Tuesday, March 19, 2013

ပြောင်းလဲသင့်ချိန် ရောက်ပြီ

ပြောင်းလဲသင့်ချိန် ရောက်ပြီ



အဲဒီအချိန်က....
နေညိုချိန်ကစလို့...
မှောင်မိုက်ခဲ့ရတဲ့ အချိန်ကာလတွေမှာ
မနှစ်မြိုတဲ့ ခံစားချက်နဲ့.
နောက်ကျောပေး ပြေးနေခဲ့ရတာဟာ
လွတ်လပ်မှု့ဆိုတာ ၀ိုးတိုးဝါးတားနဲ့မို့ပေါ့......။

အဲဒီအချိန်က......
နာကျည်းချက်ကိုယ်စီကလည်း
ခေတ်စံနစ် ရဲ့ အုပ်ဆောင်းထဲမှာဆိုတော့
စစ်မှန်တဲ့ ခံစားချက် အပိုင်းအစတွေကို
နားစြန္နားဖ်ားသာ ကြားကြားနေခဲ့ရတယ်လေ.....။

အဲဒီအချိန်က.....
ကိုးကွယ်နေတဲ့ အမှန်တရားတစွန်းတစ
အမွားဘက္ကို အယောင်ပြ
တိတ်တိတ်လေး ခြေချိတ်ထိုင်နေရင်းက
တိုးတိုးလေး ဆိုညည်းနေခဲ့တာ
 မျှော်လင့်ခြင်း သီချင်းသစ်ကိုပေါ့........။

 အဲဒီအချိန်က.....
တုန်တုန်ချိနဲ့နေတဲ့ ခံပြင်းချက်တွေကနေ
ပုံရိပ်စစ်စစ်ထွက်မလာနိုင်ခဲ့တာ
 အမှားနောက်လိုက်လိုက်နေတဲ့ အမှန်တရားအပေါ်
 အကြောက်တရားရဲ့ ပုံရိပ်ထင်ဟပ်နေသေးလို့လေ........။

 အဲဒီအချိန်က.........
   မှားမှန်းသိတယ်..... အားပေးတယ်
             လက်ခုပ်သံညံလို့.
 မှားမှန်းသိတယ်...... ထောက်ခံတယ်
     လက်သီးလက်မောင်းတန်းလို့
 မှားမှန်းသိတယ်....... ခေါင်းညိတ်တယ်
        ကြောက်စိတ်ကလေးသီလို့ပေါ့.....။

ပြောင်းလဲချိန်ရောက်ခဲ့ပြီ.......
ရိုးရိုးလေးနဲ့ တဖြည်းဖြည်းပြောင်းလဲပစ်ရင်း.....
အမှောင်ကို အရိပ်ထင် တိုးလျှိုး၀င်တဲ့
စိုးကြောက်စိတ် အလင်းဆီသို့ ခိုသင့်ပြီ...
မှန်ကန်မှု့ကို ချောင်မှာသိပ်
ထွေးထွေးပွေ့ပွေ့ အမှားဖက်ခဲ့တဲ့လက်တွေ....
နေရာကလေးရွှေ့သင့်ပြီ...။

            စစ်သွေးညို

No comments: