Wednesday, August 7, 2013

ညွှတ်ကွင်းထဲကသားကောင်

 
လှသာလှလိုက်စမ်းပါ
ဒုက္ခဆိုလည်း
ကိုယ် ကချစ်နေဦးတော့။
မပေါ့မပါးရယ်သံများတို့
ပျော်ရွှင်ခြင်းရနံ့ကိုမော့မကြည့်
ငိုသံကိုမျက်ရည်သုတ်
သစ်ကိုင်းကအသံမထွက်ပဲကျိုးနေတယ်။လမ်းဘေးကခွေးကိုအကြောင်းမဲ့ခဲ နဲ့ထု
ကို တို့အခုဘ၀ကမချိုမြိန်
ချော်တွေပျော်လို့စီးကျတာမဟုတ်။
နှင်းတို့မကြားအောင်
သက်ရောက်မှုတွေအော်နေဦးမည့် ကံကြမ္မာအရသာကနှစ်ဦးနှစ်ဘက်
တေ့တေ့ဆိုင်ဆိုင်လွဲဖို့
မိုးတွေဘာအဓိပ္ပါယ်နဲ့ရွာသွန်းနေလဲ။
ထွက်သွားတဲ့ရထားကိုငေးမိတဲ့ ဘူတာက
ဘာကိုဘာမှမလိုချင်
မလှပတဲ့ညကိုခွာချလိုက်
ခြေဆေးမယ်ဆိုတောင်
ဟောဒီကောင်က
ချစ်မေတ္တာကို လည်ဆင်းခံပြီးသား။ ။
တိုးနှောင်မိုး

No comments: