Tuesday, March 19, 2013

ရင်ခွင်မဲ့ အရုပ်ကလေးတစ်ရုပ်ရဲ့စကားသံ

ရင်ခွင်မဲ့ အရုပ်ကလေးတစ်ရုပ်ရဲ့စကားသံ



သခင့်ရဲ့မာနတွေနဲ့သခင့်ရဲ့ငြင်းဆိုမှု့တွေက
အရုပ်ကလေးတစ်ရုပ်ကို ရင်ခွင်မဲ့စေသတဲ့လား..

အရုပ်ကလေးရဲ့ မျက်၀န်းတွေရီေ၀နေတယ်..
အရုပ်ကလေးရဲ့ နှလုံးသားအသက်၀င်လာတယ်..
အရုပ်ကလေးက စကားပြောလာတယ်....

သခင့်ရဲ့လက်ပေါ်မှာပဲ အရုပ်ကလေး အရာမြောက်ချင်တယ်တဲ့......
သခင့်ရဲ့လက်ပေါ်မှာ အရုပ်ကလေးရဲ့ဘ၀ကိုကုန်ဆုံးချင်တယ်တဲ့.....
သခင့်ရဲ့လက်ပေါ်မှာ အရုပ်ကလေး မှေးစက်ချင်တယ်တဲ့......
သခင့်ရဲ့ ရင်ခွင်ဟာ အရုပ်ကလေးရဲ့ပင်လယ်..
သခင့်ရဲ့ အထွေးအပွေ့က အရုပ်ကလေးရဲ့ မနက်ခင်း..တဲ့...။

ဒီမယ်..
အရုပ်ကလေးရဲ့..သခင်
ကျုပ်..အရုပ်ကလေးရဲ့ ကိုယ်စားပြောမယ်
ခင်များ..ခင်များမာနတရားနဲ့ ခင်များ စုံလုံးကန်းနေတယ်
အရုပ်ကလေးအတွက် ခင်များမှာနွေးထွေးမှု့ရှိချင်မှရှိလိမ့်မယ်
အရုပ်ကလေးအတွက် မေတ္တာတရားတွေ ရှိချင်မှရှိလိမ့်မယ်..
ဒါပေမယ့်....
အရုပ်ကလေးကလေ..
သူ့စိတ်ကူးနဲ့ အိမ်မက်သစ္စာတရားအတိုင်း
သခင့်ရဲ့ တလွဲတွေကို အရည်ပျော်စေချင်နေတယ်
သခင်ကမ်းမယ့်လက်တွေကိုမျှော်နေတယ်
သခင့်အရိပ်တွေမှာ အရုပ်ကလေးရဲ့
ဘ၀သေးသေးလေးက နေရာရချင်နေသတဲ့.......။

  (အရုပ်ကလေးရဲ့ခံစားချက်ကို ဘောင်ကျဉ်းကျဉ်းလေးထဲမှာ အဆီအငေါ်မတည့် 
              ဖော်ပြမိတာ အရုပ်ကလေးနားလည်နိုင်ပါစေ)

                         စစ်သွေးညို(၁၀၊၂၊၂၀၁၃)11:16PM






No comments: