Pyay Poem
Pages
Home
ဆောင်းပါးများ
အက်ဆေးများ
ပြည်မြို့နယ်စာရေးဆရာသမဂ္ဂ
Pyay Poem Page
Tuesday, June 18, 2013
အမြင်မှန်ရသွားတဲ့ယုန်လေးတစ်ကောင်
အမြင်မှန်ရသွားတဲ့ယုန်လေးတစ်ကောင်
by Koko Zinzaw (Notes) on Wednesday, May 8, 2013 at 10:32pm
အိပ်မက်တွေကို အဆုံးထိလွှတ်တင်မိခဲ့တော့
နိုးထချင်တဲ့အချိန်ကျမှ
ပြန်ရုပ်သိမ်းခွင့်မရနိုင်ခဲ့သူပါ။
ရစ်ဘီးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း
တိမ်တွေကြားမှာ တစ်၀ဲ၀ဲလည်နေခဲ့ရသူဟာ
ငါကိုယ်တိုင်ပါ။
မျက်လုံးလေးတစ်ချက် ဖွင့်လိုက်တိုင်း
နားလေးတစ်ချက် စွင့်လိုက်တိုင်း
ဘယ်အချိန် မိုးပြိုကျမလဲလို့
တွေးကြောက်နေခဲ့ရသူပါ။
ဟာပီးဇ်တွေ ပျံနေတဲ့ ကာလကြီးမှာမှ
ခြေချခွင့်ရခဲ့သူဆိုတော့
အရာရာကို ဒဏ်ရာတွေအပြည့်နဲ့
ရင််ဆိုင်ခဲ့ရသူပါ။
နေရတဲ့ဘ၀နဲ့ သြားရမဲ့ခရီးက
တစ်နေ့တော့ တစ်ထပ်တည်းကျနေကြမယ့်
သူတွေပါ။
ဦး၀င်းနိုင်ရဲ့ စကားနဲ့ဆိုရင်
အားလုံးကို စွန့်လွှတ်ရရင်တောင်မှ
ဆုံးရှုံးရခြင်းကို ငါပိုင်တယ် .....တဲ့။
ဒီတော့ကွာ
ကျိန်းသေပေါက် ရောက်ရမယ့်
ဒေသသစ် တစ္ခုဆီကို
နှာမစေးဘဲ သွားလိုက်ကြရအောင်။ ။
ဟန်ဇော်လတ်
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment