Friday, July 12, 2013

အခန်းထဲကနေ ငါး ထိုင်မျှားကြည့်ခြင်း





စိတ်လေတယ် ..
တစ်ခါတစ်ခါ ကိုယ့် ချိတ်ကို
ကိုယ်မျိုမပစ်မိအောင် ထိန်းထိန်းထားရ ..၊

စောင်းစား မျှော်လင့်ရခြင်းတွေ
တစ်နေပြီးတစ်နေ ၀င်ခဲ့
စိတ်အလိုမကျခြင်းရဲ့့ သောင်ပြင်မှာ .. ငါ ၊
ဘာကြောင့်များ ..
လွတ်တဲ့ငါးတွေက ကြီးကြီးနေရတာလဲ ..၊

(Medal of Honor) မွာ
နော်မန်ဒီကို ငါတက်သိမ်းနေတုန်း
စစ်ပွဲတစ်ခုလုံး ထောက်ပ့ံထားရှာတဲ့
ငါ့ရဲ့ ရဲဘော်လေးလည်းဖြစ် ၊
စီဒီတစ်ချပ်စာတောင် ကောင်းကောင်းကန်းကန်းမရှိတဲ့
ကြိမ်နှုန်း ပရမ်းပတာ ငါ့သီချင်းလေးတွေ
ဒိုင်ခံထုတ်လွှင့် ပေးရရှာတဲ့
ငါ့ရဲ့ ရေဒီယိုစတေရှင်လေးလည်းဖြစ် ၊
လက်ပန်းတောင်က စ
ရခိုင်မြေ၊ မနောမြေ အဆုံး ..
ကမ်ဘာမြေ တစ္နံတစ္လ်ား
ဒို့ခေါင်းဆောင်တွေ ဘယ်ပဲသွားသွား
လက်ေ၀့ှသမားလေး အန်(န)ဆိုင်း အောင်လ
ရှမ်းမလေး နန်းခင်ဇေယျာ တို့ပါမကျန်
ချောင်းကြည့်ခွင့်ရအောင်
ကမ်ဘာကြည့်ပြတင်းပေါက်လေးလည်း ဖြစ်ခဲ့တဲ့
ငါ့ အခန်းထောင့်က ကွန်ပျူတာလေးရေ ..
ငါးဘယ်လိုမျှားရမယ်တော့
မင်းမသိရှာလေဘူး ..၊

ဒီမယ် .. ငါးတွေဟာ မာယာများတယ်
ငါမင်းကို upgrade မလုပ်ခင်
ငါ့ ငါးမျှားချိတ်ကို upgrade လုပ်ရမယ်
အဲဒီမွာ ..
ချုပ်ရိုး အထပ်ထပ် ငါ့အသည်းကို ချိတ်မယ်
ဒီချုပ်ရိုး အထပ်ထပ်ဟာ ဒင်းတို့ဟပ်ထားတဲ့ ဒဏ်ရာပေါ့ ..၊

ငါးတွေ ကြိုက်တတ်တာ အားလုံး
ဒီအသည်းပေါ် ဖုံးထားရမယ် ..
ငါးတွေ မသိစေနဲ့
ငါးတွေ မမြင်စေနဲ့
ငါ့ ပလိုင်းထဲ မရောက်ခင်အထိ ၊
ဒီမယ် .. ငါးတွေဟာ မာယာများတယ်
မင်းသိထားဖို့က ..
ဒင်းတို့ထက် မာယာများဖို့ လိုတယ် ..၊

ကဲ .. မျှားလိုက်ကြရအောင်
ဟိုး .. ရေနက်ပိုင်းထဲက
အလေးချိန်လည်း မေသး ၊
ဂုဏ်သိက္ခာလည်း မေသးတဲ့
ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးတွေပဲ ဖြစ်ဖြစ် ..၊
ရေပြင်လွှာမှာတင်
လူးလားစုန်ဆန် ခုန်ပျံလို့
တအား ဖလမ်း ဖလမ်းထနေတဲ့ ငါးသရမ်းမတွေပဲ ဖြစ်ဖြစ် ..၊
မျှားစို့ ..၊ မျှားလိုက်ကြစို့ ...

ဒီမယ် .. မင်းသိထားဖို့က
ငါးတွေဟာ မာယာများလွန်းတယ် ..။ ။ (ဖိုးခေါင်) 23.10.2012

No comments: