ဖျောင်းဖျမရတော့ စိတ်လေတယ်
 ကောင်မလေးရေ.........
မင်းရဲ့ တစ်ဖက်သတ်အချစ်ရာဇ၀င်မှာ
 အလွမ်းရဲ့ခံစားချက်ကို
မျက်ရည်ပြင်မှာချချခွဲရင်း...
မင်းရဲ့ ခံယူချက်တွေက
''မဆွတ်ခင်က ညွတ်ချင်ချင်"
"မခေါ်ခင်က တော်ထူးချင်"နေတော့
မျှော်မျှော်နေရတဲ့ နင့်အသဲနှလုံးက
 "ထုလေမာလေ ငါးဖယ်တေ"ပါပဲလား.....။
နင့် အချစ်တွေကြောင့် ပူဆွေးနေရတဲ့ ဒုက္ခက
"ဘတစ်ပြန် ကျားတစ်ပြန်"ဆိုတော့ နင့်ဘ၀က
"မီးခဲ ပြာဖုံး"ဖြစ်နေတာပေါ့....
အခု..အလွမ်းအဆွေးဆိုတာတွေကို
"မချစ်ပေမယ့် အောင့်ကာနမ်း"နေရပြီမဟုတ်လား....။
နင်က "မင်းလောင်းမှန် ရထားဆိုက်"
''နဖူးစာ ရွာလည်" လာမယ်လို့ နင်ထင်နေတော့လည်း
နင်ထင်မြင်ချက်နဲ့တင်"နေမြင့်လေ အရူးရင့်လေ"ပါပဲ..
"လမ်းဆုံးရင်ရွာတွေ့"မယ်ဆိုပြီး "လှေနံ ဓါးထစ်"
စိတ်မှာစွဲနေအောင်မှတ်ထားသလား......။
သြော်..စွဲလန်းတတ်တဲ့စိတ်က
 ''အထိန်းမရှိတဲ့ ချည်ခင်"ပါလား...
"ရေစီးတစ်ခါ ရေသာတစ်လှည့်"ဆိုတဲ့
နင့်ရဲ့ ဆင်ခြေဆင်လက်က
နင်ထမ်းပိုးထားတဲ့ ၀န်တွေအတွက်
"မီးလောင်ရာ လေပင့်"ဆိုတာ မသိခဲ့ဘူးလား..။                                  
ငါ ဆိုတဲ့ ကောင်ကလည်း...
"မရောင်ရာ ဆီလူး" ဖြစ်နေတာကို
 "မျက်နှာလွှဲ ခဲပစ်"မလုပ်နိုင်တော့..
"အိုးကမပူ စလောင်းကပူ""ခြေမကိုင်မိ လက်မကိုင်မိ"နဲ့
"နားကန်း တ၇ားဟော"နေရတာပေါ့....။
နင့်ရဲ့ တဖက်သတ်အချစ်တွေက..
"နွားသိုးကြိုးပြတ်"ဖြစ်နေပေမယ့်...
တစုံတစ်ယောက်သောသူက..
"ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မအောင့်မေ့"ဘူးဆိုတာ
နင်မသိခဲ့တာလား....။
နောက်ဆုံးတော့..
နင့်အချစ်တွေက "မျောက်သစ်ကိုင်း လြတ္သလို"ဖြစ်နေတော့လည်း
"မိချောင်းမင်း ရေခင်းပြ" "ဘုန်းကြီးစာချ"လုပ်နေရသလိုဖြစ်နေတဲ့
ငါက.......ကျွဲအပါးစောင်းသွားတီးသလို
"ကဲျွပါးစောင်းတီး"ဖြစ်ရပြီပေါ့ကွာ.......။
စစ်သွေးညို
 
 
No comments:
Post a Comment