Thursday, July 11, 2013

ငါ့ကို မြို ့ချစ်လို့ ပြောပါ။

 
ညီလေး ဖိုးချိန် ..
ဂါမဏိ အသစ်တွေကို
မေးထားလိုက်စမ်းပါ
ဒင်းတို့ ချပ်၀တ်ဟာ ..
ဂျိုင်း လုံပါရဲ့လားလို့ ...၊
ငါ .. အခု
သမိန်ဗရမ်း အသစ္ကို စေလိုက်တယ်
မင်းတို့ရဲ့ မန္တလေး
ဘယ်တော့မှ ..
ဘယ်တော့မှ ..
ဘယ်တော့မှ ..
မကျဆုံးစေရ ...။

ညီမေလး မိနွယ် ..
ဒီမနက် လင်းကြက်မတွန်မီ
ဗန္ဓုလ (upgrade) ကို ငါစေမယ်
နင်တို့ အနောက်မြို ့ရိုးမှာ
ဘယ်ဘင်္ဂလား က်ားမွ
တောပြောင်း မလာစေရ ...။

ဇေယျငယ် ..
မင်း .. နေမညိုခင်
ရွှေဘိုကို ချက်ချင်းခွာ
တောင်တံခါးမှာ ထောင်ထားသူတွေကလည်း
မာယာများလွန်းတယ် ..
စစ်သည်၊ အကြပ်၊ စစ်ကဲ၊ စစ်မှုး
ဝါးရင်းတုတ် လုံလောက်ပါစေကွယ် ...။

သူငယ်ချင်း အောင်လေး ..
ငါတို့က အနောက်မြို ့ရိုးနဲ့ နီးပေမယ့်
ပြည် .. ကို မပူကြနဲ့
၁၇၉ မိုင်ကို မပူကြနဲ့
အမိ သျှရီခေတ္တရာ အတွက်
မင်းတို့ ရင်ကို မီးမမွှေးကြနဲ့
အဲဒီ ပျူနှလုံးသားမြို ့တော်မှာ
ငုယင် ဖိုးခေါင် ရှိသေးတယ် ...။ ။

                                               ဖိုးခေါင် (ပျူနှလုံးသားမြို ့တော်)

No comments: