ခု ၀က်ထီးကန် ..၊
ခု ရန်ကုန် ..၊
မင်း အကျင့်တွေ မလွှတ်သရွေ့
ငါတို့ မင်းကို လွှတ်လိုက်ပြီ ...။
ဒဏ္႑ာရီ ..
ဆင်သတ် အရပ်ေ၀သလို
ကျွန်တော့်ကဗျာတွေ
ေ၀ပါရစေဆိုတဲ့ ကောင်ကြီး
ခု .. မင်း ဘယ္မလဲ
မင့် ကဗျာတွေ
ခု .. ဘယ္မလဲ ...။
ဒဏ္႑ာရီ ..
မင်းရဲ့ ဒေသစာရီတွေ အပြီးမှာ
နှင်းတွေ ပါလာသလား ..
ကဗျာတွေ ပါလာသလား ..
သေချာတာက
မင်း .. မော့မော့ပြီး ပြန်လာမယ် ..၊
္ဒ" ငါ့ကို မင်းတို့ ပစ်ထားကြတယ်
ဘယ္သူမွ ချစ်ဖို့ မလိုဘူး
ငါက ကဗ်ာဆရာ " လို့
မင်း .. မူးမူးပြီး ပြောမယ် ..၊
တကယ်တော့ မင်းသေရင်
ကဗျာတွေ ရွတ်ကြမယ်
အမှတ်တရပွဲလေး ဘာလေး လုပ်ကြမယ်
ဒါပါပဲ ..
ဒီထက်ပိုမယ် မင်းထင်လား ...။
ဒဏ္႑ာရီ ..
မင်းလို ငါတို့
ကောင်းကောင်း မရေးတတ်ပေမယ့်
မင်း မသေသေးခင်
ကောင်းကောင်း ပြောခဲ့ပြီ ..
တစ်ယောက်ထဲ ကျန်တော့တဲ့
သား တစ်ကောင်အတွက်
တစ်ယောက်ထဲ ကျန်ခဲ့တဲ့ မင်းမေမေ
ထမင်းစားပွဲမှာ ငိုနေပြီ ..။
ငါတို့ သူငယ်ချင်း ဒဏ္႑ာရီ ..
မင့် အကျင့်တွေ မလွှတ်သရွေ့့
ငါတို့ မင်းကို လွှတ်လိုက်ပြီ ....။ ။
ဖိုးခေါင် (6.6.2013)
(ခေတ္တရာ ယူနိုက်တက် ဥက္ကဌကြီးသို့ အိတ်ဖောက်ပေးစာ)
No comments:
Post a Comment