Friday, August 16, 2013

ကြောက်ရွံ့ခြင်း


 
ကိုယ့်ကိုကိုယ် ပြန်မြင်တာလောက် ကြောက်ဖို့ကောင်းတာရှိအုံးမလား မီးလောင်တိုက်သွင်း 
မှောင်မဲပြီးအေးစက်နေ အဲ့ဒီနေရာတစ်ခုလုံးကို ကြောက်ရွံ့မှ ုတွေကဝါးမြိုထားတယ် 
အကျီ ၤလွင့်နေတာကအစ မိန်းမတစ်ယောက်ရဲ့ နာကျည်းကျည်းရယ်သံတွေအားလုံးက
မှောင်ထဲကနေ တလွင့်လွင့်နဲ့မျောပါလာ တကယ်တော့ ကြောက်မက်ဖွယ်အတိပဲ မိုးတွေဘယ်လောက်သည်းသည်း ထိုရယ်သံတွေကို ဖုံးလွှမ်းနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး
ဘယ်လိုပင် အဝေးကိုထွက်ပြေးထွက်ပြေး မပြီးဆုံးမယ့် ကြောက်ရွံ့မှ ုအောက်ကနေ
ရုန်းမထွက်နိုင်ဘူး ဓါးတွေနဲ့အပိုင်းပိုင်းခုတ်ထစ်ကြ ချွန်မြနေတဲ့သံဆူးတွေနဲ့  
ခန္ဓာကိုယ်အနှံ့ရိုက်သွင်းခြင်းခံရ လက်သည်းခွံတွေကို ရေနွေးပူပူနဲ့စိမ်ပြီး 
တစ်ချပ်ခြင်းစီခွာချွတ်ခံရ မျက်လုံးတွေအစိမ်းလိုက် ကြ်တ္က်
အားလုံးက ဒီနေရာရောက်ရင် အလိုလိုလဲလျောင်းလိုက်ရတယ် 
ဒီမြို့မှာဘယ်သူမှ မှန်မကြည့်တာဟာ ဒီမြို့ရဲ့ထူးခြားမှ ုတစ္ခုပဲ
တကယ်တော့ မှန်ကြည့်ရမှာကြောက်နေတဲ့ လူတွေ မှန်ကြောက်မြို့  
ကြောက်ရွံ့မှ ုတွေဟာ မြို့တစ်ခုလုံးရဲ့ အစိတ်အပိုင်းအသီးသီးကို လှန်လှော
လူတွေဟာ မျက်နှာချင်းမဆိုင်ကြဘူး အထူးသဖြင့် ဝစ်လစ်စလစ် မိန်းမပျိုတွေဆို 
ပိုလို့မကြည့်ရဲကြဘူး သူတို့ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရုံနဲ့
 ကြောက်ရွံ့မှုတွေက အတိုင်းအဆမရှိ ပျံ့ထွက်လာ မီးဖွားမယ့် မိန်းမတွေဟာ ကလေးတွေကို ကြောက်ရွံ့ခြင်းကင်းအောင် ဗိုက်ထဲမှာတင် အသေသတ်ပစ်လိုက်တယ်
 သေဆုံးခြင်းဟာ ကြောက်ရွံ့ခြင်း အောင်နိုင်တယ်လို့ သူတို့က ယုံကြည်ကြတယ်
တကယ်တော့ အစစ်အမှန် အောင်နိုင်ခြင်းဟာ ဘာဆိုတာ ဘယ်သူမှမသိကြဘူး
ဒါပေမယ့် ကိုယ်ယုံချင်တာ ယုံကြတယ် ကြောက်ရွံ့ခြင်းကင်းမယ်ဆို ဘာမဆိုလုပ်ကြတယ်
တစ်ယောက်ကို တစ်ယောက်က စိတ်နဲ့တောင်သတ်နိုင်တယ် တဖြည်းဖြည်းနဲ့ မြို့တော်ဟာ ဆိုးသထက္ဆိုးလာ လူတွေဟာ ကြောက်ရွံ့မှ ုအောက်ကနေ ရုန်းထွက်ဖို့
အတင်းကြိုးစားကြတယ် ရုန်းထွက်လေ နစ်လေပဲ ကြောက်ရွံ့မှ ုတွေပျောက်ကွယ်အောင် အမျိုးမျိုးကြိုးစားကြတယ် ဘုရားသခင်ထံ တိုင်တည်ကြတယ် ဒါပေမဲ့ ဆိုးသထက်ဆိုးလာတယ်
နတ်ဆရာတွေကို ကိုးကွယ်ကြတယ် ဆိုးသထက်ဆိုးလာတယ် 
နည်းလမ်းအမျိုးမျိုးကြားကနေပဲ ကြောက်ရွံ့ခြင်းဟာ မင်းမူလျက်ရှိနေခဲ့တယ်
ကြံရာမရတဲ့အဆုံးလူတွေဟာ ကိုယ့်ကိုကိုယ် သတ်သေကြတယ် တပျော်တပါးကြီး သတ်သေကြတယ်
 မိန်းမတွေဟာ တောထဲဝင်ပြီး အစုလိုက်အပြုံလိုက် လည်ပင်းကြိုးကွင်စွပ် သေဆုံးကြတယ်
 ယောင်္ကျားတွေဟာ ကိုယ့်လက်ဖျံသွေးကိုယ်ဖောက်ထုတ်ပြီး သေဆုံးကြတယ်
ကလေးတွေကိုတော့ လည်မြိုညှစ်သတ်ပစ်ကြတယ် လူသန်ကြီးတွေဟာ တစ်ယောက်ကိုတစ်ယောက် သတ်ပေးဖို့ သနားစဖွယ်အကူညီတောင်းခံကြတယ်
ကမ်ဘာမြေကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာသေဆုံးခြင်းတွေ ဆက်တိုက်ပေါ်ထွက်လာတယ်
လူ့အဖွဲ့အစည်းအမျိုးမျိုးဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြောက်ရွံ့ခြင်းကနေ ရုန်းထွက်ကြ ဒါပေမဲ့ကြောက်ရွံ့ခြင်းကတော့ ပျောက်ကွယ်မသွားပဲ ဆက်လက်တည်ရှိနေတယ်
အမျိုးမျိုးသော နည်းလမ်းတွေဟာ ဘာတစ်ခုမှမအောင်မြင်ခဲ့
ကံကြမ္မာနဲ့အချိန်ဟာ ကြောက်ရွံ့ခြင်းကြားထဲမှာ ပျောက်ကွယ်သွားခဲ့ရတယ်
 အချိန်မရှိတော့တဲ့ မြို့တော် ကံကြမ္မာမရှိတော့တဲ့ မြို့တော် သေပြီးသားလူတွေဟာ ပြန်ရှင်သန်လာတဲ့အခါ
 ကြောက်ရွံ့ခြင်းတွေ မရှိတော့ဘူးလို့ထင်လိုက်ကြတယ် မကြာခင်မှာပဲ အဲ့ဒီထင်မြင်မှ ုဟာ
ဟုတ်ရောင်ထင်မှ ု သက်သက်ပဲဖြစ်တယ်ဆိုတာ သိရှိခဲ့ပြီးသကာလ....။




ဇာတိ(ဖျာပုံ)
3:12 PM
4/10/2013
www.palipalar.blogspot.com




No comments: