စီရင်ချက်
သံစဉ်မဲ့ အလွမ်းသီချင်းတစ်ပုဒ်
ကာရန်မဲ့ စာသားတွေရဲ့ တချက်အငိုက်
လျှပ်တပြတ်တိုက်လာတဲ့ အသည်းကွဲလေပြေတခုက
ငါ့..ဘ၀ကို အချစ်တွေနဲ့ဝေးရာ
ယူဆောင်သွားပြီလား........
အက်ရှနေတဲ့ လွင်ပြင်ကျယ်
ရင်ခွင်အလယ်မှာ တိုးညှင်းစွာငြီးတွားတဲ့
အသဲကွဲ ငိုကြွေးသံတွေက
လိုက်ဖက်ညီနေတဲ့ ကိုယ်ရင်အစုံကို
ခြေစုံကန်ခဲ့ပြီလား..........
ဒါဆို..
အချစ်သံစဉ် ချိုမြနေတဲ့
အချစ် discoညတစ်ညမှာ
အပျော် ဆိုတာ ငါ့အတွက် ကမ္ဘာခြား
မင်းပေးမယ့် အမုန်း..အမုန်းဆိုတာကြီးက
ငါအတွက် ပြင်းရှတဲ့ စီရင်ချက်တစ်ခုပါပဲလား....
စစ်သွေးညို
No comments:
Post a Comment