Wednesday, July 17, 2013

ခံစားမှု့ပြကွက် အပိုင်းအစများ (၂)



 


တည်ငြိမ်မှု့ ကသောင်းကနင်း
အရုပ်ကျိုးပြတ် ခံစားမှု့အ၇င်းအမြစ်
နှောင်တွယ်ရာက ကကွက်မဲ့စည်းချက်
ငွေ့ရည်မဲ့ အိမ်မက်ချိုက သက္ကရာဇ်အလိုကို
အငိုတစ်၀က် အရယ်(ရီ)တစ်၀က်နဲ့ကြိုရင်း
နေ၀င်ဖို့ ၀န်မလေးတဲ့ ညနေခင်းမှာ
ရင်ခုန်သံပျောက်ဆုံးခန်းဆိုက်.....။

ဇာတ်ခွင်အစုံ ကုန်အောင်ချခင်းပြတဲ့မာနက
အချစ် အခမ်းအနားရဲ့ အပွန်းအပဲ့
ရင့်ကျက်ကျက် အလွမ်းသံစဉ်ရိုင်းရိုင်းက
စိတ်မှောက်မှားရာ အနာတရ ပင်လယ်ဆိုတော့
သောကနဲ့အတူရိုက်ခတ်လာတဲ့လှိုင်းက
သံယောဇဉ် ကမ်််းကိုလွှမ်းမယ့်ကိန်းဆိုက်....။

စိတ္ကူးကို ထုတ္ပိုး
အိမ်မက်တနင့်တပိုးနဲ့ရှင်သန်ချင်ပေမယ့်
သိ်မ်ဖျင်းဖျင်းရက်စွဲတွေထဲမှာ
ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင်ချရောင်းပစ်ခဲ့ရ
ကယောင်ကတမ်း ကြဲပက်ခြင်းခံခဲ့ရတဲ့ အလွမ်းခန်းမှာ
သံယောဇဉ်မျက်နှာတစ်ခြမ်းနဲ့ ဖြတ်သန်းပစ်ခဲ့ရ
တစ်ချိန်က ခပ်ကင်းကင်းငုံထားရတဲ့ ရွေးချယ်မှု့က
နောက်ဆုံး..နောင်တ အက်ကြောင်းဟဟမှာ ဆက်နွယ်မိခဲ့တော့
ထင်ဟပ်လာတဲ့ ခံစားမှု့ပြကွက်က အပိုင်းပိုင်းအစစဖြစ်ကိန်းဆိုက်ခဲ့ရပေါ့.....။

                                  စစ်သွေးညို(၁၊၂၊၂၀၁၃)6:54 PM



No comments: