Wednesday, July 17, 2013

အဆိပ်ခတ်ခံလိုက်ရတဲ့...ကဗျာ


တရားလက်လွတ်ချည်နှောင်မှု့တွေမှာပေါ့
ကိုယ်တိုင်ချည်ခဲ့မိတဲ့ သံယောဇဉ်ကြိုး ရှည်လွန်းပါတယ်လေ..လို့
သည်လို ရေရွတ်မိလိုက်တယ်ဆိုရင်ပဲ..
ခံစားချက်က ရင်ဘတ်ပေါ်ကျကွဲသွားတယ်.......
စက္ကန့် ကေန မိနစ် ....မိနစ် ကေန နာရီ
တရွေ့ရွေ့ ပြတ်ရွေ့ချိန် အနမ်းက ပြာ အလွမ်းကရင့်ရင့်
ဘ၀ရဲ့ ၇ယ်မောခြင်းတွေက နာကျင်မှု့ခြေရင်းမှာသက်ဆင်းရင်း
အရိပ်မဲ့၀ပ်ကျင်းထဲက တိုးလျှိုး၀င်ရောက်လာတဲ့ ကဗ်ာတစ္ပုဒ္က
ဘ၀တစ်ခုလုံးနီးပါး ရွတ်ဖတ်သွားခဲ့တယ်.....။

အတွေးတို့ဂုဏ်မောက်ခဲ့ရာ စိတ်ကူးနဲ့
ကတိတွေ ဟစ်ကြွေးခဲ့ရာ သစ္စာတရားတိုင်းက
သက်ရောက်ဆဲ ဆက်နွယ်မှု့တခုရဲ့ စီရင်ချက်မှာ
အျပစ္ဆိုတာ တကယ်မကင်းဘူးဆိုပြန်တော့
ဘ၀ကို ကောင်းကင်ပြာရဲ့့ ့တလင်းမှာပဲအဆုံးသတ်ခဲ့ရ......။
ခံစားချက်ပုပ်သိုးလုလုပါပဲ..
တစ်ဖက်သတ်ထိုးနှက်ချက်တွေနဲ့ပေါ့..
ပတ်၀န်းကျင်ကပေးတဲ့ ချိုးနှိမ်ကာဆီးမှု့နဲ့
သမိုင်းမသိ ရာဇ၀င်မသိခဲ့တဲ့တားဆီးမှု့တွေအောက်မှာ
အတန်ကြာကြာဖြန့်ခင်းမိတဲ့ ပိတ်ဖြူတစ်ချပ်ကို
ညစ်ထေးညှိုးနွမ်းစေခဲ့ကြ.........
ဆေးစက်ချရာ အက်ကြောင်းတွေရေးခြစ်ခဲ့ကြ..........
သံယောဇဉ် အပြိုင်းပြိုင်းထနေတဲ့ ခင်တွယ်မိရာဘ၀တစ်ခုကို
အညို အမဲစွဲတဲ့အထိ ၀ိုင်းနမိတ်ဖတ်လိုက်ကြတော့
နောက်ဆုံး..
မဆီမဆိုင်...
ကဗျာရဲ့ ရွတ်ဖတ်ခြင်းခံနေရတဲ့ ဘ၀က နာကြည်းချက်တွေန့ဲ
ကဗ်ာကို တန်ပြန် အဆိပ်ခတ် အဆုံးသတ်ပစ်လိုက်တယ်................။

                               စစ်သွေးညို (၁၁၊၃၊၂၀၁၃)20:40


No comments: