ကဖေးဟာ သံလွင်ခက်တို့ရဲ့စိမ်းလန်း၇ာ
စစ်တို့ရဲ့သချုၤိင်း.........................
ဘ၀ကိုကဖေးများနဲ့ရောစပ်အရောင်တင်ပြီးပလား
ကျဆင်းနေတဲ့စိတ်တချို့ကိုကဖေးများနဲ့ဆွဲတင်ပြီးပလား
ကဖေးချင်းတူပေမယ့်ကိုယ်ကိုပြန်မသောက်မယ်ကဖေးဖြစ်ဖို့အရေးကြီးတယ်
ကဖေးဟာတို့ရဲ့ဒုတိယအမေလိုတို့ကိုချော့သိပ်ပေးခဲ့တာပဲခ့ဲတာပဲ
တို့စိတ်ကိုခံတပ်တစ်ခုတစ်ခုလိုလုံခြုံစေခဲ့တာပဲ
တို့ဟာကဖေးတွေမှာတွယ်ကပ်ခွင့်ရတဲ့ပန်းတွေလို၀တ်မှုံကူးခဲ့ကြ
တို့အတွက်ကဖေးဟာအမြဲတမ်းရာသီဥတုသာသာယာယာ
ကဖေးဟာတို့အတွက်အမြဲတမ်းမြေနုလွင်ပြင်
ကဖေးဟာတို့အတွက်မြစ်၀ှမ်းဒေသ
ကဖေးဟာတို့အတွက်ရှုမျော်ခင်း
ကဖေးဟာကန္တာရဆန်သွားတဲ့တို့စိတ်တချု့ိရဲ့ရေခဲမြစ်ဖျားပိုင်း
ကဖေးဟာအသည်းကွဲစိတ္တဇတွေရဲ့ပုန်းခိုရာ
ကဖေးဟာဒါဏ်ရာအနာတရတွေရဲ့ကုသဆောင်
ကဖေးမှာတို့ဟာဆောင်းခိုငှက်တွေလို
ကဖေးဟာမုန်တိုင်းဇင်ယော်ရဲ့လွတ်မြောက်၇ပ်၀န်းလို
ကဖေးဟာဆယ်လမွန်ငါးတွေရဲ့ဆန်တက်ရာရေစီးကြောင်းလို
ကဖေးမှာတို့ဟာမိုင်ထောင်ချီသမားကြိုးကြာလို
ကဖေးဆိုင်တွေရဲ့နံရံအက်ကွဲကြောင်းတွေဟာတို့ရဲ့သက်ပြင်းတွေနဲ့ပြန်လည်ခိုင်ခန့်ခဲ့ဖူးတာပဲ
ကဖေးထဲ၀င်လိုက်ရင်တို့ဟာမှော်ဆရာတွေလို...စုန်းကေ၀တွေလို
ကဖေးဟာတို့စိတ်ကိုအမြဲတမ်းပဉ္စလက်ဆန်နေတာပဲ
ကဖေးထဲမှာဆိုတို့စိတ်တွေဟာကျည်အပြည့်ဖြည့်ထားတဲ့သေနတ်တွေလို
ကဖေးထဲမှာဆိုတို့တွေဟာဘယ်နေရာမဆိုမောင်းနှင်ဖို့အသင့်ဖြစ်နေတဲ့ကားတွေ
မြို့တစ်မြို့ရဲ့အလှကိုတို့တွေဟာကဖေးနဲ့တတိုင်းတယ်
မြို့တစ်မြို့ေ၇ာက်ရင်တို့ရဲ့ပထမတန်းစားမိတ်ဆွေဟာကဖေးပဲ
ရာသီဆိုးသွမ်းနေ့တွေမှာ  တို့ဟာကဖေးကိုကုတ်အကျီၤလို၀တ်ဆင်တယ်
ဘုရားကျောင်းတစ်ခုလိုယုံကြည်တယ်
ဒီလိုနဲ့တို့တွေဟာသက္ကရာဇ်တွေကိုခခခခခုန်ပျံကျော်လွှား
ခေတ်အဆက်ဆက်ကဖေးတွေဟာမြို့ပြရဲ့ရဲတိုက်တွေဖြစ်ခဲ့ကြ
                 ကေဖးအီလီနာလား
ကဖေးဒီအာမေးချား....ရိုတွန်...ဟတ်ဒ်ရော့ခ်  လား
လာပါကွာတို့ထိုင်ရမယ့်ကဖေးကခုဆိုပါရီမှာလဲရှိ့ချင်မှရှိမှာ
တို့ထိုင်ရမယ့်ကဖေးကခေတ်ရဲ့ပလက်ဖောင်းနဘေးမှာ
တို့ရဲ့ကဖေးကတို့အကြိုက်သီချင်းိိိိိိိိိိိိိိိိိိိိိိတွေနဲ့ဆွဲငင်လို့
သူ့ကိုယ်သူဟင်းလင်းဖွင့်ထားလိမ့်မယ်
                                                   ခိုင်သစ်
 
 
No comments:
Post a Comment