သာယာနေတဲ့ကောင်းကင်ကနေ ရုတ်တရက်မိုးရွာချလိုက်တဲ့အခါ
ငါ့အတွက်ပြင်ဆင်ချိန်နည်းပါးလွန်းတယ်
သွားလေရာထီးမဆောင်တတ််သလို
ဘ၀မှာဆောင်ရန်ရှောင်ရန်တွေကို မေ့လျော့နေခဲ့ပါတယ်
ဘ၀အကြောင်းတွေရေးခဲ့ဖူးတဲ့စာရွက်တွေ မရေနိုင်မတွက်နိုင်
ဘ၀အကြောင်းပြောခဲ့တဲ့စကားတွေ မကုန်နိုင်မခန်းနိုင်
လုံးချေလို့ကြုံရာလွင့်ပစ်ခဲ့၊ လေထဲလွင့်ထွက်ပျောက်ကွယ်ခဲ့
တစ်ခါတစ်ခါမှာ ငါ့ကိုငါပြန်မေးမိ
ဘာဖြစ်ချင်တာလည်း၊ ဘာလုပ်နေတာလည်း
လမ်းဘေးဆိုင်တွေတစ်ဆိုင်ပြီး တစ်ဆိုင်ပြောင်းစားရင်း
ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီးပြောင်းစီးရင်း
သုတ်တီးသုတ်ပျာသွားနေကြတဲ့လူတွေကို အဓိပါယ်မဲ့ငေးကြည့်ရင်း
အခုလျှောက်နေတဲ့လမ်းဟာ ငါလျှောက်ခဲ့ဘူးတဲ့လမ်းလား
ရောက်ခဲ့ဘူးတဲ့တိုက်နံပါတ်လား
မေ့လျော့သွားခဲ့ပြန်ပြီ
ငါရှာနေမိတယ်
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာနေထိုင်ရာ အိမ္နံပါတ္ကို
ပျောက်ဆုံးနေတဲ့အိမ်လိပ်စာ၊ မေ့လျော့သွားခဲ့တဲ့အမှတ်သငေ်္ကတ
လမ်းမှားခဲ့တယ်၊ လမ်းလွဲခဲ့တယ်၊ လမ်းပျောက်နေတယ်
သေချာတာက အချိန်မှန်တော့ ငါပြန်လာခဲ့တယ်
မိုးတွေစိုလျှက်၊ ချေွးတွေနစ်လျှက်
အခန်းထဲမှာပူလောင်နေတာလား၊ အေးစက်နေတဲ့အငွေ့တွေလား
သံဇကာကွက်ကြားကငေးကြည့်နေမိ
ရှေ့တည့်တည့်တိုက်နံရံမှာ မိသားစုအရိပ်တွေပျာက်ဆုံး စိမ်းစိုနေတာရေညိုပင်တွေလား
ပန်ကာလည်ပတ်သံအောက် ခင်ဗျားတို့အိပ်သွားပြီလား
လမ်းဘေးမြောင်းထဲကနေ ကြွက်ကြီးတွေတက်လာကြ မြို့ကြီးပျက်စီးနေပြီ
ဓါတ်ကြိုးတန်းပေါ် ခိုတစ်ကောင်ငိုက်မြည်းနေတာ
ငါတိုးတိုးလေးလှမ်းမေးခဲ့တယ်
မင်းတစ်ကောင်တည်းလား
ငါလည်းတစ်ယောက်တည်း
နွေးထွေးခြင်းကို အငွေ့အသက်လောက်တောင်မရတဲ့ည
ကြမ်းပြင်ပေါ် ခေါင်းအုံးတစ်လုံး၊ တွန့်ကြေပုဆိုးဟောင်းတစ်ထည်
ငါမျက်ခွန်တွေကိုဆွဲချလို့မရဘူး......................
ငြိမ်းချမ်းေ၀
No comments:
Post a Comment