ခံစားမှု့ပြကွက် အပိုင်းအစများ -၁
အိမ်မက်ထက်ပိုင်းကျိုး စိတ်ကူးဒဏ်ရာ
အလွမ်းဒဏ်ရာ အက်ကြောင်းနက်နက်ရဲ့
ကြေကွဲမှု့က အမှတ်တရ အတိုအထွာ
ငေး...ဆွေး...ကျန် ထွေရာလေးပါးနဲ့
နှလုံးခုန်နှုန်း ဆန်းပြားမှု့ဇာတ်ကွက်က
စိတ်ခံစားမှု့ရဲ့ အနှေးပြကွက်.....။
 အရောင်ခပ်ရင့်ရင့်မိုးကောင်းကင်ရဲ့
နှလုံးသားတိမ်တိုက်အလွှာကြား
အဖော်မဲ့ ထစ်ငေါ့ခြင်း နဲ့အတူ 
ရယ်မောခြင်းက ဆွံ့အ
မျက်ရည်မဲ့ ဖဲ့ခြွေမှု့မှာ 
ခိုကိုးဂုဏ်မှောက်ရင်း လွမ်းမော
နှမျောတသသ အာရုံလှိုင်းအလျားမှာ... 
လွင့်မျော...လွင့်မျော....လွင့်မျော...လွင့်မျော.......။
လွင့်မျောရင်းက ခံစားမှု့အတွက် 
သက္ကရာဇ်ဖြိုဖျက်ခြင်းမှာ
လေးနက်စွာ နာကြားခဲ့သမျှချစ်ခြင်းတွေ 
ချန်လှပ်ထားခဲ့........။
သွယ်၀ိုက်မှောက်မှားနေတဲ့ ဘ၀က 
ကံကြမ္မာရဲ့မာယာ
ကံကြမ္မာရဲ့ရယ်မောခြင်းတွေထဲ 
အလွမ်းတွေနဲ့စကားပြောဖြစ်ရာက
လွမ်းမောမှု့တွေနဲ့ ချစ်ခြင်းရဲ့ကျရှုံးသံမှာ...
ငါ..အလွမ်းမျက်ရည်နဲ့ရေချိုးပြန်ခဲ့တယ်.....။
   စစ်သွေးညို (၁၈၊၁၊၂၀၁၃)3:35 PM
 
 
No comments:
Post a Comment