ဒီနေ့ရက်မှာဗျာ...
တမ်းတနေခဲ့မိသူဟာ...
တိမ်ကောခမ်းခြောက်သွားမယ့် မြစ်တစိမြစ်လို
အမှောင်၀င်အလင်းမှေးမိန်တတ်တဲ့ ညတစ်ညလို
ရောင်နီလာလို့ ပျောက်ရှတတ်တဲ့နှင်းစက်နှင်းပျောက်လို လူမျိုးမဟုတ်ခဲ့ပါဘူး..
လောကရဲ့အလှတရားကို နူးညံ့မှု့တွေပေါ်မှာ အလင်္ကာဖွဲ့နွဲ့သူ
ရင်ကိုငြိမ်းအေးမယ့် တေးသွား မေတ္တာတရားနဲ့ အလင်းဖွဲ့ပေးခဲ့သူ.ဆိုတော့
ခင်များတို့ နှလုံးသားထက်မှာ သူ့စာအလင်္ကာတွေရှိနေမယ်
ခင်များတို့ မျက်၀န်းတွေဆီမှာ သူ့အငွေ့အသက်တွေ စီးဆင်းနေလိမ့်မယ်..
ပျူဂနွ၀င်မြို့လေးရဲ့ ကောင်းကင်သက္ကရာဇ်ဆီမှာ တို့ရဲ့အနုပညာရင်အစုံကို
သူရဲ့မဟာဆန်တဲ့အငွေ့အသက်တို့နဲ့အတူ ရောချိတ်ထားကြမယ်
ကောင်းကင်ယံက သူ့အရိပ်ပဲ့တင်သံမှာ အနုပညာအရောင်လက်စေမယ့်
မနက်ဖြန်ပေါင်းများစွာရှိနေလို့ပေါ့..
အောက်မေ့ လွမ်းဆွတ်မိတယ်ဗျာ
ဂုဏ်ယူ တစ်လှည့် ၀မ်းနည်းတစ်လှည့်
သူ့..အနုသုခုမ လေးညှို့သံရှိရာ ရပ်၀န်းမှာ
ဆောင်းကိုစိမ့်စေမယ့်ဆောင်းတေးတစ်ပုဒ် ဆိုညည်းရင်း
သူ.....သူ.....သူ...သူချင်းတွေထပ်နေအောင် တမ်းတလိုက်ရင်း
သူ တစ်ဖြစ်လည်း ခင်၀မ်း
ခင်၀မ်း တစ်ဖြစ်လည်း ဆရာခင်၀မ်းရဲ့
အလွမ်း(၁၃)နှစ်တာသက်တမ်းမှာ
အနုပညာ အလင်္ကာပန်းကလေးကမ်းလို့
ဆက်လွမ်းကြမယ်....
စစ်သွေးညို (၃၊၂၊၂၀၁၃)
No comments:
Post a Comment