Tuesday, July 9, 2013

သစ်ခွပန်းတို့နွမ်းရာမြေ

 

မျက်လုံးတဖက်အစား မျက်လုံးတဖက် အတုံ့အပြန် လက်စားချေ နိယာမနဲ့ မှောင်အတိဖုးံရာ မိုးလုံးမှိုင်းတို့ မွေးရပ်မြေ စစ်ဖိနပ် တွေအောက် အမှန်တရားတွေကျပျော က်ရာ မိုးသားထက်ကတောင်တန်းမြေ ။ ကိုယ်ချင်းစာမှုတံခါးကို ဂျက်ချထားရာစစ်တလင်း အို...မိုးသားထက်ကတောင်တန်းမြေ မြူနှင်းလား ယမ်းငွေ့လား အမှန်နဲ့အမှားမခွဲခြားတတ်တဲ့သေနတ်သံတွေ အို...မိုးသားထက်ကတောင်တန်းမြေ မေတ္တာတရားတို့ကျောခိုင်းပြေးရာပဠိပက္ခတို့ရဲ့ကမ်ဘာ နံနက္စာလားညစာလား သချၤိုင်းမြေလား ဧည့်ခန်းလား ဘာကိုမှခွဲမရကြ အိုမိုးသားထက်ကတောင်တန်းမြေ စာသင်ခန်းလားဗုံးခိုကျင်းလား ကလေးတွေသွေးအိုင်ထဲလဲကျ စာလောင်သူရဲ့အစာအိမ်ထဲ ကျည်ဆန်တွေသာပွဲတော်အုပ်ဖြစ်ခဲ့ရ ။ အို...မိုးသားထက်ကတောင်တန်းမြေ အသားစေတြလား ငှက်တွေလား ..လေထဲမှာ မြောက်တက်သွားတဲ့အပိုင်အစတွေ ..လေထဲမှာ မီးလောင်ပြာကျသွာတဲ့ရွာကလေး ..လေထဲမှာ အော်သံတွေစူးစူးဝါးဝါး ..လေထဲမှာ နှင်းစက်လားသွေးစ သစ်ရွက်စိမ်းပေါ်တစက်စက်ကျ ဘယ်တော့မှအစားပြန်မရတဲ့မိသားစုတွေကစဥ့်ကလျှား စစ်တလင်းက နှင်းမကွဲသေး စစ်တလင်းကယမ်းမစဲသေး ကလေးပျောက်ကိုရှာနေတဲ့အမိတွေ အမိပျောက်ကိုရှာနေတဲ့ကလေးတွေ အဆုံးမသတ် သေးတဲ့အဆုံးအဖြတ်တွေ ဆောင်းလက်အေးကြီးထဲအမဲလိုက်ခံရတဲ့သားကောင်လို ဘယ်လောက်ကြာကြာအသက်လုပြေးနေကြမလဲ နှင်းမကွဲတောင်တန်းရဲ့သတင်းဆိုးတွေထဲ အို..ကချင်တောင်တန်းမြေ... ကျွန် တော့်စိတ်တွေ အခါခါပြိုလဲခဲ့ပြီ။ ခိုင်သစ်               

No comments: