Monday, August 19, 2013

ပြုံးရယ်နေသော အံ့ဖွယ် ရုပ်အလောင်း

ဖောင်းကြွကြွ ခေါင်းတလား အောက်က
ငါ့ ရုပ်အလောင်း
တည်ရှိရာ နေရာသို့ လိုက်ပါ ပို့ဆောင်သူများ
များနေသလား
အနည်းငယ်လေးပဲလား၊

နေ့ မကူး ည မဆိုင်းပဲ
မီးသဂြိုလ်ပြစ်
အတည်ငြိမ်ဆုံး ဆန္ဒတစ်စုံနဲ့
မြေမြုပ်ပြစ်၊

၀မ်းမနည်းနဲ့
ကျန်ရှိနေခဲ့တဲ့ မင်းတို့တစ်တွေ၊

မငိုပါဘူး
ပျော်ရွှင်ဖွယ် အတိပြီးစေတဲ့ တမလွန်မှာ
ငါရေးမယ်
ယစ်မူးခုံမင် နှစ်ခြိုက်စွာ ငါကဗျာဆက်ရေးမယ်
မှော်အတိကျနေတဲ့ ခေါင်းတလားထဲမှာ
ငါ ကဗျာရေးမယ်၊

ဖြည်းညှင်းစွာ ထွက်သက်၀င်သက် ဖြစ်နေတဲ့
အသက်ရှူသံ ခပ်တိုးတိုးလေးအောက်မှာ
ငါ.................................

ဒုန်း.......ဒုန်း........ဒုန်း
ဒါ... သံရိုက္သံ
လွတ်မြောက်ဖို့ရန် အခွင့်မသာလေတဲ့ အသံ
ရတယ်
ကျဉ်းထဲ ကြပ်ထဲက ငါ့ကဗျာတွေ
ခပ္ထူထူ ပျဉ်ပြား ထက္က
ငါ့ရဲ့ခပ်ပြင်းပြင်း စုပ်ချက်တွေ
ဖောသွပ်သွပ် ငါ့ခန္တာကိုယ်ပေါ်က မှင်ရာတွေ၊

တေးထပ်စွာ တည်ရှိနေတဲ့
ငါ့ရုပ်အလောင်း
မသတီစရာ ကောင်းလှချည်လား
မထင်ပါနဲ့
ငါ့ရဲ့ နောက်ဆုံးခြုံလွှာက ကဗျာတစ်ထည်
လေးထောင့်ဆန်ဆန် ဒြပ်၀တ္တူတစ်ခုကို
ပတ်ပတ်လည် ၀န်းရံနေတဲ့
ကဗျာတွေနဲ့ တန်ဆာဆင်ထားတဲ့
ခေါင်းတလား၊

ခုန်ထွက်ခဲ့ပါ
ရင်၀ှက် တစေၦ
သင်နဲ့ငါ အားပြိုင်ကြရအောင်
ယခုသာ ခုန်ထွက်လာပါတော့
တေးသံသာသာနဲ့ ရေးဖွဲ့ သီသံဖို့အတွက်
ငါတို့တစ်တွေ အားပြိုင်ကြရအောင်၊

နောက်ဆုံးနေ၀င်ချိန်မှာ
သေမတူ ရှင်မကွာ တည်ရှိနေလေတဲ့
ရင်၀ှက် ကဗ်ာ ရှိနေပြီပဲ
မင်းကို ငါမကြောက်ဘူး၊

ငါ မကြောက်ဘူးကွ

မတော်တဆ မှားယွင်းပြီးတောင် 
ယိုင်လဲ ပြိုကွဲမှာမဟုတ်ဘူး၊

အခုဆို ငါ့အသက်ရှူသံ နှေးကွေးလာပြီ
ငါ့ရဲ့ လက်တွေ တုန်ယင်နေပြီ၊

အားဆေး ငါ့ရဲ့ အားဆေး

ဒါဟာ
နောက်ဆုံးနေ၀င်ချိန်ရဲ့
လမ်းပြသငေ်္ကတ၊

မတုန်လှုပ်
မကြောင့်ကြ
ထီမထင်ဟန်နဲ့
ပြီတီတီ
ကြည့်နေရှာတဲ့
ငါ့ကဗျာလေး၊

ဒါ
ငါ့ရဲ့ အားဆေး

မင်းယုံပြီ မဟုတ္လား
ပြုံးရယ်နေတဲ့ အံ့ဖွယ် ရုပ်အလောင်း
ရှိနေတယ်ဆိုတာကိုပေါ၊





ဇာတိ(ဖျာပုံ)
2010

No comments: