လူမှုရေးအလုပ်တွေအများကြီးလုပ်ချင်နေတ့ဲ လင်ဆေးလိုဟန်နဲ့တွေ့တယ်
စကားတစ်ခွန်းတလေပြောရရင်
သစ်ပင်ဟာခြုံးပွဲချငိုမှာပဲ။
ပြန်ရောက်မလာတဲ့အကြောင်းရာတစ်ခု
ပြန်မရောက်လာတဲ့အကြောင်းရာတစ်ခု
ဆေးထည့်ပြီးအနာကျက်အောင်ပြုလုပ်
ဒါဏ်ရာကေ၀ဒနာကိုအစွဲမပြုတ်ဘူး။
ပုံဆောင်ခဲတစ်ခုအော်ဟစ်နေတယ်
ပေတံတစ်ချောင်းကသချာၤတွက်နေတယ်
ရူပဗေဒသင်တဲ့့့ ့သူငယ်ချင်း
ကလေကချေအုတ်ကြားမြက်ပေါက်ကိုသီအိုရီ ထုတ်မလို့တဲ့။
ကဲ...facebookစာမျက်နှာမှာ
ငါကျော်ဖတ်တဲ့သတင်း
ကဗျာလောက်ရိုးသားမှုမပါတော့
ပုံပြင်တွေပြင်ပုံထဲရောက်သွားတယ်။
လက်တွေ့ကလက်တွေမှာအရာမ၀င်တော့
မနေ့ကရောက်ရှိလာတဲ့သစ်ရွက်
ခုချက်ချင်းကျောက်ဖြစ်သွားတဲ့အကြောင်းအရာ
အဖျားသွေးခန့်မှန်းမရဘူး။
ကျွန်တော် ငိုနေပါတယ်
ငိုနေတာကျွန်တော်ပါ
ဘာကြောင့်ပါလိမ့်ဆိုတာတွေ မတွေးတောအားပဲ
ရှုံးပွဲကိုကြိုသိနေတဲ့အခါ
ဂျာနယ်ကိုဇောက်ထိုးဖတ်မယ်
ရင်ကျပ်တာတစ်စုံတစ်ယောက်ကြောင့်မဟုတ်
ခင်ဇော်မြင့် ကဗျာထဲကလိုပြောရင်
ပဝါနီကနွားရိုင်းကိုစတာပဲမို့လား။
ငှက်တွေကောင်းကင်မှာပျံနေသလိုငါအိပ်မောကျပြီးနောက်ဆုံး
အိပ်မက်ကအပြာရောင်
ငါမှတ်မိတဲ့ပန်းကအပြာရောင်
ဒါနဲ့လန့်မနိုးအောင်ယူဆပြီး လန့်နိုးခဲ့ရ။
တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးရေစီးအတိုင်း
မျောနေတဲ့မျက်နှာတွေအများကြီးထဲ
ငါမျက်နှာမပါ
ငါ့စိတ်တွေလျှော့နေတာငါသိ
ငါမသိတာတွေငါမသိ
ငါ့အတွင်းရေးနဲ့ငါ့အိပ်ရာကလန့်နိုးတော့
မနက်ခင်းကို မရမ်းစေ့ရောင်ပန်းလေးပွင့်ပြမှ
ငါဟာ
ဘာကြောင့်မလန်းဆန်းခြင်းကိုမြတ်နိုးနေရတာလဲ
ဒီကမ်ဘာမြေ..ငါအားရိုးသားနိုင်ကြပါစေ။ ။
တိုးနှောင်မိုး
No comments:
Post a Comment