အတ္တတွေအတွက် ဒုက္ခတွေနဲ့ညနက်သွားတဲ့ဘ၀
နှုတ်အခြွေ လေအပင့်
လွှင့်လွှင့်လာတဲ့စကားစ
ဘ၀ရဲ့တံခါး၀မှာ ချီးကျူးသလိုလို၊
ကဲ့ရဲ့ သလိုလိုဖြစ်နေတော့
လိုရာသွေးဆောင်တတ်တဲ့ စိတ်အလျဉ်မှာက
ယဉ်လိုက်ရ ...ရိုင်းလိုက်ရနဲ့
ဘ၀တစ်၀က်လောက်ကို အခါးတွေရောနှောရင်း
စိတ်ဖြေစရာ ဆေးတစ်ခွက်ဖျော်စပ်ခဲ့မိတယ်.....။
ရင့်ရော်နေတဲ့ အတ္တရပ်၀န်းမှာ
နားလည်မှု့တွေရွာသွန်းချိန်တန်တောင်
ဘာသာမဲ့ ငိုကြွေးခြင်းနဲ့ 
ဘ၀ အမူအရာစိမ့်ထက်မှု့တွေက
နေတစ်လှန်းစာသာသာလေး ပူအိုက်ခဲ့ရ
လျှပ်တပြတ် လက်ခမောင်းခတ်လာတဲ့
ဒုက္ခနဲ့  ...ဘ၀က
ခွန်းကြီးခွန်းငယ်စကားနဲ့
တဖောင်းဖောင်း တဖျောင်းဖျောင်း
လောကပြဇာတ်ခုံမှာ ဒုက္ခကလူကြမ်းဆိုပေမယ့်
ဘ၀က မင်းသားမဖြစ်ခဲ့......။
 စိတ်ပျက်....                                                                               
နှစ်သိမ့်မှု့ မသဲမကွဲ
မရိုးစင်းတဲ့အားပေးမှု့ဟာ
ဘ၀ ကို ဘ၀လို့ပီပီသသမရွတ်ဆိုစေခဲ့
မဆန်းပြားခဲ့တဲ့ သက္ကရာဇ်တိုင်းမှာ
လူတကာရဲ့ ခမ်းနားတဲ့အတ္တ သက်ရောက်မှု့တွေက
မူပိုင်သိက္ခာကိုတဖက်သတ် ငြီနံ့ထွက်စေတော့လည်း
ရိုးအအ ဘ၀ ကံအကြောင်းမလှသရွေ့ တော့ ......
မြိုသိမ့်ထားတဲ့ သောက နဲ့ ဒေါသကြားမှာ
ဘ၀က ညနက် နေအုံးမှာပေါ့.......။
 စစ်သွေးညို (၁၁၊၁၊၂၀၁၃)11:49 AM
 
 
No comments:
Post a Comment