Tuesday, June 18, 2013

ညကောင်းကင်ရဲ့တေးသမား(သို့)နှင်းဆီဖြူရဲ့အေ၀းကလူအတွက်တမ်းချင်းတစ်ပုဒ်

ညကောင်းကင်ရဲ့တေးသမား(သို့)နှင်းဆီဖြူရဲ့အေ၀းကလူအတွက်တမ်းချင်းတစ်ပုဒ်
by Koko Zinzaw (Notes) on Saturday, February 2, 2013 at 10:24pm

ပြည်မြို့မှာမွေးဖွားတဲ့ အနုပညာသမားတစ်ယောက်က
ပြည်မြို့ကိုပြန်မွေးဖွားခဲ့တယ်။

ခင်၀မ်းဆိုတဲ့....
ကဗျာဆရာတစ်ယာက်
စာရေးဆရာတစ်ယောက်.
ပန်းချီဆရာတစ်ယောက်
အဆိုတော်တစ်ယောက်.
တေးရေးဆရာတစ်ယောက်
သူ့အနုပညာက သူ့အိပ်မက်တွေထက်တောင်များနေတဲ့သူ..
ဒီလိုလူကိုပိုင်ဆိုင်ခဲ့တဲ့မြို့မှာမွေးဖွားခံရတဲ့
ကျွန်တော်..
အရမး်ဂုဏ်ယူတယ်။

ဧရာ၀တီကိုလှလှပပစီးဆင်းစေတဲ့သူ
စိတ္တဇပန်းချီကိုမှော်ဆန်ဆန်ဖန်တီးခဲ့တဲ့သူ
ကောလိပ်နေ့ရက်တွေနဲ့ရွှေရောင်တောက်ခဲ့သူ
မမချစ်နဲ့ပျော်ရွှင်စေခဲ့သူ
ပြည်မှာဆောင်းကို အမြဲအမှတ်ရစေတဲ့သူ
ခင်ဗျား
သူစိမ်းတစ်ယောက်လို
နှုတ်ဆက်ခဲ့တာ (၁၃)နှစ်.
မေ့ပစ်လို့ရမတဲ့လား။

ဟောဒီမြို့တည်နေသမျှ.
ခင်ဗျားချခဲ့တဲ့မျိုးစေ့ကို..
ကျွန်တော်တို့ရေလောင်းမယ်..
အနုပညာအသီးအပွင့်တွေ
ခင်ဗျားပွင့်စေချင်သလောက်ပွင့်ရမယ်။

ခင်ဗျားဖောက်ခဲ့တဲ့လမ်းကို
ကျွန်တော်တို့လျှောက်ရင်း
ခင်ဗျားပေးခဲ့တဲ့အရိပ်ကို
ကျွန်တော်တို့ခိုရင်း
ခင်ဗျားရဲ့မြို့.....
ကျွန်တော်တို့ရဲ့မြို့..............ကို
အနုပညာအစွမ်းနဲ့ ပွင့်လန်းစေရမယ်။ ။

                                                     ဟန််ဇော်လတ်

No comments: