Tuesday, March 19, 2013

ခင်မင်မှု့ နဲ့ ငါ့ ကဗျာ

ခင်မင်မှု့ နဲ့ ငါ့ ကဗျာ



တဖက်သတ်နဲ့ ရက်ရက်စက်စက်
ပြတ်သားရဲတဲ့သူ....
အပွဲပွဲနွှဲခဲ့တဲ့ ငါ့.ရဲ့ရိုးသားမှု
မင်းနဲ့တွေမှအလဲလဲအကွဲကွဲ
ခင်မင်မှု့ ကို ဆာလောင်လွန်းလို့
ကောင်းကင်ကို မော့မော့ကြည့်နေရတာ
ဘယ်အချိန်ကြွေကျလာမလဲလို့ပေါ့......
ထောင်တန်တဲ့ မင်းမာနတွေအတွက်
ငါ့...ရဲ့ခင်မင်မှု့ကို ရာဂဏန်းလောက်ထင်ရင်တောင်
ငါ့..ခံစားချက်က ဖွဲ ဆန်ကွဲမဆန်ပါဘူး
အူတူတူမီးခိုးတွေကြား ကျပ်ခိုးတက်ခဲ့တဲ့
မျှော်လင့်ချက်ပန်းတပွင့်
မြုပ်ချည်ပေါ်ချည်နဲ့
ငါ့.ဘ၀နေ့စွဲတွေက ပိုးလိုးပက်လက်
သေဆုံးခဲ့ပြီ...
ရှိပါစေတော့...ငါ့..ခံစားချက်နဲ့ ငါ့အထာက                           
မင်းအတွက် အပုပ်အသိုးမဟုတ်ခဲ့တာ..
ဒါဟာ...
ခင်မင်လို လို့ ပြိုဆင်းခဲ့ရတဲ့...
ငါ့..ကဗျာ.....

စစ်သွေးညို
                               

No comments: