တစ်ကွက်ချင်းကို ချိုးဆစ်လာတဲ့ 
ကကွက်တိုင်းက  တေးသွားရဲ့ဆန္ဒမှာ
စည်းချက်ကျကျက.....
ရင်တစုံရဲ့့အထွေးအပွေ့မှာ
ကာလာစုံခံစားချက်ရဲ့ပုတ်ခတ်မှု့က
ယဉ်ကျေးလာလိုက်....
ရိုင်းသွားလိုက်......
လိုရာပုံသွင်းခံဖို့ပဉ္စလက်ဆန်တဲ့
အရုပ်တစ်ရုပ်ရဲ့ပုံစံလိုလို
သူရင်မှာ လျှို့၀ှက်
သူ့ကကွက်တိုင်းရဲ့ သငေ်္ကတ ပုစာၦတိုင်းက
ဖြေဆိုနိုင်သူရဲ့လက်တွေမှာ
သံစဉ်ရဲ့ အနုပညာ ဂန္ဓ၀င်
မဟာဆန်တဲ့၀မ်းခေါင်းသံအဖြစ်
ငြိမ့်တစ်လှည့် ၊ညံတစ်လှည့် ....
ဒီလို..
သံစဉ် ရဲ့ကဗျာတေးသွားတစ်ပုဒ်က
သူပိုင်ဆိုင်ပေမယ့်
သူဖန်တီးတဲ့ ခံစားချက်တေးတစ်ပုဒ်မဟုတ်ခဲ့
စိတ်တစ်ခေါ်စာအတွက် သူ့အနုပညာက
ကြိုးခြောက်လွှာအထက်မှာ
တင်းလိုက် လျှော့လိုက်နဲ့
ဖန်ဆင်းသူရဲ့လက်မှာ သူဟာ....
ခြောက်ကြိုးတပ်ထားတဲ့..မာယာ...။
                        စစ်သွေးညို
 
 
No comments:
Post a Comment