Wednesday, July 17, 2013

ဆားရည်စိမ် ဗီလိန်


အရိုး ဆိုတာမကျန်ရအောင်
ဝါးဝါးသွားတဲ့လောကကြီးမှာ
ထင်မြင်ချက်နဲ့တင်
ဗီလိန် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့...ငါ
အတ္တတွေကို ပြောင်းပြန်လှန်
ကိုယ့်ရယ်မောသံကို ဘ၀နံရံမွာ
ဇောက်ထိုးကလေးဆွဲဆွဲချိတ်ရင်း
ဒေါသနဲ့ မာန္မာနကို
သည်းခံမှု့တွေချခင်းထားတဲ့ ကြမ်းပြင်မှာ
ခပ်ကြမ်းကြမ်းလေးပစ်ပေါက်ခွဲပစ်တယ်  
ဆောင်းတစ်ညအတွက် အမှတ်တရအဖြစ်....။
 
လိမ်ကွေ့ရင်း ငြမ်းဆင်သတဲ့
အမွား အမှန်မမြင်တဲ့
ခေတ်သစ်ဆိုလွယ်တေးတစ်ပုဒ်ရဲ့အာနိသင်ကိုမှ  
နားသောတဆင်နေရတဲ့..ငါ
ပါးစပ်တစ်ပေါက် အနိမ့်ဇာတ်စင်အောက်က
ပရိတ်သတ်တံတွေးတစ်ကွက်မှာ လူ့ငချဉ် အမုန်းသမား
လူကြမ်းမင်းသားဖြစ်ခဲ့ရ....
လူတကာချဉ်တဲ့ လူ့ ငချဉ်ဆိုတော့လည်း
မချဉ်စေလို့လို့ ဆားရည်လေးတော့စိမ်မိတယ်
နောက်ဆုံးတော့လည်း...
ငါကဆားရည်စိမ်ထားတဲ့
ဗီလိန်ပါပဲလားကွာ.....။ 

စစ်သွေးညို(၁၅၊၁၂၊၂၀၁၂)၀၀း၄၄ နာရီ 

No comments: