Tuesday, March 19, 2013

Valentine ညမှာကြွေတဲ့ ကြယ်




Valentine ညမှာကြွေတဲ့ ကြယ်



နင့်..ရင်ကအချစ်နဲ့
ငါ့မှာ...အချစ်နှစ်သစ်မကူးခဲ့ရပါဘူး
နင့်..ရင်ခွင်ဟင်းလင်းပြင်ထဲမှာ
ငါ..အလဲလဲအကွဲကွဲနဲ့
ငါ တစ်ယောက်တည်း..
valentine ညမှာ
စမ်းတ၀ါးဝါး ကျရှုံးခဲ့ရသူပါ............

နင့်..ရင်ကနှင်လို့မနေ
ခြွေ လို့ ကြွေခဲ့ရပေမယ့်
နင့် ရဲ့ အချစ်ကမ္ဘာထဲမှာ
ရနံ့ မပြယ်ပဲ နင်ရှင်သန်ဖို့ အရေး
ငါတစ်ယောက်တည်း
valentine ညမှာ
ပျံ့လွင့် နေခဲ့ရသူပါ......

ချစ်စိတ်လေး တခုကိုအခြေခံ
အမှန်အကန် တောင့်တစိတ်ကရည်သန်ရင်း                              
သက်ပြင်းမောတွေ အခါခါချ့
ဒီကမ္ဘာရဲ့ စုံတွဲည မှာ
နင် နဲ့ အတူတောက်ပခွင့်မရခဲ့လေတော့
နင်ဖန်ဆင်းတဲ့ ကောင်းကင်ပြင်မှာ
 ကြွေကျ...ကဲ ဒီလိုဆိုတော့...
valentine ညမှာကြွေတဲ့ကြယ်ဟာ
ငါပဲပေါ့.........
       
             စစ်သွေးညို          




No comments: