ဘောင်းဘီချွတ်တွေ ပုဆိုးမ၀တ်တတ််သေး သရွေ့
တံတိုင်းတွေကာရံထားတဲ့လွတ်လပ်ခြင်းတွေမှာ
ငြိမ်းချမ်းမှု့ အတွက် မကြောက်တရားတွေက အတောင်ဖြန့်ကျက်ခွင့်မရှိဘူးဆိုတော့
သတ်ပုံမမှန်ပဲဆုံးသွားတဲ့ ဝါကျတစ်ကြောင်းရဲ့စိတ်အေးချမ်းမှု့က
ဒီ..လွတ်လပ်မှု့တွေထဲဘယ်လည်ပတ်နိုင်တော့မှာလဲ
လွတ်လပ်စွာကူးခတ်ခွင့် ဆိုတာဘယ်မှာလဲ?????
သားကောင်ချနင်းရင်း တောမီးတွေလောင်ပစ်လိုက်တဲ့ခေတ်မှာပေါ့
လူ..နဲ့...လူကြားကညီမျှခြင်းတွေက ပုဒ္မ(..။..)ဖြစ်ဖြစ်သွားခဲ့ရ
အတ္တကို အတ္တ နဲ့ပုတ်ချနေတတ်တဲ့ လက်နည်းစုတွေပေါ်မှာ
လောဘက သံယောင်လိုက်နေကြတော့
ဒုက္ခ ကို ဒုက္ခတွေနဲ့ထွေးကျစ်စွာပိုက်ရင်း
မျက်ရည်နဲ့သွေး ချခင်းတဲ့လမ်းမှာ
သိမ်ငယ်မှု့ နဲ့ ကြောက်ရွံ့မှု့တွေက တစ်သားတည်းဖြစ်ခဲ့ရတယ်...။
ပြဌာန်း မှု့တွေက မတရားခြင်းတွေထဲမှာ အနည်ကျ
ခေတ်စံနစ် မီးခိုးခေါင်းတိုင်ထဲမှာ ဘ၀အပိုင်းပိုင်းတွေက
နိမ့်ရာမှာသာ ၀ပ်တတ်တဲ့ချိုးနှိမ်မှု့တွေနဲ့ မလွမပ
လှိုက်စားခံရတဲ့ရင်ခွင်မဲ့အရသာက ချိုချင်ချို..ခါးချင်ခါး.....
ဘောင်းဘီ၀တ် ပါးကြက္သား.... မုသား ခါးမှာလိပ်လိပ်ထားခဲ့ကြ.....။
အတ္တတစ်ဖက် လောဘဖက်တဲ့ရယ်မောခြင်းတွေထဲမှာ ကြောက်ရွံ့ခြင်းတွေ ကိုယ်ထင်ပြခဲ့ကြ..။
နာကြည်းချက်နဲ့ချိုးဆစ်ခဲ့တဲ့ အမွန္တရား အမှားမှားတွေနဲ့သံတိုင်တွေ ခြားပစ်ခဲ့ကြတယ်ဆိုတော့
ခံတွင်းမပျက်သေးတဲ့ဘောင်းဘီချွတ်တွေ ပုဆိုးမ၀တ်တတ်သေးသရွေ့တော့
မလှပတဲ့ဘ၀တွေထဲမှာ ဒုက္ခက နေသားကျနေအုံးမယ်....။
                                                   စစ်သွေးညို (၆၊၂၊၂၀၁၃)1:57 AM
 
 
No comments:
Post a Comment