တစ်ယောက်ကို တစ်ယောက်
နှင်းဆီပန်းတွေပေးတာ ရိုးလာတော့
တစ်ယောက်နံရိုး တစ်ယောက်ထုတ်ပြီး
လက်ဆောင်ပေးကြတာပေါ့။
အရိုးမှာကပ်ကျန်နေတဲ့ အသားစေလးဟာ
ငါတို့နှစ်ယောက် ချစ်ခြင်းဆိုရင်
ဘယ္လို
အဓိပ္ပါယ်နဲ့ ဖြစ်ဖြစ်
အခ်စ္ဆိုတာ သစ်မှ။
ဆံပင်တွေ သိုးမွှေးထိုးသလို ထိုးပြီး
မင်းအတွက် လက်ကိုင်ပဝါတစ်ထည် ပေးချင်တယ်။
တွင်းထွက်ပစ္စည်းတွေထက်
ငါ့ခေါင်းပေါ်က ဆံပင်ကို မင်းမြတ်နိုးရမယ်
ဘယ်လိုချစ်ခြင်းဖြစ်ဖြစ်
ဆွေးဆွေးမြည့်မြည့်မဖြစ်စေရဘူး။
ကမ ်ဘာဦးအစက ဧ၀
အာဒံရဲ ့နံရိုးကို ညတိုင်းစမ်းသတဲ့
ဘုရားသခင်ကထပ်ပြီး
နောက်ထပ် မိန်းမတစ်ယောက် ဖန်ဆင်းပေးလိုက်မှာ
စိုးလို့တဲ့လေ
အဲဒီလိုတော့ မလုပ်နဲ့
မင်းငါ့အပေါ် ယုံကိုယုံရမယ်။ ။
တိုးနှောင်မိုး
No comments:
Post a Comment