ကြွေ
ချစ်သူရဲ့ အကြည့် တစ်ချက်
ရင်ခုန်လျှက် နဲ့ အသက်သေ
မျက်ဝန်းနက်နက်မက်မပြေ
ထပ်ခြွေရင်လေ
ငါ့..ရင်ကအချစ်တွေကြွေ.............
ချစ်သူရဲ့ သောတသံ
ပဲ့တင်ထပ်လို့ သောသောညံ
မင်းရဲ့ ထံပါးမင်းနှုတ်ဖျားက
အမုန်းစကားခြွေရင်လေ
ငါ့..ရင်ကအချစ်တွေကြွေ...........
ချစ်သူရဲ့ အလှမာန်
မှင်တက်ငေးလို့ အသဲကွဲခံ
အလွမ်းသောကဒဏ် ရင်မှာလှိုင်းထန်လို့
လှောင်ပြုံးလေး တစ်ချက်ခြွေရင်လေ
ငါ့..ရင်ကအချစ်တွေကြွေ......
စစ်သွေးညို
No comments:
Post a Comment