်းလူ
No comments:
Post a Comment