အလွမ်းတွေပတ်ခြုံထားတဲ့ ဆုတောင်း
မျက်၀န်းအိမ်က မြိုသိမ့်ခြင်းတွေ
အလွမ်းတွေနဲ့ မြစ်တွေလိုစီးဆင်းရကောင်းနိုးနိုး
တစ်ရစ်ပြီးတစ်ရစ် နွယ်နွယ်လာတဲ့
သံယောဇဉ်ချည်စ တစ်မျှင် အနာခံဖြတ်ပစ်ရကောင်းနိုးနိုး
တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်တော့တဲ့ ေ၀ဒနာနဲ့
ကြေကွဲ ရာက အလွမ်းတွေပတ်ထားတဲ့ ဘ၀ကို
ငိုင်ငို်င်တွေတွေလေးတွေးတွေးကြည့်ခဲ့ရ .......။
ဇာတ်သိမ်းကစတည် တဲ့ ဇာတ်အိမ်
တစ်နေ့ ကြေကွဲရမယ်မှန်းသိခဲ့...
သံယောဇဉ် နက်နက်ကိုသိသိနဲ့
အတိမ် အနက် စမ်းမိတဲ့လက်တွေ
ကြေကွဲခြင်းတွေကို တစ်ရုပ်ပြီးတစ်ရုပ် ထုဆစ်ခဲ့..
သူမ မသိခဲ့.....
မိမွေးဖမွေးအတိုင်း မဖြစ်တော့တဲ့ အသဲ
ခပ်ယဲ့ယဲ့ ပဲဆိုတာ......။
တခါတခါက်......
ထိန်းသိမ်းမရတဲ့ မြိုသိမ့်ခြင်းတွေ
အလွမ်းမြို့ပြတစ်ခုမှာ အလွမ်းငတ်ခံ ဆန္ဒပြ
ရပ်တန့်မရတဲ့ စိတ်ရဲ့အော်ညည်းသံတွေက
ရင် ရဲ့ တစ်နေရာမှာတော့ အမှတ်တရဖြစ်ခဲ့ရ
ရေရေရာရာမရှိသေးတဲ့ ပတ်သတ်မှု့တွေကလည်း
ငါရေးဆွဲမိနေတဲ့ ပွဲစဉ်ဇယားမှာ နေသားမကျတကျဆိုတော့
ကဲ..ဒီပွဲစဉ်တွေမှာ
ငါ..ဘယ္လိုမ်ားဆက္ကစားရမလဲ.....။
ငါ့ .ရဲ့ နာကျင်မှု့တွေ
ချရောင်းပစ်မယ်ကြံ
ဈေးကွက်မဲ့.....
အရောင်းထိုင်း.....
စုတ်တစ်ချက်သပ်ခဲ့...........ငါ ကိုယ် ငါ သနားလို့....
တောက်တစ်ချက်ခေါက်ခဲ့...ငါ့ ကိုယ် ငါ အားမရလို့....
နောက်ဆုံး..
မြိုသိမ့်မှုက ချိုးဆစ်လာတဲ့ နာကျင်ခြင်းတွေနဲ့
အလွမ်းတွေကိုပူဇော်ရင်း..........ဆုတောင်းခဲ့
.....................နောင်တစ်ဘ၀ ဒီလိုမနာကျင်ရပါလိုဧ။်.............။
                                                               စစ်သွေးညို
 
 
No comments:
Post a Comment