ကျွန်တော် အကြောက်ဆုံးကသံသယ
ကျွန်တော် အရွှံရှာဆုံးကလိမ်လည်လှည့်ဖျားခြင်း
ကျွန်တော် အခင်တွယ်ဆုံးကအမှန်တရား
ကျွန်တော်အကြိုက်ဆုံးကမေတ္တာ
ကျွန်တော်အလိုချင်ဆုံးကဖြူစင်ရိုးသားမှန်ကန်သောအချစ်
ကျွန်တော်စောင့်စည်းခြင်းကသစ္စာ
ကျွန်တော်နှလုံးသားခိုနားခြင်းကဂရုဏာ
ကျွန်တော် မြတ်နိုးခြင်းကရိုးသားမှု
ကျွန်တော်ရှင်သန်ခြင်းကစေတနာ
ကျွန်တော်ဆီကိုဖြတ်သန်းခွင့်မရှိချင်ဆုံးကအမုန်း
ကျွန်တော် ကိုနွေးထွေးစွာခိုလှုံစေချင်တာအကြင်နာ
ကျွန်တော်အမြဲပွားများနေတာမုဒိတာ
ကျွန်တော်အတွေးကိုမရှုတ်ထွေးစေချင်တာကနားလည်မှု
ကျွန်တော်တန်ဖိုးထားတာမိခင်
ကျွန်တော်လေးစားမှုအားကျမှုက ဖခင်
ကျွန်တော် အချစ်ဆုံးကဧရာ၀တီ
ကျွန်တော်အတွယ်တာဆုံးကအမိမြေ
ကျွန်တော်မလိုလားတာစစ်ပွဲ
ကျွန်တော်မျှော်လင့်တာငြိမ်းချမ်းရေး
ကျွန်တော်တမ်းတခြင်းကချစ်သောသူဖြင့်မကွေ့ကွင်းချင်တဲ့ဆန္ဒ
ကျွန်တော်ကိုစိုးမိုးနေတာက ကျွန်တော်တို့အားလုံးရဲ့အမေ
ကျွန်တော်တောင်းတမိတာက ဒီမိုကရေစီနိုင်ငံသစ်
ကျွန်တော်ရင်ခုန်သံက ကဗ်ာ
ကျွန်တော့်ဘ၀ကအနုပညာ
ကျွန်တော် အေသြးအသားက လွတ်လပ်မှု
ကျွန်တော်အိပ်မက်ကသူမဆီက ကမ်းကြိုလာမဲ့လက်
ကျွန်တော်စိတ်ကူးကသူမကိုညှာတွေးတတ်တဲ့အတွေးအခေါ်
ကျွန်တော်အသက်ရှုသံတိုင်းကျွန်တော်အသက်ရှုသံတိုင်း
အရဟံ ဂုဏ်တော်ကိုသတိမပြတ်ပွားရင်း
ကျွန်တော်ကိုယ်စိတ်နှလုံးနူးညံသာယာတဲ့တနေ့။ ။
တိုးနှောင်မိုး
No comments:
Post a Comment