အဖြူရောင် သတို့သမီး
ကံကြမ္မာ အလှည့်
ဆုံလာခဲ့တဲ့ အဖြူရောင်သူတို့သမီး က
ငါ့..ဘ၀အတွက်...အကြောင်းမဲ့သက်သက်တော့မဟုတ်ခဲ့..
သူမအလှအပ သဘာဝကျနေခဲ့တာ
မြင်ရုံမျှနဲ့တောင် ငါ..ကန်းခဲ့ပါရဲ့..
ငါ့..စိတ်ရဲ့ နံဘေးဝင်ဝင်ထိုင်လို့ သရော်သွားခဲ့တဲ့
ကိုယ်သင်းရနံ့ စက်ကလေးတွေက ငါ့ စိတ်အလျင်မှာ ဟိုတစ်စ ဒီတစ်စ
သူမအလှတွေက နတ်သူဇာ ကများကနေသလား ထင်မှတ်မှား
ငါ့..နှလုံးသားရဲ့ထွက်ချက်က သူချန်ရစ်တဲ့ခြေလှမ်းတိုင်းမှာ
ကပိုကရိုလေးနဲ့ သာသာကလေး လွမ်းရင်း
တိတ်တိတ်လေး အိမ်မက်စိတ်ကူးနဲ့ ခိုးခိုးနမ်းခဲ့တာ
ပူဆွေးမှုတွေ့ကျန်ရစ်တဲ့လမ်းမှာပေါ့........
မဖြစ်နိုင်မှန်း ငါ့..စိတ်အာရုံနွမ်းနွမ်းကအသိ
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ခံပြီး
နှလုံးသားကတောင်းတောင်းနေတော့လည်း
လမင်းကြီးကိုငေးပြီး ဦးညွတ်နေရတာပဲပေါ့......
လွမ်း..လွမ်းစမ်း
မရေးဖြစ်တဲ့ ကဗျာနဲ့
နှလုံးသားအခန်းတွေဆီမှာ စာပိုဒ်ကလေးတွေခြမ်းရင်း
တောင့်တမှု့တွေ ရင်မှာပက်ကြားအက်လာတဲ့အထိကို
ငါ..တမင်တကာကိုလွမ်းပစ်ခဲ့တာ
ငါ့..ဦးနှောက်ရဲ့ တည်ငြိမ်ရင့်ကျက်မှု့ကလည်းတစ်ခါတစ်ခါ
နားပူနားဆာနဲ့ သူငယ်တွေကပြန်
အဖြူရောင် သတို့သမီး စံ ကလည်း
ငါ့.ရင်ခွင်.ရင်ပြင်အထက် အရှင်းကလေးကျန်လို့
ငါ့..ခံစားချက်ဒဏ် နက်သထက်နက်နေတာ
သူမဆိုသော အဖြူရောင် သတို့သမီးကြောင့်ပေါ့...........
စစ်သွေးညို (၂၂.၁၀.၂၀၁၂)
 
 
No comments:
Post a Comment